ကမ္ဘာတစ်လွှားက အခမ်းနား အလှပဆုံး စာကြည့်တိုက်ကြီးများ

စာကြည့်တိုက်တွေဆိုတာကတော့ ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာရှိကြတဲ့ အရေးအပါဆုံး အဆောက်အဦးတွေပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးနဲ့ နိုင်ငံသားတွေရဲ့ အသိညဏ်ပညာကြွယ်ဝမှုတွေကို အဲ့ဒီနိုင်ငံမှာရှိတဲ့ စာကြည့်တိုက်တွေကို ကြည့်ပြီး ယေဘုယျအားဖြင့် အဆင့်အတန်းသတ်မှတ်လို့ရတယ်လို့ ဆိုကြသူတွေလည်းရှိပါတယ်။ ဒီအဆိုအတိုင်း ဆုံးဖြတ်မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နိုင်ငံတွေက နိုင်ငံသားတွေဟာ အတော်လေးကို စာပေတက်မြောက်ပြီး အသိဉာဏ်လည်းကြွယ်ဝမယ်လို့ ဆိုရမလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံက စာကြည့်တိုက်ကြီးတွေက အရမ်းကိုကြီးကျယ်လှပပြီး ခမ်းနားလွန်းနေတာကြောင့်ပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေက ဘယ်လိုစာကြည့်တိုက်တွေဖြစ်မလဲဆိုတာတော့ ဆက်လက်ဖတ်ရှူကြည့်လိုက်ပါဦးနော် … shwekhitonlinetv.com

၁။ The Tianjin Binhai Library – China

တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာရှိတဲ့ ဒီစာကြည့်တိုက်ကြီးကိုတော့ ဒတ်ချ်ကုမ္ပဏီဖြစ်တဲ့ MVRDV က ဒီဇိုင်းရေးဆွဲဖန်တီးပေးထားတာဖြစ်ပါတယ်။ “The eye of Binhai” ဆိုတဲ့ Nickname ကိုရရှိထားတဲ့ ဒီစာကြည့်တိုက်ကိုတော့ လှိုင်းတွန့်ပုံစံ စာအုပ်စင်တွေက ကြမ်းပြင်ကနေ မျက်နှာကျက်အထိတက်သွားတဲ့ ပုံစံမျိုးဖန်တီးထားတာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စာအုပ်ပေါင်း (၂) သိန်းကို လေ့လာဖတ်ရှုဖို့ထားတယ်လို့သိရပြီး စာအုပ်ရေ (၁) ကျော်လောက်ထားရှိနိုင်အောင် ပြုလုပ်ထားတာကြောင့် စာအုပ်စင်နေရာလွတ်တွေများစွာ ကျန်ရှိနေသေးတယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

၂။ Abbey Library – Switzerland

AD (၈၂၀) လောက်က ရှေးဟောင်း ဗိသုကာလက်ရာတွေနဲ့ Abbey စာကြည့်တိုက်ကတော့ ဆွစ်ဇာလန်နိုင်ငံ စိန့်ဂယ်လန်မှာတည်ရှိပြီး စိန့်ဂေါလ်ဘုရားကျောင်းနဲ့ တွဲဖက်ဆောက်လုပ်ထားတာဖြစ်ပါတယ်။ စာအုပ်ပေါင်း (၁၆,၀၀၀) လောက်ကို ခမ်းနားတဲ့ဒီစာကြည့်တိုက်ကြီးထဲမှာ ထားရှိပြီး စာအုပ်အများစုက သိပ္ပံဆိုင်ရာစာအုပ်တွေနဲ့ ရှားပါးလက်ရေးမူ စာအုပ်တွေဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ Starfield Library – South Korea

ဒါကတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က နာမည်ကျော် Starfield စာကြည့်တိုက်ဖြစ်ပါတယ်။ မဂ္ဂဇင်း နဲ့ စာအုပ်ပေါင်း (၅၀၀၀၀) လောက်ရှိပြီးတော့ ကမ္ဘာ့အကြီးဆုံးမြေအောက်စျေးဝယ်စင်တာ တစ်ခုဖြစ်တဲ့ Starfield COEX Mall နဲ့အတူ ယှဥ်တွဲတည်ရှိတဲ့ စာကြည့်တိုက်ကြီးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Klementinum National Library – Czech Republic

ချက်နိုင်ငံရဲ့ မြို့တော် ပရဂ် (Prague) မှာတည်ရှိတဲ့ စာကြည့်တိုက်ဖြစ်ပါတယ်။ ဆေးချမ်းပြီးဆိတ်ငြိမ်လှတဲ့ ဒီစာကြည့်တိုက်ကြီးကလည်း ရှေးခေတ်ဗိသုကာလက်ရာ အပြင်အဆင်တွေနဲ့ ရှူမငြီးဖွယ်ကောင်းလှပါတယ်။ ၁၇၂၂ ခုနှစ်မှာ Jesuit University ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ချက်နိုင်ငံရဲ့ အမျိုးသားစာကြည့်တိုက်အဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ထဲမှာတော့ နိုင်ငံရပ်ခြားဘာသာရေးဆိုင်ရာ စာအုပ်ပေါင်း (၂၀၀၀) ကျော်ရှိပါတယ်။ shwekhitonlinetv.com

၅။ Stuttgart City Library – Germany

စာကြည့်တိုက်မှာလာရောက်ဖတ်ရှူ သူတွေအနေနဲ့ သက်တောင့်သက်သာရှိအောင် ဖန်တီးပေးထားတာကတော့ ဂျာမနီနိုင်ငံ စတုဂတ်မြို့က Stuttgart City Library ပဲဖြစ်ပါတယ်။ စာကြည့်တိုက်တစ်ခုလုံးကို တောက်ပတဲ့ အဖြူရောင်ဆေးချယ်ထားပြီး အခင်းအကျင်းနေရာချထားပုံကလည်း သေသပ်လှပလွန်းပါတယ်။ စုစုပေါင်းအထပ် (၉) ထပ်ရှိပြီး အောက်ခြေမှ အပေါ်သို့ ပိရမစ်ပုံစံ ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Admont Abbey Library – Austria

Admont Abbey စာကြည့်တိုက်ကတော့ သြစတြီးယားနိုင်ငံက ရှေးအကျဆုံး နဲ့ အကြီးမားဆုံးဘုန်းတော်ကြီးကျောင်တွေထဲက တစ်ခုဖြစ်တဲ့ Baroque ရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ စုစုပေါင်း စာအုပ်ရေ (၇၀,၀၀၀) လောက်ကိုစုဆောင်းထားရှိပြီး လှပတဲ့ ရှေးဗိသုကာလက်ရာ အဆင်အပြင်တွေ ကိုလည်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ခန်းဆောင်ကြီးကိုတော့ ၁၇၇၆ ခုနှစ်မှာဗိသုကာပညာရှင် Joseph Hueber ကရေးဆွဲဒီဇိုင်းဖော်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ဒီစာကြည့်တိုက်မှာ Josef Stammel ရဲ့ နာမည်ကျော် “Four Last Things” ရုပ်တုတွေကိုလည်း ထားရှိပြသထားပါတယ်။ shwekhitonlinetv.com

၇။ Tama Art University Library – Japan

ဂျပန်နိုင်ငံ တာမာအနုပညာတက္ကသိုလ်မှာရှိပြီး ကွန်ကရစ်ဗိသုကာလက်ရာပုံစံ စာကြည့်တိုက်ဖြစ်ပါတယ်။ အဆောက်အဦးရဲ့အတွင်းပိုင်းကိုတော့ ကွေးညွတ်ချောမွတ်နေအောင် ကွန်ကရစ်တွေနဲ့ ပုံစံဖော်ဆောက်လုပ်ထားပြီး ဝိုင်သိုလှောင်ခန်းတွေလိုမျိုး မြေအောက်ခန်းတွေလည်းပါရှိတယ်လို့သိရပါတယ်။ ဒါတင်မကသေးပါဘူ စာကြည့်တိုက်ထဲကနေ ပတ်ဝန်းကျင်ရေ​မြေသဘာဝတွေကိုကြည့်ရှုခံစားနိုင်အောင်လည်း ဖန်တီးထားပါသေးတယ်။ စာအုပ်ပေါင်း (၁၀၀,၀၀၀) လောက်ထားရှိတဲ့ အထပ်တစ်ထပ်နဲ့ ပန်းချီပြပွဲကဲ့သို့ ပြပွဲတွေပြသနိုင်မယ့် အထပ်လွတ်တစ်ထပ်လည်းပါရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply