ပန်းချီကားတစ်ချပ်လို လှပလွန်းတဲ့ ကမ္ဘာပေါ်ကနေရာဒေသများ

ထူးခြားဆန်းကျယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးမှာ လူသားတွေရဲ့ အသိညဏ်၊ သိပ္ပံပညာရပ်တွေနဲ့ လိုက်မမှီတဲ့ အရာတွေကလည်းလေ့လာလို့ မကုန်ခမ်းနိုင်အောင်ပါပဲ။ အခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ပန်းချီကားတစ်ချပ်လိုလှပပြီး ရင်သပ်ရှုမောဖွယ်မြင်ကွင်းတွေနဲ ကမ္ဘာပေါ်က နေရာအချို့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Blue Dragon River (ပေါ်တူဂီ)

ပေါ်တူဂီနိုင်ငံ Algarve ဒေသမှာရှိတဲ့ Odeleite မြစ်ကို အပြာရောင်နဂါး မြစ်လို့လည်းခေါ်ကြပါတယ်။ အကြောင်းကတော့ ကောင်းကင်ကနေကြည့်တဲ့အခါ ဒီမြစ်ရဲ့ အသွင်သဏ္ဍန်က အပြာရောင် နဂါးတကောင်ရဲ့ပုံရိပ်ကဲ့သို့ ဖြစ်နေလို့ပါပဲ။ shwekhitonlinetv.com

၂။ Rainbow Mountains (တရုတ်)

ရောင်စုံတောင်တန်းများသည် လွန်ခဲ့သောနှစ်သန်းပေါင်း ၂၄ သန်းကျော်မှ အနီရောင်သဲကျောက်နှင့် တွင်းထွက်သဘာဝပစ္စည်းများကြောင့် ဒီလိုရောင်စုံတောင်တန်းတွေ ဖြစ်ပေါ်လာတယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ နောက်ပြီး လေနှင့်ရေ တိုက်စားမှုတွေက အဆိုပါ ကျောက်ဆောင်တွေကို အံ့သြဖွယ် ပုံသဏ္ဍန်တွေဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Reed Flute ဂူ ( တရုတ် )

မီတာ ၂၄၀ ရှည်သော Reed Flute ဂူကတော့ တရုတ်နိုင်ငံမှာပဲ တည်ရှိတာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး ဂူတစ်ခုဖြစ်ပါတယ်။ ဒီဂူရဲ့အတွင်းဘက်မှာတော့ လှပတဲ့ ကျောက်ဆက်ပန်းဆွဲတွေ၊ကျောက်တိုင်တွေ၊ ဂူတွင်းရေအိုင်တွေ ရှိပါတယ်။ ဒီအရာတွေရဲ့ အလှကို ပိုမိုပေါ်လွင်စေဖို့ အရောင်အသွေးစုံလင်တဲ့ မီးရောင်တွေနဲ့အလှဆင်ထားပါတယ်။ shwekhitonlinetv.com

၄။ Skaftafell Cave ( အိုက်စလန် )

ဒီရေခဲဂူတွေကတော့ ဆောင်းတွင်းအခါမှာသာဖြစ်ပေါ်ပြီး ယာယီသာဖြစ်တည်နေတာပါ။ နွေအခါမှာတော့ အရည်ပျော်ကာ ရေခဲမြစ်အဖြစ်နဲ့ စီးဆင်းသွားတတ်ပါတယ်။ အလွန်အေးတဲ့ ရာသီတွင် ရေခဲအသားဟာ မာကျစ်နေကာ အပြင်မှ အလင်းကိုစုပ်ယူပြီး အပြာရောင်အလင်းများအဖြစ် ဂူအတွင်းထွန်းလင်းပေးထားတာကြောင့်အလွန်လှပတယ်လို့ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Deadvlei ( နမ်မီးဘီးယား )

ဒီပုံက အမှတ်တမဲ့ကြည့်မယ်ဆိုရင်တော့ ပန်းချီကားတစ်ချပ်လို့ ထင်မိမှာအမှန်ပါပဲ။ ဒါပေမယ့် ဒါဟာ ပန်းချီကာမဟုတ်ပါဘူး။ နမ်မီးဘီးယားနိုင်ငံက ကမ္ဘာ့အပူပြင်းဆုံး Namib သဲကန္တာရထဲမှာရိုက်ကူးထားတဲ့ ပုံတစ်ပုံဖြစ်ပါတယ်။ တစ်ချိန်ကဒီနေရာမှာ အလွန်စိမ်းလန်းတဲ့ တောအုပ်တွေရှိခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၆။ Lake Baikal ( ရုရှား )

ဘိုင်ကယ် ရေကန်ကတော့ ကမ္ဘာပေါ်မှာ ရှေးအကျဆုံးရေချိုကန်ကြီးဖြစ်ပါတယ်။ ဆောင်းရာသီမှာ ရေကန်အတွင်းကရေတွေဟာ အေးခဲသွားပေမယ့် ရေခဲတွေက အလွန်ကြည်လင်နေတာကြောင့် ရေကန်ရဲ့ အောက်ခြေထိ ကြည်လင်စွာ မြင်တွေ့နိုင်တယ်လို့သိရပါတယ်။ နှစ်စဥ် မတ်လလောက်ဆိုရင်နှင်းခဲနဲဲ့ နေရောင်ခြည်တို့ကြောင့် ရေခဲမျက်နှာပြင်မှာအက်ကြောင်းတွေဖြစ်ပေါ်စေပြီး ရေခဲပြင်တစ်ခုလုံးစိမ်းနေသရောင်ထင်ရပါတယ်။ shwekhitonlinetv.com

၇။ Cano Cristales River ( ကိုလံဘီယာ )

များပြားလှတဲ့ တိရစ္ဆာန်တွေနဲ့ သစ်ပင်ပန်းမာန်တွေ ဒီမြစ်အနီးတစ်ဝိုက်မှာ ဖြစ်တည်ပေါက်ရောက်နေပါတယ်။ ထူးဆန်းတာက မြစ်ရေဟာ နေ့စဉ် အဝါရောင်၊ အစိမ်းရောင်၊ အပြာ၊ အနက်ရောင်နှင့် အနီရောင်တို့ ပြောင်းလဲနေတတ်ပါတယ်။ ဒီမြစ်ရဲ့ဝန်းကျင်က ကျောက်တုံးများတွေဟာ နှစ်ပေါင်း ၁.၂ ဘီလီယံခန့် သက်တမ်းရှိပြီး ကမ္ဘာလှည့်ခရီးသွားများက ဒီမြစ်ကိုကမ္ဘာ့အလှဆုံးမြစ်လို့တောင် သတ်မှတ်ထားကြပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။