တောင်ကုန်းတောင်တန်းတွေ အလွန်ပေါများတဲ့ ကမ္ဘာ့နိုင်ငံ (၇) ခု

ပထဝီအနေအထားအရ တောင်ကုန်းတောင်တန်းပေါများလွန်းတာဟာ နိုင်ငံတစ်နိုင်ငံအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာအတော်လေးကို အခက်အခဲဖြစ်စေပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်ကနိုင်ငံတွေထဲမှာ တစ်နိုင်ငံလုံးနီးပါးတောင်တန်းနဲ့ကုန်းမြင့်တွေလွှမ်းခြုံထားပြီး မြေပြန့်ဒေသမရှိသလောက်နည်းပါးတဲ့ နိုင်ငံတွေကအများအပြားရှိနေပါတယ်။ အဲ့ဒီနိုင်ငံတွေထဲက မြေပြန့်အရှားဆုံးနိုင်ငံတွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com

၁။ ဘူတန် – (၉၈.၈) %

ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံးနိုင်ငံလေးတစ်နိုင်ငံဖြစ်တဲ့ အာရှတိုက်က ဘူတန်နိုင်ငံဟာ ဧရိယာစတုန်ရန်းမိုင်ပေါင်း (၁၄,၈၂၄) မိုင်ကျယ်ဝန်းပြီး လူဦးရေ (၈) သိန်းနီးပါးနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ ဘူတန်နိုင်ငံရဲ့မြေမျက်နှာသွင်ပြင်ဟာ မြေပြန့်အလွန်နည်းပါးလှပြီး တောင်ကုန်းတောင်တန်းတွေက နိုင်ငံဧရိယာရဲ့ (၉၈.၈) % အထိရှိပါတယ်။ shwekhitonlinetv.com

၂။ တာဂျစ်ကစ္စတန် – (၉၁.၉) %

အာရှတိုက်အလယ်ပိုင်းမှာရှိတဲ့ တာဂျစ်ကစ္စတန် နိုင်ငံဟာလည်း ဘူတန်နိုင်ငံပြီးရင်ကမ္ဘာပေါ်မှာမြေပြန့်ဒေသအနည်းဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့နယ်နိမိတ်က ဧရိယာစတုရန်းမိုင်ပေါင်း (၅၄,၉၅၂) ရှိရာမှာ တောင်ကုန်းတောင်တန်းဒေသက (၉၁.၉) % တောင်ရှိနေရာယူထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ကာဂျစ္စတန် – (၉၀.၇) %

တာဂျစ်ကစ္စတန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကာဂျစ္စတန်နိုင်ငံဟာလည်း ဧရိယာစတုရန်းမိုင်ပေါင်း (၇၇,၂၀၂) မိုင် ကျယ်ဝန်းပေမယ့် မြေပြန့်ရှားပါးလွန်းပြီး တောင်ကုန်းတောင်တန်းတွေက (၉၀.၇) % အထိတောင်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ လူဦးရေသိပ်သည်းမှုကလည်း နည်းပါးလွန်းပြီး (၇) သန်းခန့်ပဲရှိပါတယ်။ shwekhitonlinetv.com

၄။ လီဆိုသို – (၉၀.၅) %

အာဖရိကတိုက်ကနိုင်ငံတွေထဲမှာတော့ လီဆိုသိုနိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်ကအခြားနိုင်ငံတွေနဲ့ ကွဲပြားလှပါတယ်။ တောင်ကုန်တောင်တန်းပေါများလွန်းလို့ တစ်နေရာကနေတစ်နေရာကိုသွားလာဖို့အတွက်လည်း တိရိစ္ဆာန်တွေနဲ့ လေကြောင်းကိုသာအားထားရတဲ့နိုင်ငံဖြစ်ပါတယ်။ လီဆိုသိုနိုင်ငံရဲ့ အကျယ်အဝန်းက (၁၁,၇၂၀) ဧရိယာစတုရန်းမိုင်ရှိရာမှာ တောင်တန်းနဲ့ကုန်းမြင့်တွေက (၉၀.၅) % အထိနေရာယူထားပြီး အများစုကပင်လယ်ရေမျက်နှာပြင်အထက် ပေထောင်ကျော်မြင့်တဲ့နေရာတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မွန်တီနီဂရိုး – (၈၉.၃) %

ဥရောပတိုက်က မွန်တီနီဂရိုးနိုင်ငံ ၂၀၀၆ ခုနှစ်ကမှ ဆားဘီးယားနှင့်မွန်တီနီဂရိုးနိုင်ငံ အဖြစ်ကနေ သီးသန့်ခွဲထွက်ပြီးကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့ရပ်တည်ခဲ့တဲ့နိုင်ငံလေးဖြစ်ပါတယ်။ မြင့်မားတဲ့တောင်တန်းတွေက နိုင်ငံဧရိယာရဲ့ (၈၉.၃) % အထိနေရာယူထားတယ်ဆိုပေမယ့် သာယာလှပပြီး စီးပွားရေးအချက်အခြာကျတဲ့ နေရာမှာတည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အာမေးနီးယား – (၈၅.၉) %

ကော့ကေးဆပ်ဒေသက အာမေးနီးယားနိုင်ငံကတော့ ပထဝီအနေအထားအရ အနောက်အာရှမှာ တည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ ဧရိယာစုစုပေါင်း (၈၅.၉) % က ကုန်းမြင့်တောင်တန်းတွေဖြစ်ပြီး မြေပြန့်နည်းပါးလှပါတယ်။ (၆) ရာစုလောက်ကတော့ အတော်လေးကိုစည်ကားခဲ့တဲ့ ဒေသတစ်ခုဖြစ်ပြီး ယခုလက်ရှိအချိန်မှာတော့ အာမေးနီးယားနိုင်ငံမှာအခြေချနေထိုင်သူက (၃) သန်းဝန်းကျင်ပဲရှိပါတော့တယ်။ shwekhitonlinetv.com

၇။ မြောက်မက်ဆီဒိုးနီးယား – (၈၅.၅) %

ဥရောပတိုက်ရဲ့ ဘော်လ်ကန်ဒေသကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံကတော့ လူဦးရေ (၂) သန်းခန့်သာနေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံဧရိယာရဲ့ (၈၅.၅) ရာခိုင်နှုန်းကတောင်တန်းကုန်းမြင့်တွေဖြစ်ပြီး စုစုပေါင်းလူဦးရေရဲ့ လေးပုံတစ်ပုံလောက်က မြေပြန့်ပေါများတဲ့ မြို့တော် Skopje မှာနေထိုင်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။