မျက်လှည့်ပြရင်း အသက် အန္တရာယ်ဖြစ်ပွား ခဲ့တဲ့ မျက်လှည့်ဆရာတွေရဲ့ အဖြစ်အပျက်များ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ မျက်လှည့်ပြရင်း အသက်အန္တရာယ် ဖြစ်ပွားခဲ့သော မျက်လှည့်ဆရာတွေ ရဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။ တစ်ချို့သော မျက်လှည့်ပညာတွေဟာ ဆိုရင် အသက်ကို လောင်းကြေးထပ်ပြီး စွန့်စားပြီးပြရတာတွေလည်း ရှိတာကြောင့် ဘယ်လောက် အန္တရာယ်များလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းဆီကို ဖတ်ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁ ။ Tommy Cooper

မျက်လှည့်လောကမှာတော့ Tommy Cooper ရဲ့ အဖြစ်အပျက်လေးကို မသိသူ မရှိစလောက်ပါပဲ ။ အင်္ဂလိပ်လူမျိုး ဖြစ်တဲ့ Tommy Cooper ဟာ လူရွှင်တော် အဖြစ်ရော မျက်လှည့်ဆရာ တစ်ယောက် အဖြစ်နဲ့ပါ လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ သရုပ်ဆောင်ပြကွက်တွေဟာ ဗရုတ်သုတ်ခဆန်ဆန် နဲ့ ပရိသတ်တွေကို ရယ်မောအောင် ကြိုးစားပေးနေတာ့ဖြစ်ပြီး စင်ပေါ်မှာ ဖျော်ဖြေနေရင်းနဲ့ မကြာခဏ လဲကျသလို ဟန်ဆောင်တဲ့ ပြကွက်တွေကို လည်း သုံးတတ်သူတစ်ယောက်ပါ ။ shwekhitonlinetv.com

တစ်ကြိမ်မှာတော့ လန်ဒန်မြို့က Her Majesty ဆိုတဲ့ ပြဇာတ်ရုံကြီးထဲမှာ Tommy Cooper ဟာ သူ့ရဲ့ ကိုယ်ပိုင် Show တစ်ခုကို တိုက်ရိုက် ထုတ်လွှင့်ပြီး ကျင်းပခဲ့ပါတယ် ။ ထိုအချိန်အတွင်းမှာပဲ Tommy ဟာ ပရိသတ်ကို ဖျော်ဖြေရင်းနဲ့ ရုတ်တရက် နှလုံးဖောက်ကာ လဲကျ သွားခဲ့ရပါတယ် ။ အစပိုင်းတုန်းကတော့ ပွဲကြည့်နေတဲ့ ပရိသတ်တွေက ဒါဟာ Tommy ရဲ့ သရုပ်ဆောင်မှုတွေထဲက တစ်ခု ဖြစ်မယ်ထင်ပြီး စင်အောက်ကနေ အားပါးတရ ရယ်မောနေခဲ့ကြတာပါ ။ shwekhitonlinetv.com

ဒါပေမယ့် အတော်ကြာလာတဲ့ အထိ ပြန်မထလာကို သတိထားမိတဲ့အချိန်မှာတော့ စင်ပေါ်ကနေ ခေါ်ထုတ်ပြီး ဆေးရုံပို့ကာ ကုသပေးခဲ့ပေမယ့် Tommy တစ်ယောက် အသက်ဆုံးရှုံးသွားခဲ့ရပါတယ် ။ တစ်ကယ်လို့သာ ပွဲကြည့်နေတဲ့ ပရိသတ်တွေက Tommy တစ်ယောက် သရုပ်ဆောင်နေတာ မဟုတ်ပဲ တစ်ကယ်လဲကျသွားတာကို မြန်မြန်သတိထားမိပြီး ဆေးရုံပို့လိုက်မယ်ဆိုရင် အခုလိုမျိုး ဖြစ်မှာမဟုတ်ဘူးလို့ ယုံကြည်သူတွေလည်း ရှိခဲ့ပါတယ် ။ shwekhitonlinetv.com

၂ ။ Ralf Bialla

( ၁၉၇၅ ) ခုနှစ်တွေတုန်းက Ralf Bialla ဆိုတဲ့ ဂျာမနီလူမျိုး မျက်လှည့်ဆရာ တစ်ယောက်ပြသသော “The Living Target ” ဆိုတဲ့ ပြကွက်ဟာ အတော်လေး နာမည်ကြီးခဲ့ပါတယ် ။ ပြကွက်ပုံစံကတော့ သေနတ်ထဲက ထွက်လာတဲ့ ကျည်ဆံကို သူ့ရဲ့ စတီးလ်သွားတွေနဲ့ အမိအရ ဖမ်းပြတဲ့ သည်းထိပ်ရင်ဖို ပြကွက်တစ်ခုပါ ။ Ralf ဟာ ထို ပြကွက် အကြိမ်ထောင်ပေါင်းများစွာ ပြသခဲ့ပြီး ပရိသတ်တွေကို မရိုးအီသွား ရအောင် ဖျော်ဖြေပေးနိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com

