အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်အဆိုတော်မလေး တေလာဆွစ်ဖ်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ကထုတ်ဝေတဲ့ Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ အသားတင်ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ သန်း (၇၄၀) နဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး အမျိုးသမီးအဆိုတော်ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။ shwekhitonlinetv.com

သူမဟာလက်ရှိအချိန်မှာတော့ The Eras Tour လို့အမည်ရတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကို ပြုလုပ်နေတဲ့သူဖြစ်ပြီး အဲ့ဒီကနေရရှိခဲ့တဲ့ဝင်ငွေတွေကြောင့် ယခင်ကဒီစာရင်းရဲ့ ဒုတိယနေရာမှာရှိတဲ့ ပေါ့ဘုရင်မကြီး မက်ဒေါနား (အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ သန်း ၅၈၀) ကိုကျော်တက်သွားခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီစာရင်းရဲ့ နံပါတ် (၁) နေရာမှာရှိနေတာကတော့ အမေရိကန်အဆိုတော် ရီဟားနားဖြစ်ပြီးသူမရဲ့အသားတင်ချမ်းသာကြွယ်ဝမှုှုက အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံအထိရှိပါတယ်။ ရီဟားနားအနေနဲ့ ဒီဝင်ငွေတွေကို ဂီတလုပ်ငန်းအပြင် Fenty Beauty လို့အမည်ပေးထားတဲ့ အလှကုန်ပစ္စည်း ထုတ်လုပ်ရောင်းချမှုကနေ ရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒုတိယနေရာမှာရှိနေတဲ့ တေလာဆွစ်ဖ်ကတော့ သူမရဲ့ဝင်ငွေတွေကို ဂီတလုပ်ငန်းတစ်ခုတည်းကနေသာ ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိသူမရဲ့ The Eras Tour က လာမည့်နိုဝင်ဘာလထဲရောက်မှသာပြီးဆုံးမှာဖြစ်လို့ တေလာဆွစ်ဖ်ရဲ့ ဝင်ငွေကဒီထက်အများကြီးထပ်တိုးလာဖို့ရှိနေပါတယ်။ shwekhitonlinetv.com

စီးပွားရေး ကျွမ်းကျင်သူတွေကတော့ တွေလာဆွစ်ဖ်အနေနဲ့ ဒီနှစ်ကုန်ပိုင်းမှာဂီတနယ်ပယ်တစ်ခုတည်းကနေ ဝင်ငွေ (၁) ဘီလီယံအထိရရှိတဲ့ ပထမဆုံးအမျိုးသမီး အဆိုတော်တစ်ဦးဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခန့်မှန်းထားကြပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.