ကမ္ဘာတစ်လွှားက ကြောက်မက်ဖွယ် အကောင်းဆုံး လူသတ်သမား ၅ ဦး အကြောင်း

ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီးကို ပြောပြချင်တဲ့ အကြောင်းအရာကတော့ ကမ္ဘာတစ်လွှားက ထူးထူးဆန်းဆန်း လူသတ်သမားတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သူတို့ဟာ တစ်ခေတ်တစ်ခါက လူတိုင်းကြောက်လန့် တုန်လှုပ်ခဲ့ရတဲ့ လူသတ်သမားကြီတွေ ဖြစ်တာကြောင့် ဘယ်လိုလူတွေလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်ဗျ။ shwekhitonlinetv.com

  • ၁။ Ted Bundy

Ten Bundyကတော့ သွေးအေး လူသတ်သမားရယ်လို့ နာမည်ကြီးခဲ့တဲ့ လူသတ်သမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ လူသတ်မှုပေါင်း ၃၀လောက်ကို အမေရိကတ်နိုင်ငံရဲ့ ပြည်နယ် ၇ ခုမှာ ကျူးလွန်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က Bundy ကို ဖမ်းဆီး ရမိတဲ့ အချိန်မှာတော့ ပြန်ပေးစွဲမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းဝင်ရောက်မှုနဲ့ အခြားသော လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ shwekhitonlinetv.com

တရားရင်ဆိုင်အပြီး ချမှတ်လိုက်တဲ့ အမိန့်မှာ Bundy ဟာ လူသတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားတဲ့အတွက် ၁၉၈၉ခုနှစ်မှာ လျှပ်စစ်နဲ့ Shockတိုက်ပြီး သေဒဏ်ပေးခံခဲ့ရပါတယ်။ Bundy ရဲ့ အမှုဟာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းခဲ့ပြီး သူ့အကြောင်းကို ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတဲ့ Documanteryတွေလည်း ထွက်ရှိလာခဲ့ပါတယ်။ shwekhitonlinetv.com

  • ၂။ Ahmad Suradji

နောက်တစ်ယောက်ကတော့ အင်ဒိုနီးရှားနိုင်ငံက လူသတ်သမားတစ်ဦးဖြစ်တဲ့ Ahmad Suradji ဆိုသူပါ။ Ahmedဟာ ၁၉၈၆ ကနေ ၁၉၉၇ ခုနှစ်အတွင်း အမျိုးသမီးအယောက် ၄၀ ကို သတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ လူသတ်မှုကျူးလွန်တဲ့ ပုံစံကတော့ အမျိုးသမီးတွေကို လည်ပင်းညှစ်သတ်တာ ပဲဖြစ်ပါတယ်။ ပြီးရင်တော့ သူ့အိမ်ရှေ့က ကြံခင်းထဲမှာ ကျင်းနက်နက်တူးပြီး မြှုပ်နှံလိုက်တာပါ။ shwekhitonlinetv.com

Ahmed ဟာ အလောင်းတွေကို အလျင်အမြန် ပုပ်သိုးစေဖို့အတွက် အသတ်ခံရတဲ့ အမျိုးသမီးတွေရဲ့ တံတွေးကို ထုတ်ယူထားပြီး အဝတ်အစားတွေကိုလည်း ချွတ်ယူထားပါတယ်။ ဒါတွေလုပ်ပြီးရင်တော့ အသတ်ခံရတဲ့ အမျိုးသမီးရဲ့ ဦးခေါင်းကို သူ့ရဲ့ အိမ်ရှေ့ကို မျက်နှာမူပြီး မြှုပ်နှံ လိုက်ပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းကတော့ Ahmedရဲ့ အဖေဟာ အိမ်မက်ထဲလာပြီး ဒီလိုမျိုး တွေလုပ်ရင် ထူးခြားဆန်းကြယ်တဲ့ သမားတော် တစ်ယောက် ဖြစ်မယ်လို့ အကြံပေးခဲ့လို့ လုပ်ရတာဆိုပြီး နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။ shwekhitonlinetv.com

  • ၃။ Donald Henry Gaskins

နောက်ထပ် ကြောက်မက်ဖွယ်ကောင်းတဲ့ လူသတ်သမားကတော့ Donald Henry Gaskins လို့ အမည်ရတဲ့ သူပဲ ဖြစ်ပါတယ်။ Donald ဟာ ငယ်စဉ်ဘဝတည်းက ပြသနာရှာတတ်သူဖြစ်ပြီး ကြီးလာတဲ့အခါ အမှုသေးသေးလေးတွေကို စပြီး ကျူးလွန်ခဲ့ရာကနေ လူသတ်မှုအထိပါ ကျူးလွန်ခဲ့တာလည်း ဖြစ်ပါတယ်။ လူသတ်မှုပေါင်း ၈ မှုလောက်ကို ကျူးလွန်ခဲ့ပြီး လူပေါင်း ၉၀ ကနေ ၁၁၀ ယောက်လောက် သတ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ shwekhitonlinetv.com

