အဖိုးတန်ပစ္စည်းတွေ ဘယ်လောက်ပဲ ထုတ်ယူသည်​ဖြစ်စေ ကုန်ခမ်းမသွားသေးတဲ့ ရုရှားနိုင်ငံက ရတနာတောင်ကြီး

စိန်၊ ရွှေ၊ ငွေ၊ ပလက်တီနမ် နဲ့ အခြားအဖိုးတန်တွင်းထွက်တွေဆိုတာကတော့ နှစ်ပေါင်းသန်းနဲ့ချီတဲ့ ကာလတွေကနေ ယနေ့အချိန်ထိ ဘူမိဗေဒဆိုင်ရာဆင့်ကဲပြောင်းလဲမှုတွေကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ အရာတွေဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုအဖိုးတန်တွင်းထွက်တွေကို လူသားတွေအနေနဲ့ လုပ်ယူဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ဆိုရမှာဖြစ်ပြီး သဘာဝအတိုင်းသာရရှိနိုင်တဲ့အရာတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအရာတွေဟာရှားပါးလှပြီး တန်ဖိုးကလည်းကြီးမားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီလိုအဖိုးတန်ရတနာတွေနဲ့ သတ္တရိုင်းတွေကိုနှစ်စဉ်ထုတ်ယူနေတာတောင် ကုန်ခမ်းသွားနိုင်ခြင်းမရှိသေးဘဲ အမြောက်အများကျန်ရှိနေသေးတဲ့တောင်ကြီးတစ်ခု ကမ္ဘာပေါ်မှာရှိနေပါတယ်။ အဲ့ဒီတောင်ကြီးရဲ့ အမည်ကတော့ Kondyor Massif ဖြစ်ပြီး “Treasure Mountain” လို့ လူသိများပါတယ်။ shwekhitonlinetv.com

ဒီတောင်ကြီးဟာ အချင်း (၈) ကီလိုမီတာ၊ အမြင့် (၆၀၀) မီတာရှိတဲ့ တောင်ကြီးဖြစ်ပါတယ်။ အပေါ်စီးကကြည့်မယ်ဆိုရင်သူရဲ့ပုံသဏ္ဍာန်ကတော့ ပေါက်ကွဲပြီးသားမီးတောင်ဟောင်းတစ်ခု (ဒါမှမဟုတ်) ကြီးမားတဲ့ ဥက္ကာခဲတစ်ခု ကျရောက်ခြင်းခံခဲ့ရတဲ့ နေရာတစ်ခုနဲ့တူနေပါတယ်။ shwekhitonlinetv.com

Kondyor Massif ဟာ ရုရှားနိုင်ငံ Khabarovsk ဒေသ၊ Okhotsk ပင်လယ်အနောက်ဘက် (၆၀၀) ကီလိုမီတာနှင့် Yakᴜtsk ၏အရှေ့ဘက် (၅၇၀) ကီလိုမီတာအကွာမှာတည်ရှိတာဖြစ်ပြီး အရည်အသွေးကောင်းပြီးရှားပါးတဲ့ ရွှေအမျိုးအစား၊ ပလက်တီနမ်တွေနဲ့ အခြားတွင်းထွက်သတ္တုတွေထွက်ရှိပါတယ်။ shwekhitonlinetv.com

Siberiantimes သတင်းဋ္ဌာနရဲ့ အဆိုအရဆိုရင် ဒီတောင်ကြီးကနေနှစ်စဉ် ပလက်တီနမ် (၄) တန်လောက်ထွက်ရှိတယ်လို့သိရပြီး ဒီပမာဏနဲ့ နောင်နှစ်ပေါင်းများစွာဆက်လက်ထုတ်ယူနေနိုင်ဦးမယ်လို့ သိရပါတယ်။ ဒီတောင်ကြီးကနေထွက်ရှိတဲ့ အခြားသတ္တုတွေထဲက ခဲ၊ ကြေးနီ နဲ့ အခြားတွင်းထွက်တွေကလည်း အရည်အသွေးကောင်းလွန်းတာကြောင့်မို့လို့ (၁၉၉၃) ခုနှစ်ကစပြီး နှစ်စဉ်ပြပွဲတွေလည်း ပြုလုပ်လျှက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply