ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် အဆောက်အဦးများအကြောင်း

မြန်မာနိုင်ငံဟာ အင်္ဂလိပ် – မြန်မာစစ်ပွဲအပြီးမှာ ဗြိသိသျှကိုလိုနီအဖြစ်ရောက်ရှိခဲ့ပြီး လက်အောက်ခံအဖြစ် နှစ်ပေါင်း (၁၂၄) နှစ်လောက်နေခဲ့ရပါတယ်။ ဗိသုကာလက်ရာမြောက်တဲ့ ဗြိသိသျှအဆောက်အဦးများစွာဆောက်လုပ်ခဲ့ပြီး ရန်ကုန်မြို့ဟာဆိုရင် အရှေ့တောင်အာရှမှာ ထင်ရှားတဲ့အဆောက်အဦးများစွာရှိခဲ့တဲ့ မြို့တော်တစ်ခုအဖြစ် ထင်ရှားခဲ့ပါတယ်။ shwekhitonlinetv.com

လွတ်လပ်ရေးရပြီးနောက်မှာ အဆိုပါအဆောက်အဦးတွေကို အစိုးရရုံးတွေအဖြစ်ဆက်လက်အသုံးပြုခဲ့ပြီး ယခုဆိုရင် ရန်ကုန်မြို့ပြအမွေအနှစ်စာရင်းဝင် ခရီးသွားများလာရောက်လည်ပတ်ရာ နေရာများအဖြစ် ထင်ရှားနေပြီဖြစ်ပါတယ်။ ယခုတစ်ခေါက်မှာ ထင်ရှားတဲ့ကိုလိုနီအဆောက်အဦးတွေထဲက (၁၀) ခုကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Secretariat (ဝန်ကြီးများရုံး)

ဝန်ကြီးများရုံးကို ၁၉၀၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကိုလိုနီခေတ်အဆောက်အဦးတွေထဲမှာ အထင်ရှားဆုံးဖြစ်ပါတယ်။ နာမည်ကျော် Victorian Architecture စတိုင် အနီရောင်အုတ်တွေကို အသုံးပြုတည်ဆောက်ထားပြီး ရှေးခေတ် Corinthian နဲ့ Greek အဆောက်အဦးပုံစံဒီဇိုင်းတွေအတိုင်း ဆောက်လုပ်ထားတာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဗဟိုရုံးတော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကျဆုံးခဲ့တဲ့ နေရာ၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော လွှတ်တော်အဆောက်အအုံ၊ လွတ်လပ်ရေးရပြီးမြန်မာနိုင်ငံရဲ့ အလံတော် ပထမဆုံးလွှင့်တင်ရာနေရာဖြစ်တာကြောင့် မြန်မာသမိုင်းရဲ့ အထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ High Court (တရားရုံးချုပ်ဟောင်း)

၁၉၀၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး James Ransome အမည်ရ ဗိသုကာပညာရှင်က Queen Anne ခေတ်ကဗိသုကာလက်ရာအတိုင်း ဒီဇိုင်းပုံစံရေးဆွဲပေးထားတာဖြစ်ပါတယ်။ ၁၉၁၁ ခုနှစ်မှာ ဗြိသိသျှတရားရုံးချုပ်အဖြစ် အသုံးပြုခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ မြန်မာနိုင်ငံတရားရုံးချုပ် ဖြစ်လာခဲ့ပါတယ်။ ထင်ရှားတဲ့အမှတ်အသားအနေနဲ့ အုတ်နီတွေနဲ့ ဆောက်လုပ်ထားပြီး နာရီစင်ထည့်သွင်းတည်ဆောက်ထားပါတယ်။ shwekhitonlinetv.com

၃။ Rowe & Co (ရိုး ကုန်တိုက်)

