ထူးခြားဆန်းကြယ်ပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ ကမ္ဘာဂြိုဟ်ကြီးပေါ်ကအရာများ

ကမ္ဘာဂြိုဟ်ကြီးဟာ ထူးခြားဆန်းကြယ်မှုတွေမကုန်ခမ်းနိုင်တဲ့အရာကြီးတစ်ခုဖြစ်ပါတယ်။ အခုတစ်ခေါက်မှာရော ဘယ်လိုအရာတွေကိုဖော်ပြပေးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် …… shwekhitonlinetv.com

၁။ အီတလီနိုင်ငံက မြို့ငယ်လေး ပေါ်တိုဖီနို (Portofino) ကို အပေါ်စီးမှမြင်တွေ့ရသည့် မြင်ကွင်း။ ဒီမြင်ကွင်းကို မြင်တွေ့ရသူတိုင်းကတော့ ဒီမြို့ကလေးကိုသွားရောက်လည်ပတ်ချင်စိတ်ဖြစ်ပေါ်စေမှာ အသေအချာပါပဲ။ shwekhitonlinetv.com

၂။ ဒါက ရှေးခေတ်ရောမလူမျိုးတွေပြုလုပ်ဖန်တီးထားခဲ့တဲ့ရေကူးကန်လေးဖြစ်ပါတယ်။ ပင်လယ်ကမ်းစပ်ကကျောက်ဆောင်ကို ထွင်းပြီးအခုလိုဖန်တီးထားခဲ့တဲ့ စိတ်ကူးစိတ်သန်းကတော့ အတော်လေးကိုချီးကျူးဖို့ကောင်းလှပါတယ်။ shwekhitonlinetv.com

၃။ Black Fissure လို့အမည်ရတဲ့ ဒီမြေကြီးအက်ကွဲကြောင်းကြီးကတော့ အမေရိကန်နိုင်ငံ ယူတားပြည်နယ်ရဲ့ Canyonlands National Park မှာဖြစ်တည်နေတာပါ။ ၃ ပေ လောက်ကျယ်ဝန်းပြီး ၆၅ ပေ လောက်နက်တဲ့ ဒီအက်ကွဲကြောင်းကြီးထဲကို ပြုတ်ကျသွားခဲ့ရင်တော့ အသက်ရှင်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ shwekhitonlinetv.com

၄။ ၂၀၂၁ ခုနှစ်တုန်းက အိုက်စလန်နိုင်ငံမှာရှိတဲ့ Fagradalsfall မီးတောင်ပေါက်ကွဲမှုမြင်ကွင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဂရင်းလန်းမှာရှိတဲ့ ဘောလုံးကွင်းတစ်ကွင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိသမျှဘောလုံးကွင်းတွေထဲမှာတော့ ဒီဘောလုံးကွင်းလောက် မျက်စိပသာဒဖြစ်စေမယ့်ကွင်းရှိမယ်မထင်ပါဘူး။ shwekhitonlinetv.com

၆။ ဒါကတော့ ကာဂျစ္စတန်နိုင်ငံမှာရှိတဲ့ Klrov reservoir ဆည်ကြီးဖြစ်ပါတယ်။ ဒီဆည်ကြီးမှာထူးထူးခြားခြား ထွင်းထုထားတဲ့မျက်နှာပုံစံကြီးကတော့ တစ်ချိန်ကဆိုဗီယက်ရုရှား အဓိပတိကြီးဖြစ်တဲ့ ဗလာဒီမာလီနင်ရဲ့ပုံပါ။ shwekhitonlinetv.com

၇။ ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာရှိတဲ့ အနက်ရောင်အိမ်ကြီးဖြစ်ပါတယ်။ ဒီအိမ်ကြီးရဲ့ပုံသဏ္ဍာန်က အခြားအိမ်တွေကြားမှာ ထင်ထင်ရှားရှားကြီးဖြစ်နေသလို ထူးခြားတဲ့နောက်ကြောင်းရာဇဝင်တွေလည်းရှိနေတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com

၈။ ဒီပုံကိုသေချာကြည့်မယ်ဆိုရင် နေလုံးကြီးနောက်ခံနဲ့ မိုးမျှော်အဆောက်အဦးအချို့ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီမိုးမျှော်အဆောက်အဦးတွေက အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာရှိတာဖြစ်ပြီး အခုလှမ်းမြင်နေရတဲ့ နေရာကတော့ ချီကာဂိုမြို့နဲ့ ကီလိုမီတာ (၈၀) လောက်အကွာမှာရှိတဲ့ အင်ဒီယားနယ်ပြည်နယ်ရဲ့ ကမ်းခြေတစ်ခုပါ။ shwekhitonlinetv.com

၉။ နေ့ (၆) လ၊ ည (၆) လ ဖြစ်တည်နေတယ်လို့ ပြောစမှတ်ပြုရတဲ့ နော်ဝေးနိုင်ငံက Rjukan မြို့လေးဖြစ်ပါတယ်။ ဒီမြို့လေးကို တောင်သုံးလုံးကပတ်ပတ်လည်မှာ ဝန်းရံထားတာမို့လို့ မှောင်မိုက်တဲ့ (၆) လတာကာလမှာ နေရောင်ကိုမြင်နိုင်ဖို့အတွက် အလင်းပြန်စရာဧရာမမှန်ကြီးတွေကိုတောင်ထိပ်တွေမှာ တပ်ဆင်ထားရှိပါတယ်။ shwekhitonlinetv.com

၁၀။ ဒီအိမ်လေးကတော့ ပေါ်တူဂီနိုင်ငံမှာတည်ရှိတာဖြစ်ပါတယ်။ ကျောက်တုံးကြီးနှစ်ခုရဲ့ကြားမှာ အိမ်ကိုတည်ဆောက်ထားတာက တော်တော်လေးကိုအထူးအဆန်းဖြစ်နေတယ်လို့ဆိုရမှာပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။