ကမ္ဘာတစ်လွှား လမ်းမတွေပေါ်မှာ မြင်တွေ့ရမယ့် ထူးခြားဆန်းပြားသော အရာများ

သိပ္ပံပညာရှင်များရဲ့ လေ့လာမှုတစ်ခုအရ အမေရိကန်နိုင်ငံထဲက လူဦးရေ တော်တော်များများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၃၀ ) လောက်ကတည်းက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ မှာ အချိန်ဖြုန်းလေ့ရှိကြပါတယ်တဲ့ ။ shwekhitonlinetv.com

ဒါ့ကြောင့်မို့လို့လည်း နိုင်ငံတော်တော်များများဟာဆိုရင် လမ်းမတွေပေါ်နဲ့ အများပြည်သူတွေနေရာမှာ အကျိုးရှိစေမယ့် အရာတွေကို ထူးထူးခြားခြားပုံစံလေးတွေနဲ့ ဖန်တီးပေးထားကြပါတယ်။ အခုဖော်ပြပေးမှာကလည်း လမ်းမတွေပေါ်က ထူးခြားဆန်းပြားတဲ့ ဖန်တီးမှုလေးတွေကို ဖော်ပြပေးမှာ ဖြစ်လို့ တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ လမ်းမပေါ်က ခွေးလေးတွေ အတွက် အစာခွက်

ပုံထဲက အမျိုးသမီးကတော့ အိမ်ခြေယာမဲ့ ခွေးလေးတွေအတွက် အစာကျွေးနိုင်မယ့် နည်းလမ်း တစ်ခုကို ဖန်တီးပေးခဲ့ပါတယ် ။ ဒါကတော့ လမ်းမပေါ်က သစ်ပင်တွေမှာ အတန်သင့် ရှည်လျားတဲ့ ပလတ်စတစ် ပြွန်ကို တွဲချည်ထားပြီး အစာတွေ ထည့်ပေးထားတာပဲ ဖြစ်ပါတယ် ။ ဒီနည်းလမ်းဟာ အတော်လေးကို အလုပ်ဖြစ်ခဲ့ပြီး သစ်ပင်မရှိတဲ့ လမ်းမတွေမှာဆိုရင် ဓာတ်တိုင်တွေမှာ ချည်ပြီး ထားပေးလို့ ရပါသေးတယ် ။ shwekhitonlinetv.com

၂။ စမတ်ကျလွန်းတဲ့ မြို့ပြ မီးအိမ်

ဒီ မီးအိမ်တွေဟာဆိုရင် တစ်ယောက်ယောက်က သူတို့ရဲ့ အောက်မှာ ရပ်လိုက်တာနဲ့ အလိုအလျောက် ပွင့်လာပြီး အမိုး မိုး ပေးဖို့အတွက် ပုံစံ ဖော်ထားတာပဲ ဖြစ်ပါတယ် ။ အခုလိုမျိုး တီထွင်မှုဟာဆိုရင် ပူပြင်းလွန်းတဲ့ နေ့အပူချိန်အောက်မှာ ဖြတ်သန်းသွားလာသူတွေအတွက်တော့ တစ်ကယ့်ကို အထောက်အပံ့ ဖြစ်စေမှာပါ။ shwekhitonlinetv.com

၃။ လူကူးမျဉ်းကြားမှာ ရပ်စောင့်နေရင်း ဆော့လို့ရတဲ့ ဂိမ်း

ဒီတီထွင်မှုလေးကတော့ လူကူးမျဉ်းကြားမှာ လမ်းကူးဖို့ ရပ်စောင့်နေရတဲ့ သူတွေအတွက် အပျင်းပြေဆော့နိုင်ဖို့အတွက် ဖန်တီးထားတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ် ။ ဂိမ်းလေးကတော့ ping pong ဂိမ်းလေးဖြစ်ပြီး လမ်းတစ်ဖက်စီက ရပ်စောင့်နေသူအချင်းချင်း ဆော့နိုင်မှာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် တစ်ခါတစ်လေ ဂိမ်းအဆော့လွန်သွားလို့ လမ်းကူးဖို့တောင် သတိမေ့သွားနိုင်တဲ့ ပြဿနာလေး တစ်ခုတော့ရှိပါတယ် ။ shwekhitonlinetv.com

၄။ လျှောစီးပြီး ဆင်းလို့ရတဲ့ လှေကား

တစ်ခါတစ်လေ အလျင်လိုပြီး လှေကားထစ်တွေကနေ ပြေးတက် ၊ ပြေးဆင်းလုပ်နေရတာ မလွယ်လှပါဘူး ။ အခုမြင်နေရတာကတော့ အချိန်မှီ သွားနေရတဲ့ သူတွေနဲ့ လှေကားဆင်းရတာကို ပျင်းတတ်တဲ့ သူတွေ အတွက် လျှောလေးတစ်ခု ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ ဘဲလေးတွေ အတွက် သီးသန့်လမ်း

ပုံထဲမှာ မြင်ရတဲ့ အတိုင်း မြို့တစ်မြို့မှာဆိုရင် ဘဲလေးတွေ သွားဖို့အတွက် သီးသန့် လမ်းတစ်ခု လုပ်ပေးထားတာပဲ ဖြစ်ပါတယ် ။ ဘဲလေးတွေက သူတို့အတွက် ဖောက်ပေးထားတဲ့ လမ်းကနေ သွားကြမှာ မဟုတ်ပေမယ့်လည်း စက်ဘီးစီးသူတွေ အတွက် ဒီသကေင်္ံတလေးတွေကို မြင်ပါက အရှိန်နှေးပြီး နင်းဖို့အတွက် သတိပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ အိုင်ဒီယာဆန်းလွန်းလှတဲ့ ထိုင်ခုံ

ဒါကတော့ ထိုင်းနိုင်ငံထဲက ဘက်စ်ကားမှတ်တိုင်တစ်ခုမှာ ကားစောင့်နေရင်း ထိုင်ဖို့အတွက် ဒီဇိုင်းဖန်တီးပေးထားတဲ့ ခုံပဲ ဖြစ်ပါတယ် ။ သာမန်ဘက်စ်ကား ထိုင်ခုံတွေမှာ ထိုင်နေရတာကို ငြီးငွေ့သူတွေအတွက်ကတော့ ဒီထိုင်ခုံလေးနဲ့ဆို အဆင်ပြေသွားမှာပါ ။ shwekhitonlinetv.com

၇။ အသုံးမပြုတော့တဲ့ လှေကားကို အကျိုးရှိစွာ အသုံးချနည်း

တစ်ခါတစ်လေမှာ အသုံးမပြုတော့တဲ့ အရာတွေကို အကျိူးရှိစွာ အသုံးချနိုင်သေးတယ်ဆိုတာကို ဒီပုံလေးက သက်သေပြလို့နေပါတယ် ။ အခုမြင်နေရတာကတော့ မြစ်ကမ်းနဘေးက အသုံးမပြုတော့တဲ့ လှေကားတွေ ပေါ်မှာ နေပူစာ လှုံနိုင်မယ့် ဘုတ်အပြားလေးတွေ တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ နွေရာသီ ရောက်တိုင်း မြစ်တစ်လျှောက်တိုက်တဲ့ လေကို ရှုရှိုက်ရင်း နေပူစာ လှုံချင်တဲ့ သူတွေအတွက်ကတော့ အတော်လေးကို သဘောကျစေမှာပါ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာအနှံ့က လမ်းမတွေပေါ်မှာ တွေ့ရတဲ့ ထူးထူးဆန်းဆန်း အရာလေးတွေ အကြောင်းကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com