ဗြိသိသျှခေတ် Victoria ဗိသုကာစတိုလ်ဆောက်လုပ်ထားတဲ့ Rowe & Co (ရိုးကုန်တိုက်) အဆောက်အအုံဟာဆိုရင် ၁၉၁၁ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှရဲ့ အကြီးဆုံးကုန်တိုက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီခေတ်အချိန်အခါက ဓာတ်လှေကား၊ ပန်ကာ အစရှိတဲ့ နောက်ဆုံးပေါ် အင်ဂျင်နီယာနည်းပညာတွေကို ထည့်သွင်းဆောက်လုပ်ခဲ့ပြီး ကြီးကျယ်ခမ်းနားခဲ့ပါတယ်။
၁၉၆၀ မှ ၂၀၀၅ ခုနှစ်အထိ အစိုးရမှ လူဝင်မှုကြီးကြပ်ရေးရရုံးအဖြစ် အသွင်ပြောင်းခဲ့ပြီး ယခုအချိန်မှာ ဧရာဝတီဘဏ်ရုံးချုပ်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ မြေအောက်ခန်းတွေပါရှိပြီး ရန်ကုန်မှာ သံမဏိဘောင်ကို ပထမဆုံးအသုံးပြုခဲ့တဲ့ အဆောက်အအုံ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Strand Hotel (စထရန်းဟိုတယ်)

ရန်ကုန်မြို့ရဲ့ ထိပ်တန်းဟိုတယ်တစ်ခုဖြစ်တဲ့ Strand Hotel ဟာဆိုရင်လည်း ကိုလိုနီခေတ်ကတည်ဆောက်ခဲ့တဲ့ ထိပ်တန်းဗိသုကာလက်ရာတစ်ခု ဖြစ်ပါတယ်။ Victorian ဗိသုကာစတိုင်ဆောက်လုပ်ထားတဲ့ Strand Hotel ကို ၁၉၀၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး Sarkies Brothers စီးပွားရေးအုပ်စုမှ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဂျပန်တို့မှ သိမ်းယူခဲ့ပြီး စစ်ရုံးအဖြစ်အသုံးပြုခဲ့ပါတယ်။ shwekhitonlinetv.com

၅။ Myanmar Port Authority (မြန်မာဆိပ်ကမ်းအာဏာပိုင်ရုံး)

တချိန်က ကမ္ဘာမှာ နယူးယောက်ဆိပ်ကမ်းပြီးနောက် ဒုတိယမြောက် စီးပွားရေးအချက်အချာ အကျဆုံးဆိပ်ကမ်းမြို့ဖြစ်ခဲ့ပါတယ်။ Irrawaddy Flotilla ကုမ္ပဏီရဲ့ ရုံးချုပ်အဖြစ်တည်ရှိခဲ့ပြီး အခုအချိန်မှာတော့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရဲ့ Myanmar Port Authority (မြန်မာဆိပ်ကမ်းအာဏာပိုင်ရုံး) အဖြစ်တည်ရှိနေပါတယ်။ Corinthian ဗိသုကာစတိုင်ဆောက်လုပ်ထားပြီး အဆောက်အဦးရှိ မျှော်စင်မှာ မြစ်ရဲ့ရှုခင်းကို ကြည့်နိုင်အောင် အခြားအဆောက်အအုံများထက် ပိုမိုမြင့်အောင် တည်ဆောက်ထားပါတယ်။ shwekhitonlinetv.com

ဒုတိယကမ္ဘာစစ်မှာ ဂျပန်ကင်ပေတိုင်စခန်းဌာနချုပ်ဖြစ်ခဲ့ပြီး ၁၉၇၄ မှာတော့ မြန်မာပြည် ဆိုရှယ်လစ်ပါတီဌာနချုပ် အဖြစ်အသုံးပြုခဲ့ပါတယ်။ ယခုမှာတော့ Rosewood Hotels & Resorts မှ Rosewood Yangon အမည်ရှိဇိမ်ခံဟိုတယ် ဖွင့်လှစ်ထားပါတယ်။ shwekhitonlinetv.com

၆။ Accountant General Building (စာရင်းစစ်ရုံး)

