ဆယ်စုနှစ် တစ်ခုအတွင်းမှာ အကြီးအကျယ် ပြောင်းလဲသွားကြတဲ့ ကမ္ဘာကျော် ဆယ်လီများ

တစ်ခါတစ်ရံမှာ လူသားတွေဟာ မိမိတို့နေ့စဉ်လုပ်ငန်းတာဝန်တွေနဲ့ အလုပ်ရှုပ်နေတက်တာကြောင့် တီဗွီတွေ ရုပ်ရှင်တွေကို ကြည့်ရှုဖို့အတွက်အချိန်သိပ်မပေးနိုင်ကြတော့ပါဘူး။ အဲ့ဒီလိုနဲ့နှစ်အတန်ကြာတဲ့အချိန်မှာ ကိုယ်တစ်ချိန်ကကြိုက်နှစ်သက်ခဲ့တဲ့ သရုပ်ဆောင်ဖြစ်ဖြစ် အဆိုတော်ဖြစ်ဖြစ် ပြန်တွေ့ရင်မမှတ်မိအောင်ပြောင်းလဲသွားတာမျိုး ဖြစ်တက်ပါတယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ (၁၀) စုနှစ်တစ်ခုအတွင်း များစွာပြောင်းလဲသွားခဲ့တဲ့ ဆယ်လီတွေကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ ကိုင်လီဂျန်နာ

ဖက်ရှင်လောကမှာသာမက စီးပွားရေးနယ်ပယ်ဘက်မှာပါ အောင်မြင်နေတဲ့မော်လ်ဒယ်မလေး ကိုင်လီဂျန်နာကတော့ ဒီဘက်ခေတ်လူငယ်တွေကြားမှာ မသိသူမရှိလောက်တဲ့ ဆယ်လီတစ်ဦးလို့ဆိုနိုင်ပါတယ်။ ကိုင်လီဂျန်နာကို ၂၀၁၀ တုန်းကနောက်ဆုံးတွေ့ဖူးမြင်ဖူးခဲ့တဲ့သူကတော့ လက်ရှိပုံစံကိုမြင်ရင် လုံးဝမှတ်မိတော့မှာမဟုတ်တာကျိန်းသေပါတယ်။ shwekhitonlinetv.com

၂။ ဒေးဗစ်ဘက်ခမ်း နှင့် ဘရွတ်ကလင်းဘက်ခမ်း

ဒီပုံကိုကြည့်မယ်ဆိုရင် အားကစားနှင့်နီးစပ်သူတွေကတော့ ဒေးဗစ်ဘက်ခမ်းကိုမှတ်မိကြမှာဖြစ်ပြီး သူ့ရဲ့သားအကြီးဆုံးဖြစ်တဲ့ ဘရွတ်ကလင်းဘက်ခမ်းကိုတော့ မှတ်မိကြမယ်မထင်ပါဘူး။ shwekhitonlinetv.com

၃။ ရေဘယ်ဝီလ်ဆင်

ရုပ်ရှင်ဇာတ်ကားတွေထဲမှာမင်းသမီးရဲ့ သူငယ်ချင်းဖြစ်သူနေရာတွေကနေပါဝင်တက်တဲ့ ခပ်ဝဝ ကောင်မလေးကလည်း အခုဆိုရင်တော့ မယုံကြည်နိုင်စရာကောင်းလောက်အောင် ပြောင်းလဲသွားပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အီလီယော့ပေ့ချ်

သူ့ရဲ့မွေးရင်းနာမည်ဖြစ်တဲ့ Ellen Page ကို Elliot Page အဖြစ်ပြောင်းလဲခဲ့သလို လိင်လည်းပြောင်းလဲခဲ့တဲ့ ဒီကနေဒါသရုပ်ဆောင်ကိုရော သတိထားမိတဲ့သူတွေရှိမလား …. shwekhitonlinetv.com

၅။ မက်ဒေါနား

အသက် (၆၀) ကျော်ပေမယ့် တစ်နေ့တစ်ခြားပိုမို နုပျိုလာတယ်လို့တောင်ထင်ရတဲ့ အဆိုကျော်မက်ဒေါနားကြီးကလည်း မျက်ခြေနည်းနည်းပျက်တာနဲ့ သူ့ရုပ်ရည်ကို မှတ်မိကြတော့မှာ မဟုတ်ဘူးနော်။ shwekhitonlinetv.com

၆။ ခရစ္စတင်းစတီးဝပ်

အမေရိကန်သရုပ်ဆောင်မလေး ခရစ္စတင်းစတီးဝပ်ကတော့ ဆံပင်ပုံစံနဲ့အရောင်ကို မကြာခဏအပြောင်းအလဲပြုလုပ်လေ့ရှိသူဖြစ်ပါတယ်။ ဒါကလွဲရင် သူမရဲ့ရုပ်ရည်ကတော့ အများကြီး သိသိသာသာပြောင်းလဲသွားခြင်းမရှိပါဘူး။ shwekhitonlinetv.com

၇။ ဂျပ်စတင်ဘီဘာ

(၁၀) စုနှစ်တစ်ခုအတွင်းမှာ ဂျပ်စတင်ဘီဘာရဲ့ပြောင်းလဲသွားမှုကလည်း မယုံကြည်နိုင်စရာပါပဲ။ ချစ်စဖွယ်ကလေးရုပ်ကလေးကနေ ခပ်ဆိုးဆိုးလူကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့အပေါ်မှာတော့ အနုအရွကြိုက်တဲ့ သူ့ရဲ့ Fan တစ်ချို့ကသိပ်သဘောမကျကြပါဘူး။ shwekhitonlinetv.com

၈။ မိုင်လေးဆိုင်းရပ်

Hannah Montana ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ အနုပညာလောကထဲမှာလူသိများလာခဲ့တဲ့ မိုင်လေးဆိုင်းရပ်ကလဲ အခုအချိန်မှာတော့ အရင်ကတော့ ရိုးရိုးယဉ်ယဉ် ပုံစံမျိုးလေးမဟုတ်တော့ဘဲ အရမ်းကို Hot တဲ့ကောင်မလေးတစ်ယောက်ဖြစ်နေပါပြီနော် … shwekhitonlinetv.com

၉။ ပီးယာ့ ဘရော့စ်နန်

ဒီ ဂျိမ်းစ်ဘွန်းမင်းသားကြီးကတော့ (၁၀) စုနှစ်တစ်ခုအတွင်းမှာ ရုပ်ရည်သိသိသာသာ ကျသွားခြင်းမျိုးမရှိဘူးလို့ထင်ရပေမယ့် အနည်းငယ်တော့အိုဇာသွားတာ အမှန်ပါပဲ။ shwekhitonlinetv.com

၁၀။ ကေတီပယ်ရီ

ခပ်ဟော့ဟော့ ဖက်ရှင်တွေနဲ့ သီဆိုဖျော်ဖြေတက်တဲ့ အဆိုကျော်မလေး ကေတီပယ်ရီကတော့ တစ်သားမွေးတစ်သွေးလှလို့ဆိုရမလောက်အောင်ပဲ ရင်သွေးလေးရပြီးမှ ပိုမိုလှပလာတယ်လို့ ထင်ရပါတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က ပုံစံနဲ့ယှဉ်မယ်ဆိုရင်တော့ အခုပုံကပိုမိုတည်ငြိမ်ရင့်ကျက်တဲ့ အလှနဲ့ အသွင်တစ်မျိုးဆန်းနေတာတော့ အမှန်ပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။