နျူကလီးယားဓာတ်ပေါင်းဖို အများဆုံးရှိနေတဲ့ ကမ္ဘာ့နိုင်ငံများ

စာရင်းအင်းတွေအရဆိုရင်တော့ လက်ရှိ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာပေါ်ကနိုင်ငံ (၃၂) နိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖိုစုစုပေါင်း (၄၂၆) လုံးရှိနေပြီဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေက နျူကလီးယားဓာတ်ပေါင်းဖိုအများဆုံးပိုင်ဆိုင်ထားသလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော် ….. shwekhitonlinetv.com

၁။ အမေရိကန် – (၉၃) ခု

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကတော့ ကမ္ဘာပေါ်ကအခြားနိုင်ငံတွေထက် အဘက်ဘက်မှာသာလွန်နေတယ်လို့ ဆိုရလောက်အောင်ပဲ ဒီစာရင်းမှာလည်းဦးဆောင်နေပြန်ပါတယ်။ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာဆိုရင် စုစုပေါင်း နျူကလီးယားဓာတ်ပေါင်းဖို (၉၃) ခုအထိပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ပြင်သစ် – (၅၆) ခု

ဒုတိယနေရာမှာရပ်တည်နေတာကတော့ နိုင်ငံနယ်နိမိတ်သေးငယ်ပေမယ့် ခေတ်မီတိုးတက်ပြီး ဥရောပရဲ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုအရေအတွက်က (၅၆) ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ တရုတ် – (၅၅) ခု

ကမ္ဘာပေါ်မှာလူဦးရေအများဆုံးနဲ့ အာရှရဲ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကတော့ စုစုပေါင်းနျူကလီးယားဓာတ်ပေါင်းဖို (၅၅) ခုအထိပိုင်ဆိုင်ထားပြီး ယခုစာရင်းရဲ့ အဆင့် (၃) နေရာမှာရပ်တည်လျက်ရှိပါတယ်။ shwekhitonlinetv.com

၄။ ရုရှား – (၃၇) ခု

ကမ္ဘာကြီးကိုလက်ဝါးကြီးအုပ်ဖို့ကြိုးစားနေတဲ့ ရုရှားနိုင်ငံကတော့ တစ်ချို့အပိုင်းတွေမှာ ပြိုင်ဘက်အင်အားကြီးနိုင်ငံတွေထက် နိမ့်ကျလျက်ရှိပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုဆိုလည်း နိုင်ငံတစ်ဝန်းမှာ (၃၇) ခုသာရှိပါတယ်။ shwekhitonlinetv.com

၅။ ဂျပန် – (၃၃) ခု

နည်းပညာပိုင်းမှာဆိုရင်တော့ အာရှတိုက်မှာသာမက တစ်ကမ္ဘာလုံးနဲ့ပါယှဉ်လို့ရတဲ့ ဂျပန်နိုင်ငံကတော့ နိုင်ငံဧရိယာသေးငယ်ပေမယ့် ပိုင်ဆိုင်ထားတဲ့ နျူကလီးယားဓာတ်ပေါင်းဖို အရေအတွက်ကတော့ (၃၃) ခုတောင်ရှိပါတယ်။ shwekhitonlinetv.com

၆။ တောင်ကိုရီးယား – (၂၅)

ဂျပန်နိုင်ငံအလားတူပဲ နည်းပညာနဲ့ လူနေမှုအဆင့်အတန်းဖွံ့ဖြိုးတိုးတက်လှတဲ့ အာရှတိုက်က တောင်ကိုရီးယားနိုင်ငံကလည်း နိုင်ငံတစ်ဝှမ်းမှာ နျူကလီးယားဓာတ်ပေါင်းဖို စုစုပေါင်း (၂၅) ခုအထိရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အိန္ဒိယ – (၂၂) ခု

လူဦးရေသိပ်သည်းလှတဲ့ အာရှတိုက်ရဲ့အင်အားကြီး အိန္ဒိယနိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့် (၇) နေရာမှာရပ်တည်လို့နေပါတယ်။ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုအရေအတွက်ကတော့ စုစုပေါင်း (၂၂) ခုအထိရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။