Donald ဟာ လူသတ်မှုတွေနဲ့ ဖမ်းဆီးမခံရခင်တည်းက ထောင်ကျခဲ့ဖူးပြီး ထောင်ဖောက်လည်း ပြေးခဲ့ဖူးပါတယ်။ လူသတ်မှုပေါင်းများစွာနဲ့ ဖမ်းဆီးခံရတဲ့ အခါမှာတော့ တရားရုံးက လျှပ်စစ်နဲ့ လျှော့တိုက်ပြီး သေဒဏ်ပေးဖို့ ၁၉၉၁ခုနှစ်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ တရားရင်ဆိုင်နေစဉ်အချိန်တုန်းကလည်း Donald ဟာ ဘလိတ်ဓားသုံးပြီး ကိုယ့်ကို ကိုယ် အဆုံးစီရင်ဖို့ ကြံစည်ခဲ့ပါသေးတယ်တဲ့…။ shwekhitonlinetv.com

  • ၄။ Luis Garavito

ကိုလံဘီယာနိုင်ငံမှာ တစ်ချိန်တုန်းက ရက်ရက်စက်စက် လူသတ်မှုတွေ ကျူးလွန်တစ်ယောက် ရှိခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကတော့ Lis Garavito ပါ။ Luis ဟာ လူသတ်မှုပေါင်း ၁၃၈ ခုမှာ ပါဝင်ခဲ့ပြီး လူပေါင်း ၁၀၀ ကနေ ၄၀၀ လောက် သတ်ခဲ့တယ်လို့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ shwekhitonlinetv.com

Luis ရဲ့ သားကောင်ဖြစ်သွားရသူ အများစုဟာ အသက် ၆နှစ်ကနေ ၁၆ နှစ်အရွယ်ရှိတဲ့ ယောကျာ်းလေးတွေ ဖြစ်ပြီး သာမန်ထက် ဝင်ငွေ လျော့နည်းတဲ့ အလုပ်သမား ကောင်လေးတွေ ပါ။ Luis ဟာ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် ထောင်ဒဏ် ၁၈၉၃ နှစ်နဲ့ ၉ ရက်အဖြစ် ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကိုလံဘီယာနိုင်ငံရဲ့ ဥပဒေအရ ပြစ်းဏ်လျော့ပေါ့ ပေးခြင်းခံခဲ့ရတယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

  • ၅။ Charles Edmund Cullen

ဒီပုဂ္ဂိုလ်ကတော့ အတော်လေးကို ထူးဆန်းလွန်းတယ်လို့ပဲ ပြောရမှာပါ။ သူ့ရဲ့ နာမည်ကတော့ Charles Edmund Cullenဖြစ်ပြီး အလုပ်အကိုင်ကတော့ သူနာပြု၀◌န်ထမ်းတစ်ဉီးပါ။ Charles ဟာ သူလုပ်ကိုင်ခဲ့တဲ့ ဆေးရုံမှာ လူသတ်မှုပေါင်း ၄၀ လောက်ကို ကျူးလွန်ခဲ့ပြီး လူနာအ‌ယောက် ၃၀၀ လောက်ကို သတ်ပစ်ခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

အကြောင်းကတော့ ရောဂါဝေဒနာ ခံစားနေရတဲ့ လူနာတွေကို မကြည့်ရက်လို့ အဆိပ်တိုက်ပြီး သတ်ပစ်ခဲ့တာလို့ သိရပါတယ်။ ( ပြောရရင်တော့ သူ့ကိုယ်သူ Angel တစ်ပါးလို့ ခံယူပြီး လုပ်လိုက်တာပါတဲ့။) နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က Charles ကို ဖမ်းဆီးခဲ့ပြီး တရားရုံးတင်ခဲ့ပါတယ်။ အမိန့် ထုတ်ပြန်တဲ့အခါ Charles ဟာ ကောင်းစွာနေထိုင်ပါ့မယ်လို့ ခံ၀◌န် ကတိထိုးခဲ့တာကြောင့် ပြစ်ဒဏ် အနည်းငယ် လျော့ပေါ့ပေးခဲ့ပြီး ၂၀၄၃ ခုနှစ်မှ လွှတ်ပေးဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။