ကမ္ဘာ့အချမ်းသာဆုံးနဲ့ သြဇာအရှိန်အဝါအကြီးမားဆုံး ဘောလုံးအေးဂျင့်များ

ရွှေခေတ်ဘောလုံးပရိသတ်တွေအတွက် အခုတစ်ခေါက်မှာတော့ ဘောလုံးလောကရဲ့ ဝင်ငွေအကောင်းဆုံးနဲ့ သြဇာအကြီးမားဆုံး အေးဂျင့်တွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၇။ သောမတ်ကရို့သ်

ဂျာမန်ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကရို့သ်ကတော့ အချမ်းသာဆုံးအေးဂျင့်စာရင်းမှာ အဆင့် (၇) ချိတ်သူဖြစ်ပါတယ်။ သူ့ကိုင်တွယ်ခဲ့တဲ့အထင်ရှားဆုံးကစားသမားအပြောင်းအရွှေ့တွေကတော့ မန်နူရယ်နူအာ၊ ရှင်ဂျီကာဂါဝါ နဲ့ အလက်ဇန္တားဒရာဂိုဗစ်တို့ဖြစ်ပါတယ်။ အပြောင်းအရွှေ့တန်ဖိုး (၁၄၆) သန်းလောက်ကို သူ့အနေနဲ့ အေးဂျင့်အဖြစ်ဆောင်ရွက်ဖူးပြီး ကော်မရှင်ခချည်း (၁၄.၇) သန်းလောက်ရထားပါတယ်။ shwekhitonlinetv.com

၆။ ဖာနန်ဒို ဖီလီချီဗစ်

အာဂျင်တိုင်း အေးဂျင့်တစ်ဦးဖြစ်တဲ့ ဖာနန်ဒို ဖီလီချီဗစ်ကတော့ နာမည်ကျော်ချီလီ ကစားသမားအတော်များများရဲ့ အပြောင်းအရွှေ့တွေကိုချုပ်ကိုင်ထားတဲ့ သူဖြစ်ပါတယ်။ တောင်အမေရိကတိုက်ရဲ့ သြဇာအကြီးမားဆုံး အေးဂျင့်တစ်ဦးလည်းဖြစ်ပြီး အလက်ဆစ်ဆန်းချက်၊ အာတူရိုဗီဒယ်၊ ကလော်ဒီယိုဘရာဗို၊ ဂယ်ရီမီဒယ်တို့ဟာသူ့ကစားသမားတွေဖြစ်ပါတယ်။ စုစုပေါင်းစာချုပ်တန်ဖိုး (၁၄၈) သန်းလောက်ကိုအေးဂျင့်အဖြစ်ဆောင်ရွက်ခဲ့ပြီး ကော်မရှင် (၁၅) သန်းလောက်ရထားပါတယ်။ shwekhitonlinetv.com

၅။ မိုင်နိုရွိင်အိုလာ

ဒီစာရင်းမှာ အဆင့် (၅) နေရာသာရှိပေမယ့် လက်ရှိအေးဂျင့်လောကမှာတော့ ရွိုင်အိုလာက ခြေလှမ်းအသွက်ဆုံးလို့ ဆိုနိုင်ပါတယ်။ နာမည်ကျော်ကစားသမားအတော်များများကို ချုပ်ကိုင်ထားနိုင်ပြီဖြစ်ပြီး ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာသာသူကိုင်တွယ်ထားတဲ့ ကစားသမားတွေအပြောင်းအရွှေ့ဖြစ်ခဲ့ရင် ဒီစာရင်းရဲ့ အဆင့် (၁) နေရာကိုတောင်ရောက်ရှိသွားဖို့ရှိနေပါတယ်။ လက်ရှိသူဆောင်ရွက်ထားတဲ့ အပြောင်းအရွှေ့တန်ဖိုးက (၁၈၆) သန်းရှိပြီး ကော်မရှင်ကြေး (၁၈.၇) သန်းရထားပါတယ်။ ပေါ့ဘာ၊ မစ်ခီတာရန်၊ အီဗရာဟီမိုဗစ်၊ လူကာကူ၊ ဘာလော့တယ်လီ တို့က သူ့ရဲ့ စတားတွေပါ။ shwekhitonlinetv.com

