ဆောင်းတွင်းကာလမှာ မစားသောက်သင့်တဲ့ အစားအစာများ

ဆောင်းတွင်းကာလကိုရောက်ရှိလာပြီဆိုတာနဲ့ အအေးဓာတ်က အခြားရာသီဥတုတွေထက်ပိုမိုလွန်ကဲလို့လာပါတယ်။ အအေးဓာတ်ဟာ ဘက်တီးရီးယားနဲပိုးမွှားတွေကို ကောင်းစွာရှင်သန်ကြီးထွားနိုင်ဖို့အထောက်အကူပြုပါတယ်။ တစ်ဖက်မှာတော့ လူသားတွေရဲ့ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေပြီး ကိုယ်ခံစွမ်းအားကို လျော့နည်းစေပါတယ်။shwekhitonlinetv.com

ဒါကြောင့်လည်းဆောင်းတွင်းကာလရောက်ပြီဆိုတာနဲ့ အအေးမိတာ ဖျားနာတာတွေအဖြစ်များလာကြပါတယ်။ ဒီလိုအခြေအနေမှာ ခန္ဓာကိုယ်ရဲ့အပူချိန်ကို ထိန်းညှိပြီးကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်ဖို့လိုသလို ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်တဲ့ အစားအသောက်တွေကို စားသောက်ဖို့ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်လို့နေပါတယ်။shwekhitonlinetv.com

ဒါကြောင့် ဒီနေ့မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် ဖျားနာခြင်းတွေကင်းဝေးစေဖို့ ဆောင်းတွင်းမှာမစားသောက်သင့်တဲ့ အစားအစာအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။shwekhitonlinetv.com

၁။ အချိုဓာတ်လွန်ကဲသော အစားအစာများ

အချိုဓာတ်လွန်ကဲတဲ့ ကိတ်မုန့်၊ ဖျော်ရည်၊ အချိုရည် တွေကို ဆောင်းတွင်းမှာ အများအပြားမစားသုံးသင့်ပါဘူး။ ဒီအရာတွေက နာမကျန်းဖြစ်နေတဲ့သူတွေကို ပိုမိုဆိုးရွားစွာ ခံစားရစေနိုင်သလို ခန္ဓာကိုယ် ရောင်ရမ်းခြင်းတွေကိုလည်း အလွယ်တကူ ဖြစ်စေနိုင်ပါတယ်။shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။)

၂။ ဆီကြော်မုန့်များ

ဆီများများနဲ့ကြော်ထားတဲ့ မုန့်တွေကိုစားသုံးခြင်းဟာကိုလည်း ရှောင်ရှားသင့်ပါတယ်။ အဆီဓာတ်ပါဝင်မှုနှုန်းများခြင်းက ဖျားနာခြင်းကိုဖြစ်စေနိုင်သလို၊ ချွဲသလိပ်ထခြင်း နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ရောင်ရမ်းခြင်း ကိုပါဖြစ်စေနိုင်ပါတယ်။shwekhitonlinetv.com

၃။ Histamine ပါဝင်နှုန်းမြင့်မားတဲ့ အစာများ

Histamine ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကထုတ်လုပ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်ပါတယ်။ ဒီအရာက အကျိအချွဲတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ အရာတွေကိုတိုက်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ ကြက်ဥ၊ မှို၊ ခရမ်းချဥ်သီး၊ ဒိန်ချဥ် စတဲ့ အစားအစာတွေကလည်း Histamine ကိုထုတ်လုပ်ပေးနိုင်စွမ်းရှိပြီး အလွန်အကျွံစားမိရင် ချွဲ၊ သလိပ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ နှာခေါင်းပိတ်နေတာ၊ ရင်ကြပ်နေတာ စတဲ့အခြေအနေမျိုးမှာ ဒီလိုအစားအစာတွေကိုရှောင်သင့်ပါတယ်။shwekhitonlinetv.com

၄။ နို့နှင့်နို့ထွက်အစားအစာများ

အများအားဖြင့်တော့ ဆရာဝန်တွေက လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ်အအေးမိခြင်းများခံစားနေရတဲ့ အခြေအနေမှာ နို့ထွက်အစားအစာများကိုစားသုံးခြင်းမှရှောင်ကြဉ်ရန်အကြံပြုလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နို့နှင့်ဒိန်ခဲလိုမျိုး နို့ထွက်အစားအစာတွေက ချွဲသလိပ်တွေကို တိုးပွားစေလို့ဖြစ်ပါတယ်။shwekhitonlinetv.com

၅။ ကဖင်းဓာတ်ကြွယ်ဝသော သောက်သုံးစရာများ

ကော်ဖီ၊ အားဖြည့်အချိုရည် စတဲ့ ခန္ဓာကိုယ်ကိုနိုးကြားတက်ကြွစေတဲ့ သောက်သုံးဖွယ်ရာတွေဟာ ကဖင်းဓာတ်ကြွယ်ဝစွားပါဝင်လို့နေပါတယ်။ ဒါကြောင့် ချွဲသလိပ်ထတာ၊ လည်ချောင်းခြောက်တာ၊ လည်ချောင်းနာတာတွေအပြင် ဆီးချိုရောဂါကိုပါဖြစ်ပွားစေလို့ ဆောင်းတွင်းမှာသာမကဘဲ ဘယ်အချိန်မဆို စာသုံးခြင်းမှရှောင်ရှားသင့်ပါတယ်။shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …shwekhitonlinetv.com