သင့်ကို အံ့သြမှင်သက်သွားစေနိုင်မယ့် သုတေသီတွေရဲ့ ရှာဖွေတွေ့ရှိချက်များ

တိုးတက်လာတဲ့ ဒီနေ့ခေတ်အချိန်အခါမှာတော့ လူသားတွေအနေနဲ့ မိမိတို့ရဲ့ ဖြစ်တည်မှုတေကို အချက်ကျကျ အသေးစိတ်ပိုမို သိရှိလာနေကြပြီပဲဖြစ်ပါတယ်။ ဒီလိုမျိုး သိရှိနိုင်ဖို့အတွက်တော့ နိုင်ငံတကာက ပညာရှင်တွေဟာ သုတေသနလုပ်ငန်းပေါင်းများစွာကို အချိန်ကုန်၊ ငွေကုန်ခံပြီး ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။ ဒီနေ့ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဒီလို သုတေသနပြုလုပ်ချက်တွေကနေ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ အံ့အားသင့်ဖွယ်အချက်အလက်တွေ ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ကွန်ပျူတာတွေကို ဗိုင်းရပ်စ်ဝင်တဲ့ အချက်အလက်တွေကို လေ့လာစိစစ်ပြီး မှတ်တမ်း ခဲ့ရာမှာတော့ အံ့အားသင့်စရာ အချက်တစ်ချက်ကို မယုံကြည်နိုင်စရာတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒါကတော့ ဗိုင်းရပ်စ်တွေဟာ အဖော်အချွတ်ညစ်ညမ်းဝက်ဘ်ဆိုဒ်တွေထက် ဘာသာရေးနဲ့သက်ဆိုင်တဲ့ဝက်ဘ်ဆိုဒ် တွေကနေပိုမိုဝင်ရောက်တယ်ဆိုတာပါပဲ။ shwekhitonlinetv.com

၂။ ခွေးတွေဟာ မျိုးစိတ်ပေါင်းများစွာရှိသလို ၎င်းတို့မှာ သွေးအမျိုးအစားပေါင်းက လည်း လူသားတွေထက်စာရင်များပြားလှပါတယ်။ ခွေးတွေမှာ သွေးအမျိုးအစားပေါင်း (၁၃) မျိုးရှိပြီး လူတွေလိုပဲ သူတို့ဟာလည်း အချင်းချင်းသွေးပေးဝေနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ ကနုကမာကောင်တွေကတော့ လူသားတွေအနေနဲ့ ပုလဲ ထုတ်ယူဖို့မွေးမြူကြတဲ့ ရေသတ္တဝါတစ်မျိုးဆိုတာ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ မသိသေးတဲ့အချက်ကတော့ ကနုကမာကောင်တွေဟာ မိတ်လိုက်ဖို့ အခြေ အနေပေါ်မူတည်ပြီး မူရင်းလိင်မှနောက်လိင်တစ်မျိုးသို့အ ကြိမ်ကြိမ်ပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ လူ့သားတွေရဲ့ အမြင်အာရုံတည်ဆောက်ပုံစနစ်အရ အရောင်အမျိုးအစားတွေထဲမှာ အခြားအရောင်တွေကိုသိတာထက် အဝါရောင်ကို တစ်ဆခွဲနီးပါးလောက် မြန်မြန်ပိုသိနိုင်တာကြောင့် ကျောင်းကားတွေနဲ့ လမ်းအချက်ပြဆိုင်းဘုတ်တွေရဲ့အရောင်ကို အဝါရောင်အဖြစ်အသုံးပြုကြ တယ်လို့ဆိုကြပါတယ်။ shwekhitonlinetv.com

၅။ သုတေသန ပြုလုပ်ချက်တွေနဲ့ လေ့လာတွေ့ရှိချက်တွေအရတော့ ကမ္ဘာပေါ်ကလူဦးရေ သန်းပေါင်း (၈၀၀၀) နီးပါးထဲမှာ သင်နဲ့ရုပ်ခြင်းချွတ်စွပ်တူတဲ့သူ အနည်းဆုံး (၇) ဦးရှိနိုင်ပြီး၊ သင့်ဘ၀မှာ အဲ့ဒီထဲက တစ်ယောက်လောက်ကိုတွေ့နိုင်ဖို့ကတော့ (၉) ရာခိုင်နှုန်းလောက်အခွင့်အရေးရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၆။ Mole ဆိုတဲ့အကောင်လေးတွေကို မြင်ဖူးကြလားပရိသတ်ကြီးရေ ? သူကကြွက်နဲ့ပုံစံဆင်တူပြီး မြန်မာနိုင်ငံမှာတော့ (ပွေး) လို့ခေါ်ဝေါ်ကြပါတယ်။ ဒီကောင်လေးတွေရဲ့ ထူးခြားတဲ့ Skill တစ်ခုကတော့ အရှည် (ပေ-၃၀၀) လောက်ရှိတဲ့လှိုင်ခေါင်းကို တစ်ညအတွင်းဖေါက်နိုင်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ကမ္ဘာပေါ်က အသည်းယားစရာအကောင်းဆုံးနေရာဟာ အမေရိကန်နိုင်ငံ ဆန်ဒီရေဂိုမြို့အနီးမှာရှိပြီး Potato Chip Rock လို့ ခေါ်ကြပါတယ်။ ဒါပေမယ့်လည်း ဓာတ်ပုံရိုက်ကတာကို ဝါသနာပါတဲ့သူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက်တော့ ဒီနေရာကဆွဲဆောင်မှုရှိတာ အမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဒီအချက်ကတော့ အတော်လေးကြောက်ဖို့ကောင်းပါတယ်။ ဒါကြောင့် စမ်းသပ်တာမျိုးမလုပ်ဖို့ကိုလည်း ကြိုတင်သတိပေးပါရစေနော်။ သိပ္ပံပညာရှင်တွေရဲ့ သုတေသန ပြုလုပ်မှုတွေအရတော့ လူတစ်ယောက်ဟာ နှာချေချင်နေတာကို အတင်းထိန်းချုပ်ထားမယ်ဆိုရင် ခေါင်းနဲ့လည်ပင်းကသွေးကြောတွေကိုပေါက်ထွက်စေပြီး သေဆုံးနိုင်ပါတယ်တဲ့။ shwekhitonlinetv.com

၉။ တရုတ်နိုင်ငံဟာဆိုရင် Facebook ၊ Twitter နဲ့ Youtube လို့နာမည်ကျော် Website တွေ Applications တွေကို နိုင်ငံတွင်းမှာ သုံးစွဲခွင့်မပေးပဲ ပိတ်ပင်ထားပါတယ်တဲ့ ပရိသတ်ကြီးရေ။ shwekhitonlinetv.com

၁၀။ အများအားဖြင့်တော့လူအများစုဟာ တစ်နေကုန်လှုပ်ရှားရုန်းကန်လာရတဲ့ မိမိရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဦးနှောက်ကိုအနားပေးဖို့အတွက် ညဘက်မှာ အိပ်စက်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်က နေ့ဘက်မှာထက် ညဘက်မှာ ပိုအလုပ်လုပ်တယ်လို့ သုတေသနမှတ်တမ်းတွေမှာဖော်ပြနေကြပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။