ရဲရင့်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေသာ သွားဝံ့တဲ့ နေရာများ

လူတိုင်းလူတိုင်းက မိမိရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး မိမိနှစ်သက်ရာ ဒေသတွေကို ခရီးသွားကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ သတ္တိအကောင်းဆုံးသူတွေမှ သွားနိုင်မဲ့ ဒေသလေးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့… shwekhitonlinetv.com

၉။ အရိုးဝတ်ပြုဆုတောင်းဆောင်

ပေါ်တူဂီနိုင်ငံ၊ အီဗိုရာမြို့မှာ တည်ရှိတဲ့ အရိုးဝတ်ပြုဆုတောင်းဆောင်ကတော့ မြို့ရဲ့အထင်ရှားဆုံး အဆောက်အဦးတစ်ခု ဖြစ်ပါတယ်။ ဒ့ါအပြင် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဝတ်ပြုဆုတောင်းဆောင်ကို ၁၆ ရာစုနှစ်တုန်းက ဘုန်းတော်ကြီးတစ်ပါးက ဆောက်လုပ်ခဲ့တာလို့သိရပါတယ်။ဒီဝတ်ပြုဆုတောင်းဆောင်ကို အရိုးဝတ်ပြုဆုတောင်းဆောင်လို့ ခေါ်တွင်ရတာက အတွင်းပိုင်းအပြင်အဆင်ကို လူရိုးတွေ၊ ဦးခေါင်းခွံတွေနဲ့ တန်ဆာဆင်ထားလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဟွိုင်ရာတောအုပ်

ဟွိုင်ရာတောအုပ်ကတော့ ထရန်ဆယ်လ်ဗေးနီးယားဒေသမှာ တည်ရှိပြီး သဘာဝလွန်ဖြစ်ရပ်ဆန်းတွေ ဖြစ်ပွားလေ့ရှိတာကြောင့် နာမည်ကျော်ကြားလှပါတယ်။ ဒဏ္ဍာရီတွေအရဆိုရင် ဒီတောအုပ်ရဲ့နာမည်က သိုးအုပ်ကြီးနဲ့အတူ မြူတွေထူထပ်လာချိန်မှာ ပျောက်ကွယ်သွားတဲ့ သိုးကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို အစွဲပြုမှည့်ခေါ်ထားတာလို့သိရပါတယ်။ စူးစမ်းလေ့လာသူတွေရဲ့ပြောကြားချက်တွေမှာတော့ တောအုပ်ထဲကိုဝင်လိုက်တိုင်း ထူးဆန်းတဲ့အသံတွေကို ကြားရပြီး ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရပါတယ်တဲ့။ တချို့တွေကတော့ ပန်းကန်ပြားပျံတွေကို တွေ့ရတယ်လို့ ဆိုကြသလို တချို့ကတော့ သရဲတစ္ဆေတွေကို မြင်ရတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com

၇။ လက်ဝါးကပ်တိုင်တောင်ကုန်း

လက်ဝါးကပ်တိုင်တောင်ကုန်းကတော့ ဥရောပတိုက်က လစ်သူရေးနီးယားနိုင်ငံမှာ တည်ရှိတဲ့ မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ တောင်ကုန်းပေါ်မှာ လက်ဝါးကပ်တိုင်တွေ အများကြီးရှိပြီး အတိအကျဘယ်သူမှ မရေတွက်နိုင်ပါဘူး။ ၁၉၉၀ ပြည့်နှစ်တုန်းက တွက်ချက်မှုတွေအရတော့ ငါးသောင်းဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနေရာက သင်္ချ ိုင်းကုန်းတစ်ခုမဟုတ်ပေမဲ့ ကံကောင်းစေနိုင်တယ်လို့ ယုံကြည့်တဲ့အတွက် လူတွေထားထားသွားလို့ လက်ဝါးကပ်တိုင်တွေ တစ်နေ့တခြား ပိုပိုများလာတာပါ။ shwekhitonlinetv.com

