ကွဲပြားခြားနားတဲ့ စံတော်ချိန်အများဆုံးရှိတဲ့ နိုင်ငံများ

ကမ္ဘာပေါ်ကနိုင်ငံအသီးသီးဟာတစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူညီတဲ့ ကိုယ်ပိုင်စံတော်ချိန် (Time Zone) တွေအသီးသီးရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေကတော့ နိုင်ငံတစ်ခုတည်းမှာပဲ မတူညီတဲ့စံတော်ချိန်တွေအများကြီးရှိနေပါတယ်။ အဲ့ဒီနိုင်ငံတွေထဲက စံတော်ချိန်အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံ (၁၀) ခုကိုဖော်ပြရမယ်ဆိုရင် ….. shwekhitonlinetv.com

၁၀။ မက္ကဆီကို

မြောက်အမေရိကတိုက်မှာရှိတဲ့ မက္ကဆီကိုနိုင်ငံကတော့ တစ်နိုင်ငံတည်းမှာပဲ စံတော်ချိန်က (၄) မျိုးအထိမတူညီဘဲ ကွဲပြားနေတဲ့နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ဘရာဇီးလ်

တောင်အမေရိကတိုက်က ဘရာဇီးလ်နိုင်ငံကလည်း မက္ကဆီကိုနိုင်ငံလိုပဲ မတူညီတဲ့ စံတော်ချိန် (၄) မျိုးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ နယူးဇီလန်

သမုဒ္ဒရာပိုင်းဇုန်ဒေသက နယူးဇီလန်နိုင်ငံကတော့ မတူညီတဲ့ အချိန်ဇုန် (၅) ခုအထိပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဒိန်းမတ်

ဥရောပတိုက်ရဲ့ စကင်ဒီနေးဗီးယန်းဒေသက ဒိန်းမတ်နိုင်ငံကတော့ နယူးဇီလန်နိုင်ငံလိုပဲ မတူညီတဲ့စံတော်ချိန် (၅) ခုအထိရှိပါတယ်။ shwekhitonlinetv.com

၆။ ကနေဒါ

မြောက်အမေရိကတိုက်က နယ်နိမိတ်ကြီးမားကျယ်ပြန့်လှတဲ့ ကနေဒါနိုင်ငံကလည်း နိုင်ငံအတွင်းမှာမတူညီတဲ့ စံတော်ချိန် (၆) မျိုးအထိရှိပါတယ်။ shwekhitonlinetv.com

၅။ ဗြိတိန်

ဗြိတိန်ကတော့ ဗြိတိန်ကျွန်းစုအပါအဝင် ကမ္ဘာအရပ်ရပ်က သူတို့အုပ်ချုပ်နေတဲ့ကျွန်းနိုင်ငံငယ်လေးတွေပါ ထည့်သွင်းတွက်ချက်ရင် အချိန်ဇုန် (၉) ခုအထိရှိပါတယ်။ shwekhitonlinetv.com

၄။ သြစတြေးလျ

သြစတြေးလျတိုက်ရဲ့ နယ်မြေဧရိယာကျယ်ဝန်းလှတဲ့ သြစတြေးလျနိုင်ငံကလည်း မတူညီတဲ့ စံတော်ချိန် (၉) မျိုးအထိရှိပါတယ်။ shwekhitonlinetv.com

၃။ အမေရိကန်

နိုင်ငံရဲ့ နယ်မြေဧရိယာကြီးမားကျယ်ပြန့်သလို ဟာဝိုင်အီ၊ အလာစကာတို့လို ပြည်မကြီးနဲ့ အလှမ်းဝေးတဲ့နေရာတွေကိုပါ ပိုင်ဆိုင်ထားတာကြောင့် အမေရိကန်ရဲ့ စံတော်ချိန်က (၁၁) ခုအထိမတူညီဘဲ ကွဲပြားနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ရုရှား

ကမ္ဘာပေါ်မှာနယ်မြေဧရိယာအကြီးမားအကျယ်ပြန့်ဆုံးဖြစ်တဲ့ အာရှတိုက်က ရုရှားနိုင်ငံကတော့ အမေရိကန်နိုင်ငံလိုပဲ စံတော်ချိန် (၁၁) ခုအထိမတူညီဘဲ ကွဲပြားနေတဲ့နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ပြင်သစ်

ဒီစာရင်းမှာပါဝင်တဲ့ ပြင်သစ်နိုင်ငံဆိုတာ ရုရှား၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ နိုင်ငံတွေနဲ့ယှဉ်ရင် နယ်မြေဧရိယာကျယ်ပြန့်မှုက ပြောပလောက်တဲ့ ပမာဏမှာရှိမနေပါဘူး။ ဒါပေမယ့် ပြင်သစ်ရဲ့ တရားဝင်စံတော်ချိန်ကတော့ (၁၂) ခု (အန္တာတိကအချိန်ဇုန်ပါထည့်တွက်ရင် ၁၃ ခု) အထိရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာအနှံ့မှာ ပြင်သစ်လက်အောက်ခံအဖြစ်ရှိနေတဲ့ ကျွန်းနိုင်ငံငယ်တွေအများကြီးရှိနေလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။