အကျိုးဆက်အနေနဲ့ကတော့ Ralf ဟာ ကျည်ဆံဖမ်းပြတဲ့ ပြကွက်ကို ပါးစပ်နဲ့ အကြိမ်ပေါင်းများစွာ ဖမ်းပြီး ပြသခဲ့တာကြောင့် အချိန်ကြာလာတဲ့အခါမှာတော့ သွေးလှည့်ပတ်မှု အားနည်းတဲ့ရောဂါကို ခံစားခဲ့ရပါတယ် ။ ( ၁၉၇၅ ) ခုနှစ်မှာတော့ Ralf ဟာ Show တစ်ခုကို ပြသ အပြီးမှာတော့ ခဏတာ အနားယူဖို့အတွက် တောင်တက်ခရီးစဉ်တစ်ခု ထွက်ခဲ့ပါတယ် ။ ကံမကောင်းစွာနဲ့ပဲ Ralf ဟာ တောင်စွန်းဖျားတစ်ခုကို တက်နေရင်း ရောဂါအခံကြောင့် မူးမေ့လဲကျသွားကာ တောင်ပေါ်ကနေ ပြုတ်ကျပြီး အသက်ဆုံးရှုံးသွားခဲ့ရပါတော့တယ် ။ shwekhitonlinetv.com

၃ ။ Princess Tenko

နောက်ထပ်ပြောပြပေးမယ့် မျက်လှည့်ပညာရှင်ကတော့ အမျိုးသမီး မျက်လှည့်ပညာရှင် တစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ် ။ သူမရဲ့ နာမည်ကိုတော့ မင်းသမီးလေး Tenko လို့ ခေါ်ကြပြီး  ပြပွဲအတွင်း ထူးခြားတဲ့ ဝတ်စားဆင်ယင်မှု ပုံစံကြောင့်လည်း လူသိများလှသူ တစ်ယောက် ဖြစ်ပါတယ် ။ ( ၂၀၀၇ ) ခုနှစ်မှာတော့ Tenko ဟာ ဂျပန်နိုင်ငံ ၊ Sabae မြို့တွင် ကျင်းပတဲ့ Grand Guignol အမည်ရှိ ပြပွဲတစ်ခုမှာ သူမရဲ့ မျက်လှည့် စွမ်းရည်ကို ပြသခဲ့ပါတယ် ။ shwekhitonlinetv.com

Tenko ပြခဲ့တဲ့ မျက်လှည့်ကတော့ သေတ္တာတစ်ခုထဲကို ဝင်ရောက်ပြီး အပြင်ကနေ စိုက်တဲ့ ဓား(၁၀ ) ချောင်းက သူမ ကိုယ်ထဲ မစိုက်ဝင်ခင် သေတ္တာထဲက အမြန်လွတ်မြောက်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ် ။ ကံမကောင်းစွာနဲ့ပဲ Tenko ဟာ သေတ္တာထဲက အချိန်မှီ မထွက်နိုင်ခဲ့တာကြောင့် အပြင်က ဓားတွေက သူမရဲ့ နံရိုးတွေ နဲ့ ပါးရိုးကို ထိခိုက်မိသွားပါတော့တယ် ။ လေးစားဖို့ကောင်းတာကတော့ Tenko ဟာ ဆေးကုသမှုခံယူနေတဲ့ အချိန်အတွင်းမှာ သူမရဲ့ မျက်လှည့်ပြကွက်ကို ပြီးမြောက်အောင် ပြသခဲ့ပြီး ပရိသတ်ကို ဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ Joe Burrus

Joe Burrus လို့ခေါ်တဲ့ မျက်လှည့်ပညာရှင်ကတော့ သူ့ကိုယ်သူ နာမည်ကြီး မျက်လှည့်ပညာရှင် Harry Houdini လို့ နှိုင်းယှဉ်ပြီး သတ်မှတ် ခဲ့သူတစ်ယောက်ပါ ။ ( ၁၉၉၀ ) ခုနှစ်မှာတော့ Joseph ဟာ ဟောလိုးဝင်းည အတွက် သူ့ရဲ့ အထူးမျက်လှည့်ပြကွက် တစ်ခုကို ပြသဖို့ စီစဉ်ခဲ့ပါတယ် ။ သူ ပြသမယ့် မျက်လှည့်ကတော့ ဖန်နဲ့ ပြုလုပ်ထားတဲ့ ခေါင်းတလားထဲ ဝင်နေပြီး အပေါ်ကနေ တန်ပေါင်း ( ၉ ) တန် အလေးချိန်ရှိတဲ့ အမှိုက်နဲ့ ဘိလပ်မြေတွေ ကို သူ့အပေါ် သွန်ထားမှာပဲ ဖြစ်ကာ သတ်မှတ်ထားတဲ့ အချိန်အတွင်း လွတ်မြောက်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

