တန်ဖိုးကြီးမားပြီး အလွန်ရှားပါးတဲ့ တံဆိပ်ခေါင်းများ

ဒီနေ့လိုမျိုး ခေတ်မီတဲ့ အင်တာနက်နည်းပညာတွေ မပေါ်ပေါက်မီကာလတွေက ကမ္ဘာ့ပေါ်က နိုင်ငံတွေဟာ စာအိတ်သုံးစာပို့စနစ်ကို အသုံး ပြုခဲ့ကြပါတယ်။ ထို့အတူပဲ စာပို့တံဆိပ်ခေါင်းတွေကိုလည်း နိုင်ငံအလိုက်ထုတ်ဝေခဲ့ကြပါတယ်။ ဒါပေမယ့် လည်းအခုအခါမှာတော့ တံဆိပ်ခေါင်းတွေရဲ့ အခန်းကဏ္ဍကမှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်လို့နေပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ဒီလိုပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှာပါးတံဆိပ်ခေါင်းတွေထဲကမှ တန်ဖိုးအကြီးမားဆုံး တံဆိပ်ခေါင်းတစ်ချို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ 3c George Washington w/ B Grill, 1867
Price: $900,000

အမေရိကန်ရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ ဂျော့ရှ်ဝါရှင်တန်ရဲ့ ရုပ်ပုံပါတဲ့ တံဆိပ်ခေါင်းအတော်များများကတော့ လက်ရှိအချိန်မှာ ရှားပါးလှသလို တန်ဖိုးလည်းကြီးလှပါတယ်။ အထူးသဖြင့်တော့ ၁၈၆၇ ခုနှစ်ကထုတ်ဝေခဲ့တဲ့ (၃) ဆင့်တန် တံဆိပ်ခေါင်း (3c George Washington w/ B Grill) ဖြစ်ပြီး လေလံပွဲတစ်ခုမှာ ဒေါ်လာ (၉) သိန်းနဲ့ လေလံအောင်ခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၆။ 1c Benjamin Franklin Z Grill, 1868
Price: $935,000

ယခင်အမေရိကန်စာတိုက်မင်းကြီးဟာ စာပို့တံဆိပ်ခေါင်းတော်တော်များများမှာ နိုင်ငံရဲ့ အထင်ကရပုဂ္ဂိုလ်တွေရဲ့ပုံကို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီထဲမှာ ဘင်ဂျမင်ဖရန့်ကလင်းလဲ အပါအဝင်ဖြစ်ပါတယ်။ ဘင်ဂျမင်ဖရန့်ကလင်းရဲ့ ရုပ်ပုံပါတဲ့ တံဆိပ်ခေါင်းတွေထဲမှာတော့ (၁၈၆၈) ခုနှစ်ထုတ် 1c Benjamin Franklin Z Grill ကအထင်ရှားဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၉၈ ခုနှစ်က ဒီတံဆိပ်ခေါင်းတစ်ခုကို လေလံပွဲတစ်ခုမှာ အမေရိကန်ဒေါ်လာ (၉)သိန်းကျော်ပေးပြီး ဝယ်ယူသွားခဲ့လို့ပဲဖြစ်ပါတယ်။shwekhitonlinetv.com

၅။ The Inverted Jenny, 1918
Price: $1.35 Million

The Inverted Jenny (ဇောက်ထိုးဂျယ်နီ) လို့ လူသိများပြီး ပုံနဲ့စာက ပြောင်းပြန်ဇောက်ထိုး ဖြစ်နေတဲ့ ဒီစာပို့ တံဆိပ်ခေါင်းကိုတော့ (၁၉၁၈) ခုနှစ် က အမေရိကန်နိုင်ငံမှာ ထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။ (၂၄) ဆင့်သာ တန်တဲ့ ဒီတံဆိပ်ခေါင်းဟာ ပုံနှိပ်အမှားတစ်ခုကြောင့် ဒီနေ့ခေတ်ကာလမှာ အလွန်ရှားပါးတဲ့ တံဆိပ်ခေါင်း တစ်ခုဖြစ်လာခဲ့ပါတယ်။ တံဆိပ်ခေါင်းပေါ်မှာ လေယာဉ်ပျံပုံကို ပြောင်းပြန်ရိုက်နှိပ်ထားတဲ့ ဒီတံဆိပ်ခေါင်းဟာ အခုရေ (၁၀၀) လောက်ပဲကျန်ရှိတော့တယ်လို့သိရပါတယ်။ The Inverted Jenny ဟာ ရှေးဟောင်းလေလံပွဲတွေမှာ ဒေါ်လာ (၁.၃၅) သန်းထိပေါက်စျေးရှိတဲ့ တံဆိပ်ခေါင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Baden 9 Kreuzer Error, 1851
Price: $1.8 Million

