အချိန်ခဏလေး အတွင်းမှာ အမိအရ ရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံ (၁၀) ပုံ

ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ အချိန်ခဏလေးအတွင်းမှာ အမိအရ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

ဒီပုံလေးတွေကို ရိုက်ထားတဲ့ ဓာတ်ပုံဆရာတွေ လက်စွမ်း ဘယ်လောက်တောင် ထက်လဲဆိုတာ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ရအောင်နော်။ shwekhitonlinetv.com

၁။ ဉာဏ်ကောင်းလွန်းတဲ့ သူခိုး

သူခိုး အခိုးခံနေရတုန်းမှာ ဓာတ်ပုံ ရိုက်မိတာပါ။ ပုံထဲက အမျိုးသမီးဟာ သူမ ပိုက်ဆံအိတ်ကို လုပြေးမယ့်သူရဲ့ မျက်နှာကို ဓာတ်ပုံထဲမှာ အမိအရကို ဖမ်းနိုင်ခဲ့ပါပြီ။ တော်တော် ဉာဏ်ပြေးတဲ့ သူခိုးပါပဲ။ shwekhitonlinetv.com

၂။ စိတ်ကူးယဉ်ကြည့်မှ ရယ်ရမယ့် ဓာတ်ပုံ

ဒိုင်ဗင်သမားတစ်ယောက် ရေကူးကန်ထဲ ဒိုင်ဗင်ထိုးနေစဉ်မှာ လက်နဲ့ ရေပြင် ထိလုနီးပါး ဖြစ်နေတဲ့ အချိန်ကို အမိအရ ရိုက်ကူးထားတဲ့ ပုံပဲ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ကြည့်လိုက်ရင်တော့ အချဉ်ရည်ထဲကို ကြက်ကင် နှစ်တော့မယ့်ပုံမျိုး ဖြစ်နေပါတယ်။ shwekhitonlinetv.com

၃။ လက်ထပ်ရမှာ ကြောက်နေတဲ့ သတို့သား

ပုံထဲက အမျိုးသားကတော့ အမှတ်တမဲ့ ကြည့်လိုက်ရင် လက်ထပ်မှာရမှာ ကြောက်လို့ သတို့သားက လွတ်ရာကို ပြေးနေတဲ့ ပုံပါပဲ။ တစ်ကယ်ကတော့ သူတို့ရဲ့ ရိုးရာဓလေ့အရ သတို့သားကို ပွဲလာပရိသတ်တွေက အောင်ပွဲခံတဲ့အနေနဲ့ လေပေါ်မြှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ သခင်ကို ချစ်လွန်းတဲ့ ခွေးလေး

ဒီပုံလေးကတော့ သခင်ဖြစ်သူက ဓာတ်ပုံအရိုက်ခံဖို့အတွက် အိုက်တင်ပေးပြီး ရယ်ဖို့လုပ်နေတုန်း ခွေးလေးက သခင်ရဲ့ လျှာကို လျက်နေသလို ဖြစ်သွားခဲ့ပါတယ်။ သခင်ဖြစ်သူရဲ့ မျက်နှာကို ကြည့်လိုက်တာနဲ့ ဘယ်လိုခံစားသွားရမလဲဆိုတာ ပြောစရာမလိုပဲနဲ့ကို သိသာလွန်းပါတယ်။ shwekhitonlinetv.com

၅။ တစ်ကယ့်ကို တိုက်ဆိုင်လွန်းတဲ့ ဓာတ်ပုံ

တစ်ခါတစ်လေ ခရီးသွားနေရင်း ရှုခင်းတစ်ခုကို အပြည့်အ၀ ခံစားချင်ပေမယ့် ကိုယ့်ရှေ့က ကားက ကွယ်နေလို့ အပြည့်အ၀ မကြည့်ရတဲ့ အချိန်မျိုးတွေ ရှိကြမှာပါ။ ဒါပေမယ့် ဒီပုံမှာတော့ ရှုခင်းနဲ့ ကားရဲ့ နောက်ဖုံးက ကြော်ငြာပုံလေးက အတော်လေးကို အပ်စပ်သွားလို့ ပြီးပြည့်စုံတဲ့ Landscape ရှုခင်းတစ်ခုကို ကြည့်နေရသလိုပါပဲ။ shwekhitonlinetv.com

၆။ မှော်ပညာနဲ့ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်။

ပုံထဲက အမျိုးသားကတော့ ကုန်းပေါ်မှာ စက်ဘီးတာ အားမရလို့ မှော်ပညာသုံးပြီး ရေပြင်ပေါ်မှာပါ စက်ဘီးစီးဖို့ ကြိုးစားနေပုံပါပဲ။ တစ်ကယ်ကတော့ စက်ဘီးစီးနေတုန်း အရှိန်လွန်ပြီး ရေထဲ ပြုတ်ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ စတန့်အပြလွန်သွားတဲ့ အမျိုးသား

ဒီအမျိုးသားကတော့ သာမန် စတန့် ပြကွက်တွေ လုပ်ပြရတာရိုးသွားလို့ ပိုပြီးထူးဆန်းတာ တစ်ခုကို ပြဖို့ ပြင်နေပုံပါပဲ။ ဒီစတန့်ပြပြီးရင်လည်း ထိခိုက်သွားမယ့် နေရာကို ကုဖို့အတွက် ပိုက်ဆံတော်တော်လေးကို စုထားရဦးမှာပါ။ shwekhitonlinetv.com

၈။ မတူညီတဲ့ နေရာ၂ခုက သက်ရှိတွေကို ပေါင်းစည်းပေးတဲ့ ဓာတ်ပုံဆရာ

အခုမြင်နေရတဲ့ ပုံလေးကတော့ ကုန်းပေါ်က သက်ရှိတွေနဲ့ ရေထဲက သက်ရှိတွေကို တစ်ပုံထဲမှာပဲ စုစုစည်းစည်း ဖြစ်သွားအောင် ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးပေးထားတာပါ။ ဓာတ်ပုံဆရာရဲ့ စိတ်ကူးကတော့ အတော်လေးကို ချီးကျူးစရာပါပဲ။ shwekhitonlinetv.com

၉။ အနာဂတ်ကို ကြိုသိနေတဲ့ အမျိုးသား

ဒီပုံထဲက အမျိုးသားကတော့ အနာဂတ်ကို ကြိုသိနေသလိုပါပဲ။ အကြောင်းကတော့ သူ့ရဲ့ ဘေးက ကောင်မလေး ပီဇာမုန့်ကို ပြုတ်မကျခင်တည်းက “ ငါအဆင်ပြေပါတယ်” ဆိုတဲ့ ပုံစံလေးပြပြီး ဓာတ်ပုံရိုက်ခဲ့လို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ မှန်ထဲမှာ ပုံစံအမျိုးမျိုးနဲ့ ပဲပေးနေတဲ့ ကြောင်လေး

ကြောင်လေးတစ်ကောင် မှန် ၂ ချပ်ကို ကြည့်ပြီး ဘယ်မျက်နှာက ပိုကြည့်ကောင်းလဲဆိုတာ ဝေခွဲရခက်နေပုံပါပဲ။ တစ်ယောက်ယောက်တော့ ဒီကြောင်လေးကို ကူညီပေးမှပဲ အဆင်ပြေတော့မှာပါ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ အချိန်ခဏလေးအတွင်းမှာ မထင်မှတ်ပဲ ဖြစ်သွား တာလေးတွေကို အမိအရ ရိုက်ကူးထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ပိုင်းမှာလည်း အခုလို ဘ၀အမောပြေစေမယ့် ပုံလေးတွေ ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှု ပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။