ဘီယာကို နှစ်စဥ်အများဆုံး ထုတ်လုပ်လျှက်ရှိတဲ့ ကမ္ဘာ့နိုင်ငံများ

ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအားလုံးလိုလိုမှာ လူကြီးလူငယ်မရွေးသောက်သုံးနေတဲ့ အဖျော်ယမကာတစ်မျိုးရှိပါတယ်။ အဲ့ဒီအဖျော်ယမကာကတော့ ဘီယာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် … ဒီနေ့ခေတ်အခါမှာမြန်မာနိုင်ငံ အပါအဝင် နိုင်ငံတိုင်းမှာ တံဆိပ်မျိုးစုံ အရသာမျိုးစုံ နဲ့ ဘီယာအစုံကို စျေးကွက်ထဲမှာ တွေ့မြင်နေရပါတယ်။ အခုတစ်ခါဖော်ပြပေးမှာကတော့ အမျိုးအစားစုံလင်လှတဲ့ ဘီယာတွေကို နှစ်စဥ်နှစ်တိုင်း အများဆုံးထုတ်လုပ်နေတဲ့ နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေဖြစ်မလဲဆိုတာကိုတော့ …. shwekhitonlinetv.com

၁။ China – 38 million KL

ပုံမှန်အားဖြင့်​တော့ အာရှဒေသက နိုင်ငံအများစုဟာ မိမိတို့ရိုးရာအလိုက် အရက်ကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်ပြီး သောက်သုံးလေ့ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ပေါ်မှာ ဘီယာထုတ်လုပ်မှု အများဆုံးကတော့ တရုတ်နိုင်ငံဖြစ်နေပါတယ်။ ဘီယာကို တရုတ်နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်အတွင်းမှာ ကီလိုလီတာ (၃၈) သန်းအထိထုတ်လုပ်ခဲ့ပါတယ်။ လက်ရှိ (၂၀၂၀) ခုနှစ်မှာတော့ Tsingtao, Snow နှင့် Yanjing တို့ဟာ တရုတ်နိုင်ငံမှာလူကြိုက်အများဆုံးနဲ့ ထုတ်လုပ်မှုအများဆုံး ဘီယာအမျိုးအစားတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ United States – 21 million KL

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကလည်း တရုတ်ရဲ့ ဘီယာထုတ်လုပ်မှုကို လိုက်မီဖို့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်၀အတွင်းမှာ ဘီယာထုတ်လုပ်ရောင်းချမှုကို နှစ်စဥ်တိုးမြှင့်ခဲ့တယ်လို့သိရပါတယ်။ ဒါဟာ ကမ္ဘာ့ဘီယာစျေးကွက်ကို ထိုးဖောက်ဖို့ကြိုးပမ်းချက်တစ်ခုလည်းဖြစ်ပါတယ်။ လူကြိုက်အများဆုံး အမေရိကန်ဘီယာ တွေကတော့ Yuengling နှင့် Son Inc ကုမ္ပဏီတွေကထုတ်လုပ်တဲ့ဘီယာတွေဖြစ်ပါတယ်။ နောက်ပြီးရှေးအကျဆုံးဘီယာကုမ္ပဏီတွေဖြစ်တဲ့ Boston Beer Co. နှင့် Sierra Nevada Brewing Co. တို့ကလည်း အမေရိကန်မှာ နာမည်ကျော်ကြားလှပါတယ်။ shwekhitonlinetv.com

၃။ Brazil – 14 million KL

တောင်အမေရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဘရာဇီးလ် ကတော့ ကမ္ဘာ့ဘီယာထုတ်လုပ်မှုအများဆုံးနိုင်ငံစာရင်းမှာ အဆင့် (၃) နေရာမှာရှိပါတယ်။ ကမ္ဘာကျော် Carnival ပွဲတော် နဲ့အတူ ဘရာဇီးလ် ဘီယာတွေဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တယ်လို့သိရပါတယ်။ မှတ်တမ်းတွေအရဆိုရင် ဘရာဇီးလ်နိုင်ငံဟာ ၁၈၀၀ ပြည့်နှစ်တွေကတည်းက ဘီယာကိုစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ရဲ့ နာမည်ကျော်ဘီယာ အမှတ်တံဆိပ်တွေကတော့ Bohemia, Brahma Chopp နှင့် Skol Beer တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Mexico – 11 million KL

မက္ကဆီကိုကတော့ ကမ္ဘာ့နိုင်ငံတွေကို ဘီယာတင်ပို့မှုအများဆုံးနိုင်ငံဖြစ်တယ်လို့သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်းမှာ မက္ကဆီကိုအစိုးရအနေနဲ့ ဘီယာဟာ မရှိမဖြစ်သောက်သုံးစရာတစ်ခုဖြစ်တယ်လို့ ကြေညာခဲ့တာကြောင့် ထုတ်လုပ်မှုတိုးတက်လာခဲ့တာဖြစ်ကြောင်းသိရပါတယ်။ Modelo, Pacifico နှင့် Corona တို့ကတော့ ကမ္ဘာတစ်လွှားမှာ လူသိများကျော်ကြားလှတဲ့ မက္ကဆီကန် ဘီယာတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Germany – 9 million KL

ဥရောပမှာဆိုရင်တော့ ဂျာမနီနိုင်ငံနဲ့ ဘီယာကို အတူတွဲဖက်မြင်တဲ့ အထိကို ဂျာမနီနိုင်ငံသားတွေအနေနဲ့ ဘီယာသောက်သုံးကြပါတယ်။ ဘီယာသောက်ခြင်းက ဂျာမနီတွေအတွက် ရိုးရာဓလေ့တစ်ခုဖြစ်ပြီး နှစ်စဥ်ကျင်းပတဲ့ Oktoberfest လို ဘီယာပွဲတော်တွေလည်းရှိပါတယ်။ အများအားဖြင့် ဂျာမနီဘီယာတွေက စျေးကြီးတက်ကြပြီး အရသာလည်းကောင်းမွန်လို့ လူကြိုက်များလှပါတယ်။ ဒီထဲမှာမှ Pilsner အမှတ်တံဆိပ်က အကောင်းဆုံးလို့ ဆိုနိုင်ပြီး ဘီယာစျေးကွက်ရဲ့ (၆၃) ရာခိုင်နှုန်းလောက်ကို စိုးမိုးထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီနိုင်ငံတွေပြီးရင်တော့ ရုရှားနိုင်ငံက နှစ်စဥ်ကီလိုလီတာ (၇.၇) သန်း၊ ဂျပန်နိုင်ငံက ကီလိုလီတာ (၅) သန်း၊ ဗီယက်နမ်၊ ယူကေနဲ့ ပိုလန်တို့ကတော့ နှစ်စဥ် ကီလိုလီတာ (၄) သန်းဝန်းကျင် ထုတ်လုပ်လျှက်ရှိပြီး ကမ္ဘာပေါ်မှာ ဘီယာထုတ်လုပ်မှု အများဆုံးနိုင်ငံတွေအဖြစ်ရပ်တည်နေကြပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။