ယခင် ဂျာမနီနိုင်ငံ ဘာဒန်ပြည်နယ်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်းဖြစ်ပါတယ်။ ဒီတံဆိပ်ခေါင်းကိုပုံနှိပ်ထုတ်ဝေရာမှာလည်း မှားယွင်းမှုရှိခဲ့ပါတယ်။ ဒါကတော့ တံဆိပ်ခေါင်းတန်ဖိုးကို 6 Kreuzer လို့ရိုက်နှိပ်ရမယ့် အစားပြောင်းပြန်ဖြစ်ကာ 9 Kreuzer လို့ရိုက်နှိပ်ထုတ်ဝေ မိခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီတံဆိပ်ခေါင်းကလည်း အလွန်ရှားပါးတဲ့ တံဆိပ်ခေါင်း စာရင်းဝင်တာကြောင့် လေလံပွဲတစ်ခုမှာ ဒေါလာ (၁.၈) သန်းကျော်နဲ့ လေလံအောင်ခဲ့တယ်လို့သိရပါတယ်။shwekhitonlinetv.com

၃။ The Sicilian Error of Color, 1859
Price: $2.6 Million

စစ္စလီဘာသာစကားနဲ့ ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်းဖြစ်ပါတယ်။ ဒီတံဆိပ်ခေါင်းကတော့ Sicilian Error of Color ဆိုပြီးလူသိများလှပါတယ်။ ဒီတံဆိပ်ခေါင်းကိုရှာဖွေတွေ့ရှိခဲ့တဲ့သူက မူရင်းတံဆိပ်ခေါင်းကိုရှာဖွေတွေ့ရှိခဲ့တာမဟုတ်ဘဲ မိတ္တူတံဆိပ်ခေါင်းနှစ်ခုကိုသာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကို ပုံနှိပ်ပြီးပြန်လည်ထုတ်ဝေခဲ့တဲ့အခါမှာ အရောင်ကွဲလွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မူလတံဆိပ်ခေါင်းက အဝါရောင်ဖြစ်ပေမယ့် အပြာရောင်အဖြစ်မှားယွင်းရိုက်နှိပ်မိခဲ့တာဖြစ်ပါတယ်။ ဒါတောင်မှ အတော်လေး စျေး​မြင့်ခဲ့ပြီး British Magenta လေလံမအောင်ခင်အထိ နံပါတ် (၁) စျေးအကြီးဆုံးတံဆိပ်ခေါင်းဘွဲ့ကို ရယူထားနိုင်ခဲ့တာပါ။ shwekhitonlinetv.com

၂။ Treskilling Yellow, 1855
Price: $2.6 Million

ဆွီဒင်နိုင်ငံမှာ ၁၈၅၅ ခုနှစ်က ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်းဖြစ်ပြီး အရောင်မှားယွင်းရိုက်နှိပ်ထုတ်ဝေမိတာကြောင့် နာမည်ကျော်ခဲ့တဲ့ တံဆိပ်ခေါင်းလည်းဖြစ်ပါတယ်။ အစိမ်းရောင်နှင့် အပြာရောင်သာ ရိုက်နှိပ်ထုတ်ဝေလေ့ရှိတဲ့ ဆွီဒင်နိုင်ငံ ရဲ့တံဆိပ်ခေါင်းတွေအကြားမှာ အရောင်မှားယွင်းပြီး အဝါရောင်တံဆိပ်ခေါင်းအဖြစ် ထုတ်ဝေခဲ့တဲ့ ရှားရှားပါးပါး တံဆိပ်ခေါင်းဖြစ်ပါတယ်။ ဒီတံဆိပ်ခေါင်းကိုတော့ ၁၉၉၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ တံဆိပ်ခေါင်းလေလံပွဲ တစ်ခုမှာ ဒေါ်လာ ၂ ဒသမ ၃ သန်းနဲ့ လေလံအောင်ခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ British Guiana 1c Magenta
Price $9.48 Million

၂၀၁၄ ခုနှစ်တွင်ပြုလုပ်ခဲ့တဲ့ တံဆိပ်ခေါင်းလေလံပွဲတစ်ခုမှာတော့ ဗြိတိန်နိုင်ငံက ထုတ်ဝေခဲ့တဲ့ British Guiana 1c Magenta လို့အမည်ရတဲ့ တံဆိပ်ခေါင်းတစ်ခုဟာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ သန်းနီးပါးရရှိခဲ့ပါတယ်။ ဒါဟာ တံဆိပ်ခေါင်းတစ်ခုအတွက် အမြင့်ဆုံးပေးချေခဲ့ရတဲ့ ပမာဏအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီတံဆိပ်ခေါင်းကို ထုတ်ဝေခဲ့တာက ၁၈၅၆ ခုနှစ်ကဖြစ်တာကြောင့် နှစ်ပေါင်း (၁၆၀) ကျော်သက်တမ်းရှိပြီလည်းဖြစ်ပါတယ်။ နောက်ပြီး တစ်ကမ္ဘာလုံးမှာမှ တစ်ခုတည်းကျန်တော့ တာကြောင့် ယခုလိုစျေးကြီးနေရခြင်းဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။