တော်ရုံလူ မမြင်ဖူးတဲ့ ကမ္ဘာရှားပါး ဖားမျိုးစိတ် (၉) မျိုး

ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဖားမျိုးစိတ်ပေါင်းများစွာထဲကမှာ ရှားပါးပြီးမြင်တွေ့ရခဲတဲ့ အလန်းစားဖားမျိုးစိတ်တွေအကြောင်းကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ Blue Poison Dart Frog

Blue Poison Dart Frog လို့ခေါ်တဲ့ဒီဖားလေးတွေကတော့ အပြာရောင်ပေါ်မှာ အနက်ရောင်အစက်အပြောက်လေးတွေပါတဲ့ ဖားလေးတွေဖြစ်ပါတယ်။ သူ့ရဲ့တောက်ပတဲ့အရောင်ဟာအခြားသားရဲကောင်တွေကိုသူ့မှာ အဆိပ်ရှိတယ်ဆိုတဲ့အကြောင်း သတိပေးထားတာလည်းဖြစ်ပါတယ်။ လူတွေအတွက်ကတော့သူ့ကိုမစားသုံးရင်အန္တရာယ်မရှိပါဘူး။ ဆူရီနမ်တောင်ပိုင်း နဲ့ ဘရာဇီးလ်နိုင်ငံ Sipaliwini Savana ကြိုးဝိုင်းသစ်တောတွေမှာတွေ့ရတက်တဲ့ ဒီဖားလေးတွေကိုတော့ ဒေသခံတွေက မြားတွေ၊လှံတွေရဲ့ထိပ်မှာ အဆိပ်သုတ်လိမ်းဖို့အတွက် အသုံးပြုခဲ့တာကြောင့် ဒီအမည်ကိုရရှိထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Wallace’s Flying Frog

Wallace’s Flying Frog ကတော့ ဖားမျိုးစိတ်တွေထဲမှာအထူးခြားဆုံးဖြစ်ပြီး ပျံသန်းနိုင်တဲ့ဖားလေးတွေဖြစ်ပါတယ်။ သူတို့ရဲ့လက်ချောင်းခြေအောင်းတွေက လေထဲမှာအနည်းငယ်ပျံသန်းနိုင်အောင် သဘာဝကဖန်တီးပေးထားပြီး ပေ (၅၀) လောက်အထိ ပျံဝဲနိုင်တယ်လို့သိရပါတယ်။ အကောင်အရွယ်အစားကတော့ (၃.၉) လက်မအထိကြီးထွားတက်ကြပြီး မလေးကျွန်းဆွယ်၊ အင်ဒိုနီးရှားအနောက်ပိုင်း ဘော်နီယိုနဲ့ဆူးမတြားကျွန်းတွေမှာ အများဆုံးတွေ့ရတက်ပါတယ်။ shwekhitonlinetv.com

၃။ Desert Rain Frog

Desrt Rain Frog တွေကိုတော့ နမီးဘီးယား နဲ့ တောင်အာဖရိကနိုင်ငံတွေရဲ့ ကန္တရနဲ့ ပင်လယ်သဲသောင်ပြင်ထိစပ်တဲ့နေရာတွေမှာတွေ့ရတက်ပါတယ်။ လုံးဝန်းတဲ့ကိုယ်ခန္ဒာ၊ တိုတုတ်တဲ့ခြေလက်၊ ကြီးမားတဲ့မျက်လုံးတွေပိုင်ဆိုင်တဲ့ ဒီဖားကလေးတွေဟာ (၂.၄) လက်မအရွယ်အစားလောက်ထိပဲကြီးထွားနိုင်ကြပါတယ်။ သူတို့နဲ့ပတ်သတ်တဲ့အချက်တစ်ခုကတော့ စူးစူးဝါးဝါးအသံ (High-Pitched) တွေထုတ်နိုင်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Red-Eyed Tree Frog

မက္ကဆီကို၊ ဗဟိုအမေရိကနဲ့ ကိုလံဘီယာနိုင်ငံတွေမှာတွေ့ရတက်တဲ့ Red-Eyed Tree Frog တွေကတော့ မိုးသစ်တောတွေရဲ့ သင်္ကေတတစ်ခုလို့ဆိုနိုင်ပါတယ်။ သူတို့တွေမှာသူငယ်အိမ်ကျဉ်းပြီးကြီးမားတဲ့ အနီရောင်မျက်လုံးကြီးတွေရှိသလို သစ်ပင်တွေ သစ်ရွက်တွေကိုအလွယ်တကူတက်ရောက်နိုင်ဖို့အတွက် စေးကပ်တဲ့လက်ချောင်းခြေချောင်းတွေပါရှိပါတယ်။ shwekhitonlinetv.com

