ဘီယာနဲ့ပတ်သက်ရင် ဆရာတစ်ဆူလို့ဆိုရမယ့်ဂျာမနီနိုင်ငံကတော့ အမိုက်စားတီထွင်ဖန်တီးမှုတစ်ရပ်ကို ပြုလုပ်လိုက်ပါပြီ။ အဲ့ဒါကတော့ ဘီယာကိုအသင့်ဖျော်ကော်ဖီမစ်တွေလိုမျိုး အမှုန့်အနေအထားဖန်တီးပြီး အထုပ်လေးတွေပြုလုပ်ရောင်းချတော့မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဂျာမန်ဘီယာချက်စက်ရုံတွေထဲမှာ Neuzeller Klosterbräu ဟာ သက်တမ်းအားဖြင့်နှစ်ပေါင်း (၅၀၀) နီးပါးရှိပြီဖြစ်တဲ့ နှစ်ချို့ဘီယာချက်စက်ရုံတစ်ခုပါ။ လက်ရှိအချိန်မှာသူတို့အနေနဲ့ ဘီယာကို ကော်ဖီမစ်လိုမျိုး အမှုန့်အနေအထားနဲ့ တီထွင်နိုင်ခဲ့ပြီဖြစ်ပြီး အချိန်မရွေး ရေထည့်ကာဖျော်သောက်နိုင်အောင် အထုပ်ပုံစံနဲ့ဈေးကွက်ထဲကိုဖြန့်ချိတော့မယ်လို့ ကြေညာခဲ့တာပါ။ shwekhitonlinetv.com
ဒီတီထွင်မှုရဲ့နောက်မှာတော့ ကောင်းမွန်တဲ့အကျိုးဆက်တွေရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘီယာကို ပုလင်းတွေ၊ ဗူးတွေနဲ့ ထုတ်လုပ်ခြင်းဟာသယ်ယူပို့ဆောင်ရာမှာ များစွာသောဝန်ကိုဖြစ်စေပါတယ်။ အခုလို ပေါ့ပါးစွာနဲ့အရေအတွက်များများကို တစ်ကြိမ်တည်းသယ်ယူပို့ဆောင်နိုင်တာဟာ ကာဗွန်ထုတ်လွှတ်မှုကို များစွာလျှော့ချနိုင်သလို လောင်စာဆီသုံးစွဲမှုကိုလည်းလျှော့ချနိုင်ပါတယ်။ shwekhitonlinetv.com

လက်ရှိစမ်းသပ်ဖန်တီးထားတဲ့ ဘီယာအမှုန့်ကတော့ အယ်ကိုဟောပါဝင်မှုမရှိတဲ့ non-alcoholic beverage ဖြစ်ပြီး မကြာခင်မှာ အယ်ကိုဟောပါဝင်တဲ့ ဗားရှင်းကိုလည်းထုတ်လုပ်သွားမှာဖြစ်တယ်လို့ Neuzeller Klosterbräu ရဲ့ အထွေထွေမန်နေဂျာ Stefan Fritsche ကဆိုပါတယ်။ shwekhitonlinetv.com
ဘီယာကြိုက်နှစ်သက်သူတွေအနေနဲ့လည်း ဘီယာတစ်ခါသောက်ဖို့အတွက် ရေခဲသေတ္တာဖွင့်နေစရာမလိုတော့ဘဲ နေရာမရွေးအချိန်မရွေး ရေရှိရုံနဲ့ မိမိတို့ကြိုက်နှစ်သက်တဲ့အရာကို သောက်သုံးနိုင်တော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.