ပန်းဆိုးတန်း လမ်းပေါ်မှာတည်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် အဆောက်အအုံဟာ ယိုယွင်းမှုတွေရှိနေပြီး ပြန်လည်ပြင်ဆင်မွမ်းမံဖို့လိုအပ်တဲ့ အဆောက်အအုံလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံစာရင်းစစ်ချုပ် ဦး မျိုးမြင့်၏နေအိမ်အဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၇။ Bogyoke Aung San Market (ဗိုလ်ချုပ်အောင်ဆန်းစျေး)

ဗိုလ်ချုပ်အောင်ဆန်းဈေး သည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင်တည်ရှိသည်။ ကိုလိုနီခေတ်ဦးက ယခုဗိုလ်ချုပ်အောင်ဆန်းဈေးနေရာတွင် အယ်လီဖင့်စတုံး၊ အင်ပါရာဖာရစီ ကဇာတ်ရုံနှင့် စီနီမာဒီပဲရစ် ရုပ်ရှင်ရုံများ တည်ရှိခဲ့သည်။ ရန်ကုန်မြူနီစပါယ်အဖွဲ့ (ယခု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ) က ၁၉၂၆ ခုနှစ်တွင် ဈေးသစ်ကြီး ဆောက်လုပ်ခဲ့ရာ မြူနီစပါယ်မင်းကြီးစကော့ကို ဂုဏ်ပြုသောအားဖြင့် စကော့ဈေးဟု အမည်တွင်ခဲ့သည်။ ဂျပန်ခေတ်တွင် ရန်နိုင်ဈေးဟု ခေါ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးဟု အမည်ပြောင်းခဲ့သည်။ shwekhitonlinetv.com

၈။ Pegu Club (ပဲခူးကလပ်)

ပဲခူးကလပ်သည် ဗစ်တိုးရီးယားခေတ် ဗိသုကာလက်ရာဟန် ဆောက်လုပ်ထားသော အထက်တန်းလွှာအမျိုးသားကလပ်တစ်ခုဖြစ်ပြီး ရန်ကုန်မြို့၊ မြန်မာနိုင်ငံတွင် တည်ရှိသည်။ ကလပ်ကို ၁၈၈၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၂ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ ဗြိတိသျှတို့ အထက်မြန်မာပြည်အား သိမ်းပိုက်ခြင်းပြီးသည့်နောက် ဗြိတိသျှအရာရှိများနှင့် မြို့ပြအုပ်ချုပ်ရေးအရာရှိများအတွက် ဝန်ဆောင်မှုပေးရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ပဲခူးကလပ်သည် အရှေ့တောင်အာရှတွင် ကွာလာလမ်ပူမြို့ရှိ Royal Selangor Club နှင့် စင်ကာပူရှိ Tanglin Club များနည်းတူ ထင်ရှားကျော်ကြားလှသော ကလပ်တစ်ခုလည်း ဖြစ်ခဲ့သည်။ shwekhitonlinetv.com

ပဲခူးကလပ်သည် ပြည်လမ်းတွင် ရုရှားသံရုံးနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ကိုလိုနီခေတ်တွင် ထိုကလပ်သို့ဝင်ခွင့်ကို မြန်မာနိုင်ငံသားများအတွက် ကန့်သတ်ထားခဲ့သည်။ ယခုအခါတွင် ပဲခူးကလပ်သည် အစိုးရ၏ ထိန်းသိမ်းစောင့်ရှောက်မှု နည်းပါးစွာဖြင့် ထီးထီးတည်ရှိနေခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် မူလလက်ရာမပျက်အောင် ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ပါသည်။ Paul Therouxသည် ၁၉၇၁ ခုနှစ်တွင် ပဲခူးကလပ်သို့ လာရောက်လည်ပတ်ခဲ့ပြီး ၎င်း၏ The Great Railway Bazaar ဟုသောစာအုပ်တွင် ပဲခူးကလပ်အကြောင်း ထည့်ရေးခဲ့သည်။ shwekhitonlinetv.com