၆။ El Caminito del Rey လျှောက်လမ်း

စပိန်လို El Caminito del Rey လို့ခေါ်တဲ့ ဘုရင်ကြီးရဲ့လျှောက်လမ်းလေးဆိုတာကတော့ ကျောက်ဆောင်ပေါ်မှာ သံလက်ရန်းတွေခံထားတဲ့ ကွန်ကရစ်လျှောက်လမ်းပဲ ဖြစ်ပါတယ်။ ဒီလျှောက်လမ်းက စပိန်နိုင်ငံ Chorro နဲ့ Malaga ပြည်နယ်က Gaitanejo ရေတံခွန်တို့ကြားမှာ တည်ရှိပါတယ်။ လျှောက်လမ်းက အရမ်းမတ်စောက်ပြီး အရှည် (၁.၈) မိုင်နဲ့ အကျယ် (၃.၂) ပေ ကျယ်ဝန်းပါတယ်။ shwekhitonlinetv.com

ဒီလျှောက်လမ်းကို ၁၉၀၅ ခုနှစ်တုန်းက ဆည်ကိုတည်ဆောက်တဲ့ အလုပ်သမားတွေအတွက် တည်ဆောက်ပေးခဲ့တာပါ။ ဒီလျှောက်လမ်းကို တောင်ကြားတစ်ခုကနေ နောက်တောင်ကြားတစ်ခုကို ကူးဖို့အတွက် ရည်ရွယ်ဆောက်လုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ တောင်ခါးပန်းမှ ခေါင်းတလားများ

Sagada ဒေသက အရင်တုန်းက ပင်လယ်နဲ့ထိစပ်နေတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ပါတယ်။ အထူးသဖြင့်တော့ လေထဲမှာချိတ်ဆွဲထားတဲ့ ခေါင်းတလားများဆိုတဲ့ နေရာကလာရောက်လည်ပတ်သူတိုင်းကို စိတ်ဝင်စားစေမှာအမှန်ပဲဖြစ်ပါတယ်။ ဖိလစ်ပိုင်လူမျိုးတွေ အတွက်တော့ လေထဲမှာချိတ်ဆွဲထားတဲ့ ခေါင်းတလားထဲမှာ မြှုပ်နှံထားတဲ့ ရှေးအယူအဆတစ်ခုပါ။ လူသေတွေကို မြှုပ်နှံပြီးရင် ခေါင်းတလားတွေကို ကျောက်ဆောင်နံရံတွေပေါ်မှာ ဒါမှမဟုတ် လှိုဏ်ဂူထိပ်ဖျားတွေမှာ ခဲရာခဲဆစ် သွားထားကြပါတယ်။ ဘာလို့လဲဆိုတော့ ဖိလစ်ပိုင်ယုံကြည်မှုအရ တောင်တွေဆိုတာ ကောင်းကင်ဘုံနဲ့ ကမ္ဘာကြားက လှေကားထစ်တွေ ဖြစ်လို့ပါပဲတဲ့။ shwekhitonlinetv.com

၄။ စပိန် နွားရိုင်းလွှတ်ပွဲ

Encierro ဆိုတာ စပိန်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ပြေးလမ်းတလျှောက်မှာ ဒီတိုင်းလွှတ်လိုက်တဲ့ နွားရိုင်းတွေလိုက်လို့ ထွက်ပြေးရတဲ့ပွဲလေးပါ။ ဒီရိုးရာလေးကို စပိန်ိုင်ငံမှာရှိတဲ့ကျေးရွာတွေမှာ ယနေ့ချိန်ထိကျင်းပနေဆဲပါပဲ။ နာမည်အကြီးဆုံးကတော့ Pamplona ဒေသမှာ San Fermin ပွဲတော်ကာလအတွင်း ကျင်းပတဲ့ နွားရိုင်းလွှတ်ပွဲပါပဲ။ ပြေးလမ်းက (ဝ.၆) မိုင်ခန့် ရှည်လျားပြီး ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့လည်းပါဝင်ဆင်နွှဲနိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

နွားရိုင်းလွှတ်ပွဲကို မီးရှူးမီးပန်းဖောက်တာနဲ့စတတ်ပြီး နွားရိုင်းတွေလွတ်လာချိန်မှာ ပါဝင်ဆင်နွှဲသူတွေဟာ နွားရိုင်းတွေနဲ့ ဝေးရာကို ထွက်ပြေးရပါတယ်။ ဒါပေမယ့်လည်း ပြေးလမ်းဆုံးအောင် မဖြစ်မနေပြေးရမယ်ဆိုတဲ့ စည်းမျဉ်းတော့မရှိပါဘူး။ ကိုယ့်အတွက် အန္တရာယ်များတယ်ထင်ရင်၊ မပြေးရဲတော့ဘူးဆိုရင် တစ်နေရာမှာ ဝင်ပုန်းနေလို့ရပါတယ်။ shwekhitonlinetv.com

၃။ ကာပူချင် ဂူသင်္ချိုင်း

အီတလီနိုင်ငံ၊ ပါလာမိုဒေသမှာ လူပေါင်း (၈၀၀၀) ကျော်ခန့်ကို မြှုပ်နှံထားတဲ့ ဂူသင်္ချိုင်းရှိပါတယ်။ ဒီနေရာဟာ နာမည်ကျော်ကြားတဲ့ မမ်မီ တွေရဲ့နေရာတစ်နေရာလည်း ဖြစ်ပါတယ်။ ဒီဂူသင်္ချိုင်းကို (၁၆) ရာစု နှောင်းပိုင်းတုန်းက ကာပူချင်ကျောင်းတော် နောက်လိုက်တွေက ဆောက်လုပ်ခဲ့တာလို့သိရပါတယ်။ (၁၈) ရာစုနဲ့ (၁၉) ရာစုတွေမှာတော့ ဒီနေရာဟာ ကြွယ်ဝချမ်းသာတဲ့ အီတလီမိသားစုဝင်တွေ သေဆုံးရင် မြှုပ်နှံရာဂူသင်္ချိုင်းဖြစ်လာပါတယ်။ ဒီနေရာကို ၁၈၈၂ ခုနှစ်မှာ တရားဝင်ပိတ်သိမ်းလိုက်ပြီး အဲဒီအချိန်ကတည်းက ဒီနေရာမှာ လူသေတွေကို ထပ်မံမြှုပ်နှံခြင်း မရှိတော့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဆော်လမွန်ကျွန်းက သင်္ဘောပျက်

ဒီနေရာတစ်ဝိုက်ကတော့ ရေအောက်သန္တာကျောက်ဆောင်တွေအများအပြားရှိတဲ့နေရာဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းက လစ်ဗျားအပျော်စီး သင်္ဘောတစ်စီးဖြစ်တဲ့ World Discoverer ဟာ ပစိဖိတ်သမုဒ္ဒရာထဲက ဆော်လမွန်ကျွန်းစုနားမှာ သန္တာကျောက်တန်းတစ်ခုနဲ့ ထိမိပြီး သောင်တင်သွားခဲ့ပါတယ်။ခရီးသည်တွေ ထိခိုက်ဒဏ်ရာမရခဲ့ပေမယ့် သင်္ဘောကို ပြန်ဆယ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ အဲဒီအချိန်ကစပြီး သင်္ဘောပျက်ကြီးဟာ ငါးနဲ့ တခြားပင်လယ် သတ္တဝါတွေအတွက် နေစရာအိမ်တစ်လုံး ဖြစ်သွားပါတော့တယ်။ shwekhitonlinetv.com

၁။ ကားသင်္ချိုင်း

ဒီနေရာကို ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင်တော့ Zombie ဇာတ်ကားတွေထဲကလို မြင်ကွင်းမျိုး ဖြစ်နေမှာအမှန်ပါပဲ။ တကယ်တမ်း ကျတော့ ဒီနေရာဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ တကယ်ရှိတဲ့ နေရာတစ်ခုပါ။ မြို့ပြဒဏ္ဍာရီတွေအရတော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတော့ အမေရိကန်စစ်သားတွေဟာ သူတို့ရဲ့ကားတွေကို ဒီတောအုပ်ထဲမှာ စွန့်ပစ်ထားခဲ့ကြပါတယ်တဲ့။ နှစ်ပေါင်းများစွာ ကြာလာတော့ တောရိုင်းကြီးက ကားတွေကိုလွှမ်းမိုးသွားပြီး အခုမြင်နေရတဲ့ ကားသင်္ချိုင်းကြီး ဖြစ်သွားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။