ပရိသတ်ကြီးရေ ကမ္ဘာမြေကြီးရဲ့ ၃ပုံ ၂ပုံကို ရေထုနဲ့ လွှမ်းခြုံထားတယ်ဆိုတာကို သိကြမှာပါ ။ အခုဖော်ပြပေးမှာကတော့ ပင်လယ်ကြမ်းပြင်ရဲ့ ဟိုးအနက်ဆုံး အောက်ခြေမှာ ရှင်သန် ကျက်စားနေကြတဲ့ ရှားပါး ရေနေမျိုးစိတ်တွေ အကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးမှာပဲ ဖြစ်ပါတယ် ။ ဘယ်လို အကောင်လေးတွေ ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com
၁။ ငါးဘီလူး

ငါးဘီလူးတွေဟာဆိုရင် ပင်လယ်ကြမ်းပြင်ရဲ့ ပေ ၅၀၀၀ အနက်မှာ ရှင်သန်ကြတဲ့ ငါးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ် ။ ဒီငါးတွေရဲ့ အရွယ်အစားဟာ ( ၁၁ ) လက်မ ကနေ လက်မ ( ၄၀ ) လောက်အထိ ရှည်လျားပြီး အလေးချိန်ကတော့ ၉၉ ပေါင် အထိရှိတတ်ပါတယ် ။ အသားစားတဲ့ ငါးအမျိုးအစား ဖြစ်တာကြောင့် ရေနေသတ္တဝါ သေးသေးလေးတွေဆိုရင် ငါးဘီးလူးတွေနဲ့ တွေ့တဲ့အခါ လုံး၀ပြေးလို့လွတ်မှာ မဟုတ်ပါဘူး ။ shwekhitonlinetv.com
၂။ ဆင်ငါးမန်း

ဆင်ငါးမန်းတွေရဲ့ နောက်ထပ်နာမည်တစ်ခုကတော့ ဩစတေးလျ ghostshark လို့လည်း ခေါ်ကြပါတယ် ။ နောက်တစ်ခုကတော့ ဆင်ငါးမန်းတွေဟာ ကမ္ဘာပေါ်မှာ ဆင့်ကဲ ပြောင်းလဲမှု အနှေးဆုံး သတ္တဝါတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀၀ လောက်တည်းက တည်ရှိခဲ့ပြီး မျိုးစိတ်က ဆင့်ကဲ မပြောင်းလဲခဲ့တာလည်း ဖြစ်ပါတယ် ။ သူတို့ဟာ ပင်လယ်ရေအနက် ပေ ( ၆၀၀ ) လောက်မှာ ရှင်သန်နေထိုင်ကြပြီး အရွယ်အစားကတော့ ( ၅ ) ပေ အထိ ရှိတတ်ပါတယ် ။ shwekhitonlinetv.com
၃။ Blackmouth catshark

ဒီငါးမန်းမျိုးစိတ်တွေကတော့ ရေအနက် ပေ ၅၀၀၀ မှာ ရှင်သန် ကျက်စားနေထိုင်ကြပြီး အတ္တလန်တိတ် အရှေ့ပိုင်းမှာ တွေ့နိုင်ပါတယ် ။ Blackmouth တွေဟာ အန္တရာယ်မပေးနိုင်တဲ့ ငါးမျိုးစိတ်ဖြစ်ပေမယ့်လည်း အလွန်အကျွံ ဖမ်းယူခံရမှုတွေကြောင့် မျိုးတုန်းနိုင်ခြေရှိတဲ့ ငါးလေးတွေပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၄။ Gulper eel

Gulper eel တွေဟာ ငါးရှဉ့် မျိုးစိတ်ထဲမှာ ပါဝင်ပြီး အရိုးမရှိတဲ့အပြင် အရွယ်အစားသေးငယ်တဲ့ ငါးရှဉ့်တွေပဲ ဖြစ်ပါတယ် ။ ထူးဆန်းတာက အရွယ်အစားသေးပေမယ့်လည်း သူတို့ ခန္ဓာကိုယ်ထက် ကြီးမားတဲ့ အစာကို အသာလေး ဝါးမြိုနိုင်ပါတယ်တဲ့ ။ Gulper eel တွေဟာ ပင်လယ်ရေအနက် ပေ ၁၀၀၀ လောက်မှာ နေထိုင်ကြပြီး ရှာတွေ့ဖို့လည်း အတော်ကို ခဲယဉ်းလှတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com
၅။ Pacific dragonfish

ဒဏ္ဍာရီ ထဲက နဂါးပုံစံနဲ့ အတော်လေးကို တူတဲ့ Pacific dragonfish တွေဟာ ပင်လယ်ရေအနက် ပေပေါင်း ( ၁၆၀၀၀ ) လောက်မှာ ရှင်သန်ကျက်စားကြပါတယ် ။ သူတို့ရဲ့ ထူးခြားမှုကတော့ သားကောင်ကို လိုက်ရှာတဲ့အခါ သူတို့ရဲ့ ကိုယ်တွင်းထဲကနေ အလင်းထုတ်ပေးနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းကို အသုံးပြုလေ့ရှိကြပါတယ် ။ shwekhitonlinetv.com
၆။ Barreleye

Barreleye လို့ခေါ်တဲ့ ငါးတွေကတော့ ရေအနက် ပေ ပေါင်း ( ၈၂၀၀ ) လောက်မှာ နေထိုင်ကျက်စားကြတဲ့ အကောင်တွေပဲ ဖြစ်ပါတယ် ။ သူတို့ကို လူသိများရတဲ့ အကြောင်းရင်းကတော့ ဖောက်မြင်ရနိုင်တဲ့ ဦးခေါင်းရှိတဲ့ အပြင် အပြင်ကို ထွက်နေတဲ့ အထိ ကြီးမားလှတဲ့ မျက်လုံးတွေ ကြောင့်ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့ရဲ့ မျက်လုံးဟ မျက်နှာ အရှေ့ဘက်မှာ ရှိပေမယ့်လည်း လိုအပ်သလို ဦးတည်ရာ ပြောင်းပြီး ကြည့်နိုင်ပါတယ် ။ shwekhitonlinetv.com
၇။ Giant Octopus

အခုမြင်တွေ့နေရတဲ့ ဧရာမ ရေဘဝဲကြီးတွေဟာ ပေပေါင်း ( ၄၃ ) ပေလောက်အထိ အရွယ်အစားရှိနိုင်ပြီး အလေးချိန်ကတော့ ၁၆၅ ပေါင် ရှိပါတယ် ။ ၂၀၀၆ ခုနှစ်လောက်မှာ ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ပင်လယ်ရေအနက် ပေပေါင်း ( ၆၆၀၀ ) ကျော် လောက်မှာ နေထိုင်ကျက်စားကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာကတော့ ပင်လယ်ရေနက်ပိုင်းမှာ ကျက်စားနေထိုင်ကြတဲ့ ရှားပါးရေနေသတ္တဝါတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ဗဟုသုတ ဖြစ်စေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Be the first to comment
You must log in to post a comment.