နိုင်ငံပေါင်းများစွာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံများ

ကမ္ဘာပေါ်ကနိုင်ငံတွေထဲမှာဘယ်နိုင်ငံက အိမ်နီးချင်းနိုင်ငံအများဆုံးဖြစ်မယ်ထင်ပါသလဲ ? အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကို အချိန် (၂) မိနစ်လောက်ပေးပြီး ဖတ်ရှုကြည့်မယ်ဆိုရင်တော့ ဒီအဖြေကိုသင့်အနေနဲ့ သိရှိမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ တူရကီ

ဥရောပတိုက်နဲ့ အာရှတိုက်ကို ခွပြီးတည်ရှိနေတဲ့ တူရကီနိုင်ငံဟာ ဘေးမှာအိမ်နီးချင်းနိုင်ငံ (၈) နိုင်ငံက ဝန်းရံထားတဲ့နိုင်ငံဖြစ်ပါတယ်။ တူရကီရဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ ဥရောပတိုက်က အာမေးနီးယား၊ ဂရိ၊ ဘူလ်ဂေးရီးယား၊ ဂျော်ဂျီယာ၊ အဇာဘိုင်ဂျန်နဲ့ အာရှတိုက်က အီရန်၊ အီရတ်၊ ဆီးရီးယား တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ တန်ဇန်းနီးယား

အာဖရိကအရှေ့ဘက်ကမ်းရိုးတန်းဒေသမှာတည်ရှိတဲ့ တန်ဇန်းနီးယားနိုင်ငံကလည်း ဘေးမှာနိုင်ငံပေါင်း (၈) နိုင်ငံဝန်းရံနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတွေကတော့ ကင်ညာ၊ DR ကွန်ဂို၊ ဇမ်ဘီယာ၊ မာလာဝီ၊ မိုဇမ်ဘစ်၊ ရဝမ်ဒါ၊ ဘူရွန်ဒီ နဲ့ ယူဂန္ဒာတို့ပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေအနက် နယ်နိမိတ်ချင်းအရှည်လျားဆုံး ထိစပ်နေတာကတော့ ကင်ညာ (၃၈၆၁ ကီလိုမီတာ) ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဆားဘီးယား

ဥရောပတိုက်က ဆားဘီးယားနိုင်ငံကလည်း အိမ်နီးချင်းနိုင်ငံ (၈) နိုင်ငံရှိပါတယ်။ အဲ့ဒီနိုင်ငံတွေကတော့ ရိုမေးနီးယား၊ ဟန်ဂေရီ၊ မွန်တီနီဂရိုး၊ ကိုဆိုဗို၊ ဘူလ်ဂေးရီးယား၊ မက်ဆီဒိုးနီးယား၊ ခရိုအေးရှား၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား တွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ပြင်သစ်

ပြင်သစ်နိုင်ငံကလည်း အိမ်နီးချင်းနိုင်ငံ (၈) နိုင်ငံအထိရှိပါတယ်။ ဆွစ်ဇာလန်၊ အီတလီ၊ စပိန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ အန်ဒိုရာ၊ လူဇင်ဘတ်နဲ့ မိုနာကို နိုင်ငံတွေဟာ ပြင်သစ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အရှည်လျားဆုံးနယ်နိမိတ်မျဉ်းကတော့ (၆၂၃) ကီလိုမီတာ ရှိတဲ့ စပိန်နိုင်ငံနဲ့ ထိစပ်နေတဲ့ နေရာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ သြစတြီးယား

ဥရောပတိုက် အလယ်ပိုင်းက သြစတြီးယားနိုင်ငံကတော့ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အီတလီ၊ ချက်၊ လက်ချင်စတိန်း စတဲ့နိုင်ငံပေါင်း (၈) နိုင်ငံနဲ့ နယ်မြေထိစပ်မှုရှိပါတယ်။ အရှည်လျားဆုံးနယ်နိမိတ်စည်းမျဉ်းက ဂျာမနီနဲ့ထိစပ်နေတဲ့ နယ်နိမိတ်စည်းမျဉ်းပဲဖြစ်ပြီး (၇၈၄) ကီလိုမီတာရှိပါတယ်။ shwekhitonlinetv.com

