ဥရောပရွှေဖိနပ်ဆုကို အကြိမ်အများဆုံးဆွတ်ခူးရရှိထားသောကစားသမားများ

ဥရောပဂိုးသွင်းအများဆုံးကစားသမားဆုကိုတော့ (၁၉၆၇-၁၉၆၈) ဘောလုံးရာသီမှာ စပိန်အားကစားမဂ္ဂဇင်းဖြစ်တဲ့ L’Equipe ကနေစတင်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒီဆုကိုပထမဆုံးရရှိခဲ့တဲ့ ကစားသမားကတော့ ပေါ်တူဂီ ဂန္တဝင်တိုက်စစ်မှုးကြီး အူဆီဘီယိုပဲဖြစ်ပါတယ်။ သူ့အနေနဲ့ အဲ့ဒီရာသီက ဘင်ဖီကာအသင်းနဲ့အတူသွင်းဂိုး (၄၂) ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဒီဆုကိုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၉၉၆-၉၇ ခုနှစ်မှာတော့ ဥရောပတစ်လွှားကနာမည်ကျော်အားကစား မဂ္ဂဇင်း (၁၄) စောင်က European Sports Medias (ESM) ဆိုပြီးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ယနေ့တိုင် ဒီဆုကိုပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ ESM Golden Boot Award ကိုအကြိမ်အများဆုံးရရှိဖူးတဲ့ကစားသမားတွေ ကိုဖော်ပြပေးလိုက်ရပါတယ်။shwekhitonlinetv.com

၆။ သီယာရီအွန်နရီ – (၂) ကြိမ်

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှုးဟောင်းတစ်ဦးဖြစ်တဲ့ သီယာရီအွန်နရီကတော့ ဒီဆုကိုအာဆင်နယ်အသင်းမှာ ကစားနေစဉ် (၂) ကြိမ်ရရှိဖူးတဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ (၂၀၀၃-၀၄) ဘောလုံးရာသီမှာ လိဂ်သွင်းဂိုး (၃၀) နဲ့ ဒီဆုကိုပထမအကြိမ်ရရှိခဲ့ပြီး (၂၀၀၄-၀၅) ဘောလုံးရာသီမှာလည်း သွင်းဂိုး (၂၅) ဂိုးနဲ့ ဒီဆုကို ဗီလာရီးယဲလ်တိုက်စစ်မှုး ဒီယေဂိုဖော်လန်နဲ့ ပူးတွဲရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၅။ မာရီယိုဂျာဒယ် – (၂) ကြိမ်

ဘရာဇီးတိုက်စစ်မှုး မာရီယိုဂျာဒယ်ကတော့ ဒီဆုကိုပထမဆုံး (၂) ကြိမ်ရရှိခဲ့ဖူးသူဖြစ်ပါတယ်။ သူ့အနေနဲ့ (၁၉၉၈-၉၉) ဘောလုံးရာသီက ပေါ်တိုအသင်းအတွက် (၃၆) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဒီဆုကိုပထမအကြိမ်ရယူနိုင်ခဲ့သလို (၂၀၀၁-၀၂) ဘောလုံးရာသီမှာတော့ စပို့တင်းလစ္စဘွန်းအသင်းအတွက် (၄၂) ဂိုးသွင်းယူခဲ့ပြီး ဒုတိယအကြိမ် ဒီဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဒီယေဂိုဖော်လန် – (၂) ကြိမ်

ဥရုဂွေးတိုက်စစ်မှုး ဒီယေဂိုဖော်လန်ကတော့ (၂၀၀၄-၀၅) ဘောလုံးရာသီမှာ ဗီလာရီးယဲလ်အသင်းအတွက် (၂၅) ဂိုးသွင်းယူပြီးဒီဆုကို အာဆင်နယ်တိုက်စစ်မှုး သီယာရီအွန်နရီနဲ့အတူ ပထမအကြိမ် ပူးတွဲရရှိခဲ့ပါတယ်။ (၂၀၀၈-၀၉) ဘောလုံးရာသီမှာတော့ အက်သလက်တီကိုအသင်းနဲ့အတူ (၃၂) ဂိုးသွင်းကာ ဒုတိယအကြိမ်ထပ်မံဆွတ်ခူးခဲ့ပြန်ပါတယ်။ shwekhitonlinetv.com

၃။ လူးဝစ်ဆွာရက်ဇ် – (၂) ကြိမ်

ဥရုဂွေးတိုက်စစ်မှုး လူးဝစ်ဆွာရက်ဇ်ကတော့ လီဗာပူးလ်အသင်းမှာကစားနေစဉ် သွင်းဂိုး (၃၁) ဂိုးနဲ့ဒီဆုကို ပထမအကြိမ်ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှုး စီရော်နယ်လ်ဒိုနဲ့အတူ ပူးတွဲရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်အဖြစ် ဘာစီလိုနာအသင်းမှာ ကစားနေစဉ် သွင်းဂိုး (၄၀) နဲ့ ဒီဆုကို ထပ်မံ ဆွတ်ခူးခဲ့ပြန်ပါတယ်။ shwekhitonlinetv.com

၂။ စီရော်နယ်လ်ဒို – (၄) ကြိမ်

ပေါ်တူဂီတိုက်စစ်မှုး စီရော်နယ်လ်ဒိုကတော့ ဒီဆုကို (၄) ကြိမ်ရရှိဖူးပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ ဒီဆုကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ တစ်ကြိမ် (၂၀၀၇-၀၈) – (၃၁) ဂိုး၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ သုံးကြိမ် (၂၀၁၀-၁၁) – (၄၀) ဂိုး၊ (၂၀၁၃-၁၄) – (၃၁) ဂိုး *ဆွာရက်ဇ်နှင့်ပူးတွဲ၊ (၂၀၁၄-၂၀၁၅) – (၄၈) ဂိုး တို့နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ လီယွန်နယ်မက်ဆီ – (၆) ကြိမ်

ဥရောပရွှေဖိနပ်ဆု (ESM Golden Boot) ကိုလက်ရှိအချိန်အထိအကြိမ်အများဆုံးရရှိပြီး စံချိန်တင်ထားနိုင်တာကတော့ အာဂျင်တီးနားတိုက်စစ်မှုး လီယွန်နယ်မက်ဆီပဲဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ဒီဆုကို (၆) ကြိမ်စလုံး ဘာစီလိုနာတစ်သင်းတည်းနဲ့ ရရှိထားတာဖြစ်ပါတယ်။ မက်ဆီရရှိခဲ့တဲ့ ခုနှစ်တွေနဲ့ သွင်းဂိုးတွေကတော့ (၂၀၀၉-၁၀) – (၃၄) ဂိုး၊ (၂၀၁၁-၂၀၁၂) – (၅၀) ဂိုး၊ (၂၀၁၂-၂၀၁၃) – (၄၆) ဂိုး၊ (၂၀၁၆-၁၇) – (၃၇) ဂိုး၊ (၂၀၁၇-၁၈) – (၃၄) ဂိုး၊ (၂၀၁၈-၁၉) – (၃၆) ဂိုး တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။