ကမ္ဘာပေါ်ကတခြားဘယ်နေရာမှာမှ မရှိနိုင်တဲ့ဖြစ်စဉ်မျိုးဖြစ်ပေါ်နေတဲ့ ရေကန်ကြီးတစ်ခု

ကမ္ဘာပေါ်မှထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ်နေတဲ့နေရာဒေသတွေက ရေတွက်မကုန်နိုင်လောက်အောင် များပြားစွာတည်ရှိပါတယ်။ တောင်အမေရိကတိုက် ဗင်နီဇွဲလားနိုင်ငံမှာတော့ ကမ္ဘာပေါ်ကတခြားဘယ်နေရာမှာမှ မရှိနိုင်တဲ့ဖြစ်စဉ်မျိုးဖြစ်ပေါ်နေတဲ့ ရေကန်ကြီးတစ်ခုရှိပါတယ်။ shwekhitonlinetv.com

အဲ့ဒီရေကန်ကြီးရဲ့ အမည်က မာရာကိုင်ဘို (Maracaibo) ဖြစ်ပြီး ဒီရေကန်ကြီးရဲ့ အထက်ကောင်းကင်ယံမှာတော့ မိနစ်တိုင်းစက္ကန့်တိုင်းလိုလို မိုးကြိုးတွေဆက်တိုက်ပစ်ချနေတာပဲဖြစ်ပါတယ်။ ဘယ်လောက်ထိလဲဆိုရင်တေ့ (၁) မိနစ်ကို အကြိမ် (၂၀၀) လောက်လျှပ်ပြက်ပြီး (၂၈) ကြိမ်လောက်မိုးကြိုးတွေပစ်ချနေတာပါ။ shwekhitonlinetv.com

ဒါကရံဖန်ရံခါမှ ဖြစ်တက်တဲ့ဖြစ်စဉ်မဟုတ်ဘဲ တစ်နှစ်ကို ရက်ပေါင်း (၃၀၀) လောက်အဲ့ဒီလိုအမြဲဖြစ်နေတာပါ။ ဘာကြောင့်အခုလိုဖြစ်စဉ်မျိုးဖြစ်ရသလဲဆိုတဲ့အကြောင်းအရင်းကို သိပ္ပံပညာရှင်တွေအနေနဲ့ စူးစမ်းလေ့လာမှုတွေ သုတေသနတွေအချိန်ကြာမြင့်အောင်လုပ်ခဲ့ပြီးတဲ့အခါမှာတော့ အဖြေကိုသိရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

မာရာကိုင်ဘိုရေကန်ကြီးဟာ ဗင်နီဇွဲလားပင်လယ်ကွေ့အနီးက ကျူလီယာပြည်နယ်မှာတည်ရှိတာဖြစ်ပါတယ်။ ဒီရေကန်ကြီးနဲ့ ကာတာတမ်ဘို မြစ်ဝဆုံတွေ့တဲ့နေရာကတော့ ဒီလိုဖြစ်စဉ်တွေဖြစ်ပေါ်ရခြင်းရဲ့ အဓိကတရားခံနေရာလို့ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာစတင်ဖြစ်ပေါ်လာတဲ့တိမ်တိုက်တွေဟာ တစ်နာရီလောက်အကြာမှာ လျှပ်ပြက်သလိုအလင်းတွေစတင်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ လျှပ်ပြက်တဲ့အကြိမ်အရေအတွက်က တဖြည်းဖြည်းနဲ့ပိုမိုစိတ်လာပြီး တစ်မိနစ်ကိုအကြိမ် (၂၀၀) လောက်ထိဖြစ်ပေါ်ပါတယ်။ အဲ့ဒီနောက်မှာတော့ တိမ်တိုက်ကြီးတစ်ခုလုံးက ဧရာမမီးသီးကြီးတစ်လုံးလို ကောင်းကင်မှာလင်းထိန်နေတော့တာပါ။ shwekhitonlinetv.com

ဗင်နီဇွဲလားနိုင်ငံဟာ ကမ္ဘာပေါ်မှာမီးသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုအများဆုံးနိုင်ငံဖြစ်ပြီး မာရာကိုင်ဘို ရေကန်ထဲကိုစီးဝင်တဲ့ ကာတာတမ်ဘိုမြစ်ဟာ သိပ်သည်းစိုထိုင်းဆများပြားလွန်းတဲ့ ရေခိုးရေငွေ့တွေကို သယ်ဆောင်လာတာကလည်း အခုလို မိုးတွေမုန်တိုင်းထန်နေရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီရေကန်ကြီးမှာ ပစ်ချတဲ့မိုးကြိုးတွေနဲ့ လျှပ်စီးတန်းတွေရဲ့ အရောင်ကအဖြူရောင်တစ်မျိုးတည်းမဟုတ်ဘဲ ခရမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင် စသဖြင့်ရောင်စုံဖြစ်နေတဲ့အကြောင်းအရင်းကတော့ သိပ္ပံပညာရှင်တွေလည်း ယနေ့ချိန်ထိဖြေရှင်းချက်မထုတ်နိုင်သေးပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။