၅။ ဂျာမနီ

တစ်ချိန်ကကမ္ဘာကြီးမှာ အင်အားအကြီးဆုံးဖြစ်ခဲ့တဲ့ဂျာမနီနိုင်ငံကတော့ အခုအချိန်မှာနိုင်ငံပေါင်း (၉) နိုင်ငံကဘေးမှာဝန်းရံထားလျက်ရှိပါတယ်။ အဲ့ဒီနိုင်ငံတွေထဲမှာ ပြင်သစ်လိုကမ္ဘာ့စစ်အင်အားကြီးနိုင်ငံပါဝင်သလို ငြိမ်းချမ်းလှတဲ့ ဆွစ်ဇာလန်၊ နယ်သာလန်တို့လိုနိုင်ငံတွေလည်းပါဝင်ပါတယ်။ ကျန်တဲ့ (၆) နိုင်ငံကတော့ ချက်၊ သြစတြီးယား၊ ပိုလန်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ နဲ့ လူဇင်ဘတ်တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ DR ကွန်ဂို

ကွန်ဂို ဒီမိုကရက်တစ်ပြည့်သူသမ္မနိုင်ငံ (DR ကွန်ဂို) ကတော့ အာဖရိကတိုက်ရဲ့ ဒုတိယမြောက်နယ်မြေဧရိယာအကြီးမားဆုံးနိုင်ငံဖြစ်ပါတယ်။ DR ကွန်ဂိုနိုင်ငံရဲ့ ဘေးမှာတော့အိမ်နီးချင်းနိုင်ငံပေါင်း (၉) နိုင်ငံထိရှိပါတယ်။ နယ်မြေထိစပ်မှုအရှည်လျားဆုံးဖြစ်တဲ့ ကွန်ဂိုနိုင်ငံ (၂၄၁၀) ကီလိုမီတာ အပါအဝင် အန်ဂိုလာ၊ ဗဟိုအာဖရိက၊ တောင်ဆူဒန်၊ တန်ဇန်းနီးယား၊ ဘူရွန်ဒီ၊ ဇမ်ဘီယာ၊ ရဝမ်ဒါ၊ ယူဂန္ဒာ နိုင်ငံတွေနဲ့ ထိစပ်လျက်ရှိပါတယ်။ shwekhitonlinetv.com

၃။ ဘရာဇီးလ်

ကမ္ဘာပေါ်မှာ ပဉ္စမမြောက်နယ်မြေဧရိယာအကြီးမားဆုံးဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံကတော့ စုစုပေါင်း (၁၃) နိုင်ငံရှိတဲ့ တောင်အမေရိကတိုက်မှာ နိုင်ငံပေါင်း (၁၀) နိုင်ငံနဲ့ထိစပ်လျက်ရှိတာဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံအနေနဲ့ အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ပါရာဂွေး၊ ဥရုဂွေး၊ ပီရူး၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ ဂူအာနာ၊ ပြင်သစ်ဂူအာနာ၊ ဆူရီနမ် စတဲ့နိုင်ငံတွေနဲ့ နယ်မြေထိစပ်နေပြီး ချီလီ နဲ့ အီကွေဒေါ နှစ်နိုင်ငံပဲ ဘရာဇီးလ်နဲ့ နယ်မြေထိစပ်မှုမရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ရုရှား

ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ရုရှားနိုင်ငံကတော့ အခြားနိုင်ငံ (၁၄) နိုင်ငံနဲ့ နယ်မြေထိစပ်နေပါတယ်။ အဲ့ဒီနိုင်ငံတွေကတော့ တရုတ်၊ မွန်ဂိုလီးယား၊ မြောက်ကိုရီးယား၊ ကာဇက်စတန်၊ အဇာဘိုင်ဂျန်၊ နော်ဝေ၊ ပိုလန်၊ ယူကရိန်း၊ ဂျော်ဂျီယာ၊ ဘီလာရုစ်၊ လစ်သူယေးနီးယား၊ အက်စတိုးနီးယား၊ ဖင်လန် နဲ့ လတ်ဗီးယားနိုင်ငံတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ တရုတ်

တရုတ်နိုင်ငံကလည်း ရုရှားလိုပဲဘေးမှာနိုင်ငံပေါင်း (၁၄) နိုင်ငံဝန်းရံနေတဲ့ အင်အားကြီးနိုင်ငံပါ။ တရုတ်ရဲ့ဘေးမှာတော့ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ ဘူတန်၊ ဗီယက်နမ်၊ လာအို၊ ပါကစ္စတန်၊ မြောက်ကိုရီးယား၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ မွန်ဂိုလီးယား စတဲ့နိုင်ငံတွေ ဝန်းရံထားပါတယ်။ အငြင်းပွားမှုရှိနေတဲ့ ဟောင်ကောင်နဲ့ မကာအိုကိုပါထည့်တွက်မယ်ဆိုရင်တော့ စုစုပေါင်း (၁၆) နိုင်ငံအထိရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။