၄။ ဟိုဆေးအော်တင်

သူကတော့ စပိန်ကစားသမားတွေအတွက်တော့ သြဇာတိကကြီးမားလှတဲ့ အေးဂျင့်တစ်ဦးဖြစ်ပါတယ်။ ဖာနန်ဒိုတောရက်စ်၊ နာချိုမွန်ရီယယ်၊ ဂျာဗီမာတီနက်ဇ်၊ ပက်ဒရို၊ ဂျီးဆပ်နာဗက်၊ ရာအူးလ်ဂါစီယာ စတဲ့စပိန်ကြယ်ပွင့်တွေကို ထိန်းချုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ အပြောင်းအရွှေ့တန်ဖိုး (၁၉၁) သန်းမှာ ကော်မရှင် (၁၉.၂) သန်းရရှိထားပါတယ်။ shwekhitonlinetv.com

၃။ ဗော်လ်ကာစထရု

မာရီယိုဂေါ့ဇီ၊ မာကိုရူးစ်၊ တိုနီကရူးစ်၊ ဟိုဝီဒက်စ်၊ အိုမာတိုပရက် စတဲ့ ဘွန်ဒစ်လီဂါကြယ်ပွင့်တွေကို ထိန်းချုပ်ထားတာကတော့ ဗော်လ်ကာစထရုပဲဖြစ်ပါတယ်။ သူ့အနေနဲ့ဘွန်ဒစ်လီဂါကကြယ်ပွင့် ကစားသမားတွေရဲ့ အပြောင်းအရွှေ့တန်ဖိုး (၂၇၈) သန်းလောက်ကို ပါဝင်ပတ်သတ်ခဲ့သူဖြစ်ပြီး ကော်မရှင်ကြေးသက်သက် (၂၇.၈) သန်းရရှိထားသူဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဂျိုနသန်ဘန်းနက်

အင်္ဂလန်ကြယ်ပွင့်ကစားသမားအတော်များများရဲ့ အပြောင်းအရွှေ့တွေကိုချုပ်ကိုင်ခဲ့တာကတော့ နာမည်ကျော်အေးဂျင့် ဂျိုနသန်ဘန်းနက်ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ အက်ရှ်လေကိုးလ်၊ ဂါရတ်ဘေးလ်၊ လုခ်ရှော၊ ဂလင်းဂျွန်ဆင်၊ လယ်လာနာ စတဲ့ ဗြိတိန်ကျွန်းစုက ကစားသမားတွေရဲ့ စုစုပေါင်းအပြောင်းအရွှေ့တန်ဖိုး (၂၈၇) သန်းလောက်မှာ အေးဂျင့်အဖြစ်ဆောင်ရွက်ပေးခဲ့ပြီး ကော်မရှင်ခ (၂၈.၈) သန်းလောက်ရရှိထားသူဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဂျော့မန်ဒက်စ်

ဘောလုံးလောကက နာမည်ကျော်ကစားသမားတွေကိုလိုချင်ရင်တော့ စူပါအေးဂျင့်ဂျော့မန်ဒက်စ် နဲ့ ကင်းလို့မရပါဘူး။ သူကတော့ စီရော်နယ်လ်ဒို၊ ပီပီ၊ ကာဗယ်လ်ဟို အစရှိတဲ့နာမည်ကျော်ပေါ်တူဂီလူမျိုး ကစားသမားတွေအပြင် အိန်ဂျယ်ဒီမာရီယာ၊ ဂျိမ်းစ်ရိုဒရီဂွတ်၊ ဖယ်လ်ကာအို၊ ဒေးဗစ်ဒီဂီယာ၊ သီယာဂိုဆေးလ်ဗား၊ ဒီယေဂိုကော်စတာ စတဲ့ မရေမတွက်နိုင်လောက်အောင်များပြားတဲ့ ကစားသမားတွေကိုချုပ်ကိုင်ထားသူဖြစ်သလို နာမည်ကျော်နည်းပြကြီး မော်ရင်ဟိုကိုပါချုပ်ကိုင်ထားတဲ့ အေးဂျင့်ဖြစ်ပါတယ်။ အပြောင်းအရွှေ့တန်ဖိုး (၆၂၆.၃) သန်းလောက်ကို အေးဂျင့်အနေနဲ့ ပါဝင်ပတ်သတ်ခဲ့ပြီး ကော်မရှင်ခ (၆၂.၈) သန်းရရှိဖူးပါတယ်။ သူဟာပေါ်တူဂီကြယ်ပွင့် စီရော်နယ်လ်ဒိုနဲ့လည်း အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး သူ့ရဲ့ မင်္ဂလာဆောင်ကို စီရော်နယ်လ်ဒိုအနေနဲ့ ဂရိက ကျွန်းတစ်ကျွန်းဝယ်ပြီး လက်ဖွဲ့ခဲ့ဖူးပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။