၅။ Purple Harlequin Toad

Purple Harlequin Toad ကတော့ ပြင်သစ်ဂီနီယာနိုင်ငံရဲ့ တောင်တန်းဒေသတွေမှာတွေ့ရတက်တဲ့ ဖားလေးတွေဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ Purple Harlequin Toad ဟာ ခန္ဓာကိုယ်အရှည်အားဖြင့် (၃.၅) လက်မလောက်အထိပဲကြီးထွားနိုင်ကြပါတယ်။ အနက်ရောင်နဲ့ ခရမ်းရောင်ရောစပ်နေတဲ့အကွက်တွေက သူတို့မျိုးစိတ်ရဲ့ အမှတ်အသားဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Argentine Horned Frog

Argentine Horned Frog လို့ခေါ်တဲ့ဖားတွေကိုတော့ အာဂျင်တီးနား၊ ဘရာဇီးလ် နဲ့ ဥရုဂွေးနိုင်ငံတွေမှာ မြင်တွေ့နိုင်ပြီးဒေသခံတွေကတော့ Pacman Frog လို့ခေါ်ကြပါတယ်။ အမတွေဟာ အရွယ်အစား (၆.၄) လက်မလောက်အထိကြီးထွားနိုင်ကြပြီး အထီးတွေကတော့ (၄.၅) လက်မလောက်သာ ကြီးထွားနိုင်ကြပါတယ်။ အစိမ်းရင့်ရောင်ကိုယ်ထာ်ပေါ်မှာ အနီရောင်နဲ့အခြားအရောင်တွေရောစပ်နေပြီး ကြီးမားတဲ့ ပါးစပ်ကြီးတွေရှိတာက သူတို့ကိုမှတ်မိလွယ်စေတဲ့ အချက်ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Vietnamese Mossy Frog

ခန္ဓာကိုယ်ပေါ်မှာရေညှိတွေတက်ပြီးကျောက်ဖြစ်နေတဲ့ အသွင်နဲ့တူတဲ့ ဒီဖားလေးတွေကိုတော့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနဲ့ တရုတ်နိုင်ငံရဲ့အမြဲစိမ်းမိုးသစ်တောတွေမှာတွေရတက်ပါတယ်။ ကုန်းတစ်ပိုင်းရေတစ်ပိုင်းနေတက်တဲ့ ဒီဖားတွေကိုတော့ လှိုဏ်ဂူတွေ၊ မတ်စောက်တဲ့ကျောက်ဆောင်တွေ၊ ချောက်ကမ်းပါးတွေ၊ အခေါင်းပေါက်ရှိတဲ့ ရေကန်တွေမှာ အများဆုံးတွေ့ရတက်ပါတယ်။ အရွယ်အစားကတော့ အမတွေအနေနဲ့ (၃.၅) လက်မထိရှိတက်ပြီး အထီးတွေကတော့ (၂.၄) လက်မပဲရှိပါတယ်။ shwekhitonlinetv.com

၈။ Tomato Frog

Tomato Frog တွေကတော့ အမည်နဲ့လိုက်အောင်ပဲ မှည့်ဝင်းနေတဲ့ ခရမ်းချဉ်သီးတစ်လုံးနဲ့ သဏ္ဍာန်တူပါတယ်။ ဒီဖားတွေဟာ သဘာဝအတိုင်းဆို အသက် (၆) နှစ်ကနေ (၈) နှစ်လောက်အထိ ရှင်သန်နိုင်တယ်လို့သိရပါတယ်။ သူတို့ကိုအန္တရာယ်ပြုတဲ့အခါကျရင် ခန္ဓာကိုယ်ကိုဖောင်းပွပြီးကာကွယ်တက်သလို သားရဲတွေကိုထုံကျင်စေမည့်အဆိပ်တစ်မျိုးကို ထုတ်လွှတ်နိုင်ပါတယ်။ လူသားတွေအနေနဲ့ထိမိရင် အသက်အန္တရာယ်တော့မဖြစ်ပေမယ့် ဓာတ်မတည့်မှုတွေတော့ဖြစ်တက်ပါတယ်။ ဒီဖားလေးတွေကို အတွေ့ရများတာကတော့ မာဒါဂတ်စကာကျွန်းမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Indian Bullfrog

Indian Bullfrod တွေကတော့ ကြီးမားတဲ့ဖားမျိုးစိတ်တွေဖြစ်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ အာဖဂ္ဂန်နစ္စတန် နဲ့ နီပေါနိုင်ငံတွေ့မှာအတွေ့ရများပါတယ်။ ရေချိုကမ်းစပ်တွေနဲ့ စိမ့်မြေတွေမှာနေထိုင်တက်တဲ့ ဖားတွေဖြစ်ပြီး လှပတဲ့အဝါရောင်အဆင်းနဲ့ လည်ပင်းတစ်ဝိုက်မှာရှိတဲ့ အပြာရောင်အသံအိတ်တွေက သူတို့ရဲ့ အမှတ်သင်္ကေတဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။