Uncategorized

ကမ္ဘာ့ရယ်စရာ အကောင်းဆုံး ကလေးငယ်များ (သို့) အမွှေစိန်လေးများ

ကလေးတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံနဲ့ အတွေးတွေဟာအတော်လေးကို ထူးခြားဆန်းပြားပြီးနားလည်ရခက်ပါတယ်။ ဘာကြောင့်အခုလိုပြောရသလဲဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ပုံတွေကိုကြည့်ရင် သဘောပေါက်ပါလိမ့်မယ်။ shwekhitonlinetv.com ၁။ ခြေထောက်နဲ့ဖိထားတဲ့စာအုပ်ကို ကောက်ယူဖို့ကြိုးစားနေတဲ့ကလေးလေး။ ၂။ ဘာစိတ်ကူးနဲ့အခုလိုလေးတွေ လုပ်နေတာပါလိမ့်။ ၃။ သူမကတော့ အခြားကမ္ဘာကလာတဲ့သူလား ဒါမှမဟုတ် ရှေးဟောင်းမျိုးနွယ်စုတစ်စုကနေပြန်ဝင်စားသလား တစ်ခုခုပါပဲ။ ၄။ သားသားရဲ့ဆိုင်ကယ်စီးခေါင်းစွပ်ကလန်းရဲ့လားဗျ။ ၅။ စတူဒီယိုခန်းထဲလာထိုင်နေတဲ့ ကလေးတစ်ဦးရဲ့ဒီဇိုင်း။ သူ့ပုံကြည့်ရတာ တစ်ခုခုကြောင့် စိတ်ညစ်နေသလိုပါပဲ။ ၆။ ဟာ ဒီကလေးရဲ့ဖက်ရှင်ကတစ်ကယ့်ကိုအလန်းစားနော်။ ၇။ (၅) တန်းကလေးတစ်ဦးရဲ့ ကာတွန်းရေးဆွဲမှုလေး။ အိုင်ဒီယာကတော့ […]

Uncategorized

ခေတ်မီတဲ့မြို့ပြလူနေမှုစနစ်ရဲ့ အခြားတစ်ဘက်ခြမ်းက စိတ်ပျက်စရာဓာတ်ပုံများ

ကမ္ဘာပေါ်မှာခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ မြို့ပြတွေများစွာရှိပါတယ်။ ဒါပေမယ့် ဒီအထဲက မြို့ပြတစ်ချို့ကတော့ တစ်ဘက်မှာအရမ်းကိုခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သာယာလှပတဲ့မြင်ကွင်းတွေနဲ့ စိတ်ချမ်းသာစရာကောင်းနေပေမယ့် တစ်ဘက်ခြမ်းမှာတော့ စိတ်ပျက်စရာကောင်းလှတဲ့ မြင်ကွင်းတွေရှိနေပါတယ်။ ဒီလိုမြင်ကွင်းတွေကို Urban Hell Reddit လို့ခေါ်တဲ့ လူမှုကွန်ယက် Group တစ်ခုကအခုလိုပဲဖော်ပြခဲ့ပါတယ်။ shwekhitonlinetv.com ၁။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရဲ့ စိတ်ပျက်ဖွယ်မြင်ကွင်းတစ်ခု။ shwekhitonlinetv.com ၂။ ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုနဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရဲ့မြင်ကွင်း။ shwekhitonlinetv.com ၃။ ဖိလစ်ပိုင်နိုင်ငံ မာကာတီမြို့ရဲ့ မတူညီတဲ့မြင်ကွင်းတစ်ခု။ shwekhitonlinetv.com ၄။ ပါကစ္စတန်နိုင်ငံ […]

Knowledge

တစ်သက်နဲ့တစ်ကိုယ် အပြင်မှာမြင်တွေ့ရဖို့မဖြစ်နိုင်လောက်တဲ့ ရှားပါးမျိုးဗီဇပိုင်ရှင်များ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် အလွန်တရာရှားပါးပြီး မြင်တွေ့ရခဲတဲ့ မျိုးဗီဇချို့ယွင်းမှု တချို့အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေဟာ အတော်လေးကိုဖြစ်ခဲတာကြောင့်မို့လို့ လူအယောက် (၁) သန်းမှာတစ်ယောက်တောင်မှ မြင်တွေ့ရဖို့မဖြစ်နိုင်ပါဘူး။ ဘယ်လိုမျိုး မျိုးဗီဇချို့ယွင်းမှုတွေများ ဖြစ်မလဲဆိုတာဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com ၁။ Hutchinson-Gilford Syndrome – Rapidly Aging Children လူအတော်များများကတော့ အချိန်မတိုင်ခင်မှာ အိုမင်းရင့်ရော်လာတာမျိုးကိုကြောက်ရွံ့ကြပါတယ်။ ဒါကြောင့် အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်တွေကိုနှေးကွေးအောင် တက်စွမ်းသလောက်ပြုလုပ်လေ့ရှိကြပါတယ်။ ဒီကလေးလေးကတော့ Hutchinson-Gilford Syndrome ကြောင့် အသက် (၁) […]

Uncategorized

သင်သိရင် မျက်လုံးပြူးသွားမယ့် စျေးအကြီးဆုံး အလှစိုက်ပန်းပင်တွေရဲ့ စျေးနှုန်းများ

“အလှစိုက်တဲ့ပန်းပင်တစ်ပင်က ဘယ်လောက်တန်မှာမို့လို့လဲကွာ” အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကိုဖတ်ပြီးရင်တော့ သင့်အနေနဲ့ ဒီစကားကိုပြောထွက်ဖို့အတွက် အနည်းငယ်စဉ်းစားသွားရပါလိမ့်မယ်။ ဘာကြောင့်လဲသိချင်ရင်တော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com ၈။ Pink Plant Sensation အိမ်တွင်းအလှစိုက်တဲ့အပင်တွေထဲမှာတော့ Pink Plant Sensation ပန်းပင်ကအတော်လေးကိုဈေးကြီးတယ်လို့ဆိုရမှာပါ။ မြန်မာအခေါ် ပိန်းပန်းပင်မျိုးနွယ်တစ်မျိုးဖြစ်တဲ့ ဒီပန်းပင်ဟာ မျိုးစပ်စမ်းသပ်အောင်မြင်ထားတာဖြစ်ပြီး တစ်ပင်ကို ဒေါ်လာ (၂၀၀) လောက်တန်ကြေးရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com ၇။ Variegated Philodendron Minima ဒီအပင်ကိုတော့ ဆွစ်ဒိန်ခဲပင်လို့လည်း အလွယ်ခေါ်ကြပါတယ်။ သာမန်အပင်တစ်ပင်ကို ပျမ်းမျှအားဖြင့် […]

Knowledge

လူသိအရမ်းနည်းလွန်းလှပြီး ထူးခြားတဲ့နောက်ခံသမိုင်းကြောင်းလေးတွေရှိနေတဲ့ ကျွန်းများ

ကမ္ဘာပေါ်မှာရှိတဲ့ကျွန်းအရေအတွက်ကတော့ မရေမတွက်နိုင်အောင်ပဲများပြားလှမယ်ထင်ပါတယ်။ ဒါပေမယ့် ရွှေခေတ်ပရိသတ်တွေကို အခုတစ်ခေါက်မှာလူသိအရမ်းနည်းလွန်းလှပြီး ထူးခြားတဲ့နောက်ခံသမိုင်းကြောင်းလေးတွေရှိနေတဲ့ကျွန်းလေးတွေအကြောင်းဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ ကျိန်စာသင့်နေတဲ့ Gaiola ကျွန်းကလေး ကြီးမားတဲ့ ကျောက်ဆောင်နှစ်ခုကို တံတားအိုလေးတစ်ခုနဲ့ဆက်သွယ်ထားတဲ့ Gaiola Island ကတော့ အီတလီနိုင်ငံနေပယ်ပင်လယ်ကွေ့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီကျွန်းကလေးကရုတ်တရက်ကြည့်ရင် လှပပြီး ရိုမန်းတစ်ဆန်တယ်လို့ထင်ရပေမယ့်အမှန်တစ်ကယ်တော့ကျိန်စာတွေနဲ့ပြည့်နှက်နေတဲ့ကျွန်းလေးလို့ လူသိများလှပါတယ်။ ဒီကျွန်းပေါ်မှာနေထိုင်ကြသူူတွေဟာ ရုတ်တရတ်နှလုံးဖောက်တာမျိုး၊ ကိုယ့်ကိုယ်ကိုအဆုံးစီရင်တာမျိုး၊ စည်းစိမ်ဥစ္စာတွေဆုံးရှုံးတာမျိုး၊ သူတစ်ပါးကိုရက်စက်ကြမ်းကြုတ်စွာ Tတ်ဖြတ်တာမျိုး၊ စိတ်ဖောက်ပြန်တာမျိုး၊ ထောင်ကျတာမျိုး အစရှိတဲ့မကောင်းတဲ့ဖြစ်စဉ်တွေကို တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ခဲ့ကြရပါတယ်။ shwekhitonlinetv.com ၂။ ဂဏန်းတွေကြီးစိုးထားတဲ့ ခရစ္စမတ်ကျွန်း […]

