သင်တစ်ခါမှ မကြားဖူးလောက်တဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်များ

ဂင်းနစ်စံချိန်တွေအကြောင်းကိုတော့ အားလုံးကို အထွေအထူးရှင်းပြနေစရာလိုမယ်လို့ မထင်ပါဘူး။ ကမ္ဘာတစ်လွှားမှာရှိတဲ့ သူတွေဟာ မိမိတို့ရဲ့ နာမည်ကိုသမိုင်းစာမျက်နှာမှာကျန်ခဲ့ဖို့ အတွက် ဒီဂင်းနစ်မှတ်တမ်းစာအုပ်မှာ ပါဝင်ရေးကို နေ့စဉ်ကြိုးပမ်းလျက်ရှိကြပါတယ်။ ဒီထဲကမှ အခုနှစ်ပိုင်းအတွင်း စံချိန်တင်နိုင်ခဲ့တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာတွေကိုဖော်ပြရမယ်ဆိုရင်တော့ … shwekhitonlinetv.com

၁။ အသက် (၂၁၀) ရှိတဲ့စုံတွဲ

ကမ္ဘာ့အသက်အကြီးဆုံးသက်ရှိထင်ရှား စုံတွဲတစ်တွဲကတော့ ဂျပန်နိုင်ငံမှာရှိနေပါတယ်။ သူတို့ကတော့ မိယာကိုဆိုနီုဒါလို့ အမည်ရတဲ့ ဖွားဖွားနဲ့ မာဆာအိုမတ်ဆုမိုတိုလို့ အမည်ရတဲ့ ဖိုးဖိုးတို့ပဲဖြစ်ပါတယ်။ ဒီဖိုးဖိုးနဲ့ဖွားဖွားစုံတွဲကတော့ နှစ်ဦးပေါင်းအသက်က (၂၁၀) နှစ်နဲ့ (၁၂၁) ရက်ရှိပြီလို့သိရပါတယ်။ သူတို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ နှစ်ပေါင်း (၈၁) နှစ်ရှိပြီလို့သိရပါတယ်။ shwekhitonlinetv.com

၂။ Like အများဆုံးရခဲ့တဲ့ ကြက်ဥ

ဒီကြက်ဥပုံကိုအထင်သေးမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကြက်ဥပုံက အင်စတာဂရမ်မှာ Like အရေအတွက် (၃၀.၅) သန်းအထိရရှိခဲ့လို့ပဲဖြစ်ပါတယ်။ ဒါဟာ အင်စတာဂရမ်မှာ ပို့စ်တစ်ခုအတွက် Like အရေအတွက် ပမာဏအများဆုံးလည်းဖြစ်ခဲ့ပါတယ်။ ယခင်အများဆုံး စံချိန်တင်ထားတဲ့ ကိုင်လီဂျန်နာ ရဲ့ပို့စ်တောင် စုစုပေါင်း Like အရေအတွက် (၁၈) သန်း ဝန်းကျင်သာ ရဖူးတာကြောင့် ကိုကြက်ဥက အပြတ်အသတ် စံချိန်ချိုးခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ စိန်တုံး (၇,၇၇၇) တုံးပါဝင်တဲ့လက်စွပ်

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကလက်ဝတ်ရတနာဆိုင်တစ်ခုဟာ ဂင်းနစ်မှတ်တမ်းဝင်မည့် လက်ဝတ်ရတနာတစ်ခုကို ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ စိန်တုံးပေါင်း (၇,၇၇၇) တုံးနဲ့ပြုလုပ်ထားတဲ့ စိန်လက်စွပ်တစ်ကွင်းပဲဖြစ်ပါတယ်။ ဒါဟာ လက်စွပ်တစ်ကွင်းထဲမှာ စိန်တုံးအများဆုံးပါဝင်တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ သဲနဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ရဲတိုက်

ဂျာမနီ နိုင်ငံက သဲပန်းချီပညာရှင်အချို့ဟာ Binz ကမ်းခြေမှာ သဲနဲ့ပြုလုပ်ထားတဲ့ ရဲတိုက်တစ်ခုကို ဆောက်လုပ်ဖန်တီးခဲ့ကြပါတယ်။ ဒီရဲတိုက်ဟာဆိုရင် မြေပြင်ကနေ (၅၇) ပေမြင့်ပြီး သဲအလေးချိန်စုစုပေါင်း (၂၄၀၀၀) အထိအသုံးပြုပြီးဆောက်လုပ်ခဲ့လို့ ကမ္ဘာ့အကြီးဆုံး သဲနဲ့ပြုလုပ်ဖန်တီးထားတဲ့ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ပေ (၆၀၀) ကျော် ကြက်ဥခေါက်ဆွဲ

ဂျပန်နိုင်ငံက စားဖိုမှုးတစ်ဦးဖြစ်တဲ့ ဟီရိုရှိကူရိုဒါဆိုသူဟာ ပေ (၆၀၀) ကျော်ရှည်လျားတဲ့ လက်လုပ်ကြက်ဥခေါက်ဆွဲကို ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ဒီအရာကို တစ်ကိုယ်တော်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ (၅) နာရီနဲ့ Follower သန်းချီရသူ

ကမ္ဘာကျော်ဝါရင့်မင်းသမီးကြီး ဂျနီဖာအင်းနစ္စတန်ဟာ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာမှာ အကောင့်ပြုလုပ်ခဲ့ပြီး (၅) နာရီနဲ့ (၁၆) မိနစ်အကြာမှာ သူ့ကို Follower ပြုလုပ်သူ (၁) သန်းအထိရှိခဲ့ပါသတဲ့။ ဒါဟာ အင်စတာဂရမ်သမိုင်းမှာ အမြန်ဆုံး Followers (၁) သန်းပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Giant Teddy Bear

ပြီးခဲ့တဲ့ ဧပြီလထဲမှာတော့ မက္ကဆီကိုမှာရှိတဲ့ Xonacatlan ဆိုတဲ့အဖွဲ့အစည်းတစ်ခုဟာ ဧရာမ ဝက်ဝံရုပ် (Giant Teddt Bear) ကြီးကိုပြုလုပ်ဖန်တီးပြီး ဂင်းနစ်စံချိန်တင်ခဲ့ကြပါတယ်။ ဒီအရုပ်ကြီးက (၆၃) ပေ (၈) လက်မရှည်လျားပြီး အလေးချိန် ပေါင် (၈၀၀၀) လောက်လေးတယ်လို့သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီးအားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေ တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။