သူရဲ့ မျက်လှည့်ပွဲကို ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ Blackbeard’s Family Fun အမည်ရှိ စင်တာမှာ ပြသခဲ့ပြီး ပရိသတ် အတော်များများ လာရောက် ကြည့်ရှုခဲ့ကြပါတယ် ။ Joseph ဝင်နေတဲ့ ဖန်ခေါင်းတလားဟာ မြေကြီးအောက် ( ၇ ) ပေ အရောက်မှာတော့ သူ့ရဲ့ လက်ထောက်အကူတွေဟာ သံကြိုးချည်ပြီး အချုပ်ခံထားရတဲ့ Joseph ရဲ့ ဖန်ခေါင်းတလားအပေါ်ကို ဘိလပ်မြေသယ်တဲ့ကားထဲကနေ ဘိလပ်မြေနဲ့ အမှိုက်တွေ သွန်ပြီး ဖုံးအုပ်ပေးလိုက်ပါတယ်…. shwekhitonlinetv.com

ဒါပေမယ့် မျက်လှည့်ပြသနေစဉ်အတွင်း မှားယွင်းတဲ့ မတော်တဆ မှု တစ်ခုကြောင့် Joseph လည်ပင်းမှာ ချည်ထားတဲ့ သံကြိုးဟာ အတော်လေး တင်းကြပ်လာပြီး လွတ်မြောက်ဖို့အတွက် ကြိုးစားကြည့်ပေမယ့် မရခဲ့ပါဘူး ။ ဒုတိယ အကြိမ် ကြိုးပမ်းကြည့်ရာမှာလည်း မအောင်မြင်ခဲ့ပဲ သွန်ချထားတဲ့ ဘိလပ်မြေတွေဟာ ဖန်ခေါင်းတလားကို ဖိထားသလို ဖြစ်သွားတာကြောင့်   Joseph ဟာ အသက်ရှုရခက်လာပြီး အသက်ဆုံးရှုံးသွားခဲ့ရပါတော့တယ် ။ shwekhitonlinetv.com

၅ ။ Balabrega

ဆွီဒင်နိုင်ငံသား မျက်လှည့်ပညာရှင် တစ်ယောက်ဖြစ်တဲ့ Balabrega ကတော့ မီးတောက်ကို အသုံးပြုပြီး ပြမယ့် မျက်လှည့်တစ်ခုအတွက် လက်ထောက်အကူ ( ၆ ) ယောက်ကို ပိုးဖလံတွေလိုမျိုး ဝတ်ဆင်ခိုင်းစေခဲ့ပြီး ပြသဖို့ အသေးစိတ် စီစဉ်ထားခဲ့တာပါ ။ သူပြမယ့် မျက်လှည့်ပြကွက်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ စုံသလောက် နီးပါးရှိနေပြီ ဖြစ်တာကြောင့် Balabrega ဟာ ( ၁၉၉၀ ) ခုနှစ် ဇွန်လအရောက်မှာတော့ သူ့ရဲ့ မျက်လှည့် ပြပွဲအတွက် ဘရာဇီးလ်နိုင်ငံကို ထွက်ခွာ လာခဲ့ပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့် Balabrega ရဲ့ အကြီးမားဆုံး အမှားကတော့ သူပြမယ့် မီးတောက်မျက်လှည့် လိုအပ်တဲ့ ဂတ်စ်ကို စတိတ်စင်မှာ မထည့်ထားတာပဲ ဖြစ်ပါတယ် ။ တစ်ကယ်လိုအပ်တဲ့ ဂတ်စ်ကို သုံးရမယ့် အစား အက်စီတလင်း ကို ပဲ အစားထိုးထားလိုက်ပါတယ် ။ အကျိုးဆက်ကတော့ မျက်လှည့်ပြပွဲအတွက် ပြင်ဆင်နေတုန်းမှာပဲ ရုတ်တရက် မီးထလောင်ကျွမ်းသွားပြီး မျက်လှည့်ဆရာ နဲ့ သူ့ရဲ့ အကူလက်ထောက်တွေပါ ပေါက်ကွဲမှု ဒဏ်ကို ခံစားသွားလိုက်ရပါတော့တယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ မျက်လှည့်ပြနေရင်း အသက်အန္တရာယ် ဖြစ်ပွားခဲ့တဲ့ မျက်လှည့်ပညာရှင် တစ်ချို့ရဲ့ အကြောင်းကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှု ပေးကြပါဦးနော်…. shwekhitonlinetv.com