Fun

သင့်ရဲ့ အမြင်အာရုံကို ထွေပြားစေမယ့် ဓာတ်ပုံ ၁၅ ပုံ

ကျွန်တော်တို့ရဲ့ မျက်စိနဲ့ ဦးနှောက်တွေဟာအရမ်းအရမ်းကိုလှည့်စားရတာလွယ်လွန်းတဲ့အရာတွေဖြစ်ပါတယ်။ ဒီအချက်ကို အခုဖော်ပြပေးမယ့်ပုံတွေကအကောင်းဆုံးသက်သေပြနေပါလိမ့်မယ်။ shwekhitonlinetv.com ၁။ ဒါက အလွန်ကြီးမားတဲ့ဧရာမခွေးတစ်ကောင်မဟုတ်ပါဘူး။ သာမန်အရွယ်အစားသာရှိတဲ့ခွေးတစ်ကောင်ပါ။ ကင်မရာရှုထောင့်ကြောင့် သူ့ရဲ့အရွယ်အစားကိုနဂိုမူလထက်ပိုကြီးနေတယ်လို့ထင်ရတာပါ။ shwekhitonlinetv.com ၂။ ဒါလေးကရော … ကြောင်ခေါင်းပြတ်ကြီးမဟုတ်ပါဘူးနော်။ သေချာကြည့်ကြည့်ပါ။ shwekhitonlinetv.com ၃။ ဒီအသားကင်တဲ့ခုံရဲ့ နံရံမှာထင်ဟပ်နေတာကို သင့်မျက်စိကခွေးတစ်ကောင်အဖြစ် ဦးနှောက်ကိုသတင်းပို့နေပါလိမ့်မယ်။ shwekhitonlinetv.com ၄။ ဒီပုံကိုသေသေချာချာမကြည့်ရင်တော့ သင့်အနေနဲ့ ထရပ်ကားရှည်ကြီးတစ်စီးလို မြင်မိနေပါလိမ့်မယ်။ shwekhitonlinetv.com ၅။ ဒါကပေါင်မုန့်ပါ။ ကြက်ကြော်လို့မထင်လိုက်ပါနဲ့။ shwekhitonlinetv.com […]

Uncategorized

မထူးခြားသလိုလိုနဲ့ စိတ်ဝင်စားဖို့ကောင်းနေတဲ့ ဂင်းနစ်စံချိန် (၇) ခု အကြောင်း

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေအတွက် ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ မထူးခြားသလိုလိုနဲ့ ထူးခြားနေတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအရာလေးတွေဖြစ်မလဲဆိုတာကြည့်ရှုလိုက်ပါဦးနော် ….. shwekhitonlinetv.com ၁။ Vesna Vulovic ဆားဘီးယားနိုင်ငံသူ Vesna Vulovic တော့ လေထီးမပါဘဲအမြင့်ဆုံးနေရာကနေခုန်ချပြီး အသက်မသေခဲ့လို့ ဂင်းနစ်မှတ်တမ်းမှာဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။ လေယာဉ်မယ်တစ်ယောက်ဖြစ်တဲ့သူမဟာ (၁၉၇၂) ဇန်နဝါရီ (၂) ရက်နေ့က JAT Yugoslav Airline 367 မှာလိုက်ပါပြီး ဝန်ဆောင်မှုပေးရင်း ချက်ကိုစလိုဗက်ကီးယားနိုင်ငံ (ယခုချက်ပြည်သူ့သမ္မတနိုင်ငံ) ထဲက Srkská Kamenice ပြည်နယ်ထဲကို ပေပေါင်း […]