ပဲခူးကလပ်ကော့တေး

၁၉၂၀ ခုနှစ်များတွင် ပဲခူးကလပ်တွင်ရရှိသည့် ပဲခူးကလပ်ကော့တေးသည် နာမည်ကျော်ကြားသည့် အဖျော်ယမကာတစ်ခု ဖြစ်ခဲ့သည်။ shwekhitonlinetv.com

၉။ Governor’s Residence (ဘုရင်ခံအိမ်တော်)

အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို စီရင်အုပ်ချုပ်မည့်သူတို့၏ ကော်မရှင်နာ မင်းကြီးများ၊ ဒုတိယ ဘုရင်ခံနှင့် ဘုရင်ခံများ နေထိုင်ရန်နှင့် ရုံးစိုက်ရန်အတွက် ရန်ကုန်မြို့ အလုံလမ်းတွင် (ယခုသမ္မတအိမ်တော်) ခမ်းနားကြီးကျယ်သော အဆောက်အဦးကြီးကို တည်ဆောက်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးပြီး အင်္ဂလိပ် လက်အောက်ရောက်ခဲ့သည့် အမှတ် သင်္ကေတအဖြစ် နှစ်ပေါင်းတစ်ရာကျော် တည်ရှိခဲ့သည်။ shwekhitonlinetv.com

ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ ဂေဟာ တစ်ဖြစ်လဲ ဘုရင်ခံအိမ်တော်
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် မြန်မာနိုင်ငံအား လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်၊ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ထိုဘုရင်ခံအိမ်တော်ရှေ့တွင်ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် အင်္ဂလိပ်တို့၏ နောက်ဆုံး ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်) နှင့် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်တို့ တက်ရောက်ကြပြီး အင်္ဂလိပ် တို့၏ ယူနီဂျက်အလံကို တိုင်အောက်သို့ လျှော့ချစေပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို တိုင်ထက်သို့ လွင့်ထူခဲ့သည်။ ထိုနောက် ဘုရင်ခံ အိမ်တော်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ အဆက်ဆက် နေထိုင်ခဲ့သည်။ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ဘုရင်ခံ အိမ်တော် အဆောက်အဦးကို ဖြိုချခဲ့ပြီးနောက် သမ္မတ အိမ်တော် အသစ်ကို တည်ဆောက်ခဲ့သည်။ shwekhitonlinetv.com

၁၀။ Police Commissioner’s Building

ဆူးလေဘုရားလမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်းအကြား ကမ်းနားလမ်းပေါ်မှာတည်ရှိပါတယ်။ တိုင်လုံးရှည်ပေါင်း (၂၂) တိုင်နဲ့ ဒီဇိုင်းထွင်ဆောက်လုပ်ထားတဲ့ ဂရိဗိသုကာ လက်ရာအဆောက်အအုံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Police Commissioner Building ကို ၁၉၂၇ခုမှာ တည်ဆောက်ခဲ့ပြီး ၁၉၃၁ခုမှာ ပြီးစီးပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဂျပန်တွေရဲ့ ကင်ပေတိုင်စခန်းအဖြစ် သုံးခဲ့တယ်။ လွတ်လပ်ရေး ရပြီးနောက်မှာ ရဲမင်းကြီးရုံး၊ လေကြောင်းပျံသန်းရေဌာနရုံးအပြင် အခြားဌာနများရုံးအဖြစ်လည်း သုံးခဲ့ပါသေးတယ်။ ၁၉၆၅ခုမှ ၁၉၈၅ခု အတွင်းမှာ မြန်မာ့ဆိုရှယ်လစ်ပါတီရဲ့ ဌာနချုပ်အဖြစ် အသုံးပြုသေးတယ်။ နောက်ပိုင်းမှာ ရန်ကုန်တိုင်း တရားရုံးချုပ်အပြင် အစိုးရရုံးဌာနာများအဖြစ် ဆက်လက် အသုံးပြုပါတယ်။ လက်ရှိမှာတော့ Rosewood Yangon Hotel အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ တခြားနေရာများတွင် ကူးယူဖော်ပြခွင့်မပြုပါ။