ကမ္ဘာပေါ်က အန္တရာယ်အများဆုံး အားလပ်ရက်အပန်းဖြေအိမ်

ကမ္ဘာပေါ်က ငွေကြေးချမ်းသာကြွယ်ဝတဲ့သူတွေဟာ အားလပ်ရက်တွေမှာ အပန်းဖြေဖို့ရည်ရွယ်ပြီး အေးချမ်းတိတ်ဆိတ်တဲ့နေရာ၊ ရှုခင်းသာယာလှပတဲ့နေရာတွေမှာ အိမ်တွေဆောက်ထားတက်ကြပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် အားလပ်ရက်အပန်းဖြေအိမ်တစ်လုံးကတော့ ဘယ်သူမှမစဉ်းစားဖူးလောက်တဲ့နေရာမျိုးမှာ ထူးထူးခြားခြားတည်ဆောက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအိမ်ကတော့ သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ရဲ့ အနောက်တောင်ဘက်ကမ်းရိုးတန်းတစ်နေရာမှာ တည်ရှိတာဖြစ်ပါတယ်။ မြင့်မားလွန်းတဲ့ချောက်ကမ်းပါးတစ်ခုမှာ တွယ်ကပ်ပြီးတည်ဆောက်ထားတဲ့ ဒီအိမ်ကိုတော့ နာမည်ကျော် Modscape ဗိသုကာ ကုမ္ပဏီက ဒီဇိုင်းရေးဆွဲဖန်းတီးထားတာလို့ သိရပါတယ်။ shwekhitonlinetv.com

ဒီအိမ်မှာ အထပ်ပေါင်း (၅) လွှာပါဝင်ပြီး ဓာတ်လှေကားပါထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။ သမုဒ္ဒရာကြီးရဲ့အလှကို မြင်တွေ့နေကြရှုထောင့်မျိုးကနေမဟုတ်ဘဲ တစ်မျိုးတစ်ဖုံထူးဆန်းတဲ့နေရာကနေ ကြည့်ရှုခံစားနိုင်မှာဖြစ်ပေမယ့် တော်ရုံလူတွေအတွက်ကတော့ အတော်လေးကို အသည်းအေးစဖွယ်ကောင်းနေတာ အမှန်ပါပဲ။ shwekhitonlinetv.com

သံမဏိသံဘောင်တွေနဲ့ချိတ်ဆက်ပြီး လုံလောက်တဲ့ခိုင်ခံမှုရှိတဲ့ ဒီအိမ်မျိုးက အမြင့်ကြောက်တက်သူတွေရဲ့စိတ်ကိုအကောင်းဆုံး ကုသနိုင်မှာဖြစ်ပြီး ထူးခြားတဲ့အတွေ့အကြုံနဲ့သဘာဝတရားကြီးကို ကြည့်ရှုနိုင်မှာဖြစ်တဲ့လို့ တည်ဆောက်တဲ့ကုမ္ပဏီက ဆိုထားပါတယ်။ shwekhitonlinetv.com

ကားဂိုထောင်၊ SPA၊ မီးဖိုချောင်၊ ဧည့်ခန်း၊ အိပ်ခန်း စတာတွေအပါအဝင်အခြားဇိမ်ခံအိမ်တွေမှာရှိတဲ့ အပန်းဖြေခြင်းအင်္ဂါရပ်တွေစုံလင်စွာထည့်သွင်းတည်ဆောက်ထားတဲ့ ဒီချောက်ကမ်းပါးအစွန်းကအိမ်ကိုတော့ ဘယ်လိုလူမျိုးကများ လာရောက်နေုထိုင်မလဲဆိုတာ မပြောတက်ပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။