ဒေါ်လာပေါင်း သန်းနဲ့ချီ အကုန်ကျခံပြီး ခွဲစိတ်လိုက်မှ ပြောင်းလဲသွားကြတဲ့ ကမ္ဘာကျော် (၇) ယောက်

အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်ချက်တွေထဲမှာ ရုပ်အဆင်းသွင်ပြင်လှပချောမောမှုကလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်ဆိုတာငြင်းလို့မရပါဘူး။ ဒါကြောင့်လည်းကမ္ဘာကျော်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ရုပ်ရည်ကိုပိုမိုကြည့်ကောင်းဖို့အတွက် ငွေကြေးအမြောက်အမြားအကုန်အကျခံပြီးတော့ပြုပြင်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့လိုပြုပြင်ခဲ့တဲ့ ကမ္ဘာကျော်တွေထဲကတစ်ချို့ကို ဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com

၁။ ကိုင်လီဂျန်နာ – အမေရိကန်ဒေါ်လာ (၂) သန်း

နာမည်ကျော်မော်ဒယ်နဲ့ စီးပွားရေးလုပ်ငန်းရှင်မလေး ကိုင်လီဂျန်နာကတော့ သူမရဲ့နှုတ်ခမ်းတစ်ခုတည်းကိုသာ Lip Fillars ထိုးထားကြောင်းလူသိရှင်ကြားဝန်ခံထားပေမယ့် ကောလဟလသတင်းတွေအရတော့ သူမအနေနဲ့ Botox နဲ့ ရင်သားအစားထိုးကုသမှုတွေလည်းရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၂။ ဂျို့စလင်းဝိုင်ဒမ်စတိန်း – အမေရိကန်ဒေါ်လာ (၆.၇) သန်း

ဆွစ်ဇာလန်လူကုံထံအသိုင်းအဝိုင်းမှ ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဂျို့စလင်းဝိုင်ဒမ်စတိန်း ကတော့လက်ရှိအချိန်မှာ အသက် (၈၂) နှစ်အရွယ်ရှိပြီး သူမရဲ့ပလက်စတစ်ဆာဂျရီပြုပြင်မှုကြောင့် ပိုပြီးလူသိထင်ရှားဖြစ်ခဲ့တဲ့သူတစ်ယောက်ပါ။ လက်ရှိအချိန်မှာတော့ သူမရဲ့အလွန်အကျွံသုံးဖြုန်းမှုတွေကြောင့် ဒေဝါလီခံရဖို့တရားရင်ဆိုင်နေရတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ မိုက်ကယ်ဂျက်ဆင် – အမေရိကန်ဒေါ်လာ (၁) သန်း

၂၀၀၉ ခုနှစ်ကကွယ်လွန်သွားခဲ့တဲ့ ကမ္ဘာကျော်အဆိုတော်ကြီးမိုက်ကယ်ဂျက်ဆင်ကလည်း သမိုင်းမှာအထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သလို သူ့ရဲ့ပလက်စတစ်ဆာဂျရီပြုလုပ်မှုကြောင့်လည်း အထူးကျော်ကြားခဲ့တဲ့သူပါ။ သူဟာလူမည်းကနေ လူဖြူတစ်ယောက်အသွင်ပြောင်းဖို့အတွက်အဲ့ဒီခေတ်အခါက အလွန်များပြားတဲ့ ငွေကြေးပမာဏဖြစ်တဲ့ ဒေါ်လာ (၁) သန်းလောက်ကိုအသုံးပြုခဲ့တာပါ။ shwekhitonlinetv.com

၄။ ဟေဒီမွန်တက်ဂျ် – အမေရိကန်ဒေါ်လာ (၁) သန်း

အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန် သရုပ်ဆောင်၊ မော်ဒယ်လ်နဲ့ အဆိုတော် ဟေဒီမွန်တက်ဂျ် ဟာလည်း မျက်ခုံးပြုပြင်မှု၊ မေးစေ့ပြုပြင်မှု နဲ့ အခြားခွဲစိတ်မှုပေါင်းများစွာအတွက် အမေရိကန်ဒေါ်လာ (၁) သန်းလောက်အကုန်အကျခံခဲ့ရသူဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဒေါ်လီပါတန် – အမေရိကန်ဒေါ်လာ (၂) သန်း

Country ဂီတ အဆိုတော်၊ တေးရေး၊ သရုပ်ဆောင်ကြီးဖြစ်တဲ့ ဒေါ်လီပါတန်ကတော့ ထင်ရှားတဲ့ပရဟိတ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ သူမအနေနဲ့ ခေတ်ကောင်းပြီး လျှမ်းလျှမ်းတောက်အောင်မြင်တဲ့အချိန်တွေတုန်းက ရင်သားအစားထိုးခွဲစိတ်တာ၊ နှုတ်ခမ်းအလှပြုပြင်တာ၊ ဆာဂျရီပြုလုပ်မှုတွေများစွာလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ကိတ်လင်းဂျန်နာ – အမေရိကန်ဒေါ်လာ (၅) သန်း

အသက် (၇၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိတ်လင်းဂျန်နာကတော့ လိင်ပြုပြင်ပြောင်းလဲမှုတို့ရဲ့ ရှေ့ပြေးပုဂ္ဂိုလ်တစ်ဦးလို့ဆိုရမယ့်သူဖြစ်ပါတယ်။ အိုလံပစ်ရွှေတံဆိပ်ရရှိထားခဲ့တဲ့ အားကစားသမားဟောင်းတစ်ဦးဟာ မူလအစမှာ LGBT တစ်ဦးသာဖြစ်ပြီး နောက်ပိုင်းမှာတော့ လုံးလုံးလျားလျား လိင်ပြောင်းလဲပစ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဒယ်မီမိုး – အမေရိကန်ဒေါ်လာ (၄) သိန်း

တစ်ချိန်ကကမ္ဘာကျော်ခဲ့တဲ့မင်းသမီးကြီးဒယ်မီမိုးကတော့ သူမရဲ့ဒူးခေါင်းကိုလေဆာနဲ့ ပြုပြင်ခြင်းအပါအဝင် နှုတ်ခမ်း၊ ရင်သား၊ ပါးပြင်နဲ့ မျက်နှာတွေကို ခွဲစိတ်ပြုပြင်မှုတွေပြုလုပ်ခဲ့သူဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ အဆိုအရဒီအတွက်သူမအနေနဲ့ အမေရိကန်ဒေါ်လာ (၄) သိန်းဝန်းကျင်အသုံးပြုခဲ့ရတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply