ဘေးလူတွေ အမြင်မှာ ထူးဆန်းနေမယ့် အံ့သြစရာ ဓာတ်ပုံ (၁၀) ပုံ

လောကမှာ အရမ်းကိုထူးဆန်းပြီး အံ့သြစရာကောင်းလောက်တဲ့ အရာမျိုးကို သင့်အနေနဲ့ မြင်ဖူးပါသလား  shwekhitonlinetv.com

ဒါမှ မဟုတ်လည်း တစ်စုံတစ်ယောက် အဖွဲ့အစည်းတစ်ခုက လုံးဝနားမလည်လောက်တဲ့ အပြုအမူတစ်ခုခုကို ပြုလုပ်နေကြတာမျိုးပေါ့။ မမြင်ဖူးသေးရင်တော့ အောက်က ပုံလေးတွေနဲ့ အကြောင်းအရာလေးတွေကိုဖတ်ကြည့်ပေးပါဦးနော် shwekhitonlinetv.com

၁။ လက်လား ခြေထောက်လား။

ဒီပုံကိုမြင်တာနဲ့ အတော်လေးကို ခေါင်းစားပြီး နှစ်ခါပြန် ကြည့်ယူရမယ်ဆိုတာ သေချာပေါက်ပြောရဲပါတယ်။ Photoshop နဲ့ ပြုပြင်ထားတာမဟုတ်ဘူး ဆိုရင်တော့ ဒါကထူးဆန်းတဲ့ လူတစ်ဦးရဲ့ လက် (သို့မဟုတ်) ခြေထောက်ဖြစ်နိုင်တယ်ဆိုတာကလွဲလို့ ပိုတိကျတဲ့ အဖြေပေးနိုင်မယ်မထင်ပါဘူး။ shwekhitonlinetv.com

၂။ ခရမ်းချဉ်သီးထဲကို ကျုးကျော်ခဲ့တဲ့ စတော်ဘယ်ရီ

ပုံမှာပြထားတဲ့အတိုင်း ခရမ်းချဉ်သီးထဲမှာ စတော်ဘယ်ရီသီးရဲ့ အစိတ်အပိုင်းတွေကို တွေ့ရလို့ ရုတ်တရက်ဆို အံ့သြမှင်သက်သွားစေနိုင်မှာ အသေအချာပါပဲ။ ဒါပေမယ့် ဒါဟာ သစ်သီးဝလံတွေပုံဖော်တဲ့ ပညာရှင်တစ်ဦးရဲ့ အသေးစိတ်ဖန်တီးထားတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲကကား

အလှအပ၊ အဆန်းအပြား တွေကို သဘောကျမက်မောတက်တဲ့ မိန်းကလေးတိုင်းအတွက် ပုံမှာပြထားတဲ့ကားမျိုးက သူတို့ရဲ့ အိပ်မက်ထဲက ကားနဲ့ တစ်ထပ်တည်းကျလောက်မယ်ထင်ပါတယ်နော်။ ဘေးလူတွေ အမြင်မှာတော့ ဒီကားက ထူးဆန်းနေမှာ အသေအချာပါပဲ။  shwekhitonlinetv.com

၄။ အိမ်မွေးတိရိစ္ဆာန်တိုင်း လတ်ဆက်တဲ့လေ လိုအပ်သလား

ဒီပုံထဲကား အဖိုးအိုအတွက်တော့ လက်ဆက်တဲ့လေဟာ အားလုံးအတွက် လိုအပ်တယ်လို့ပဲ ယူဆထားလေသလားပဲနော်။ လမ်းလျောက်ထွက်ဖို့ ခွေးလိုအိမ်မွေးတိရိစ္ဆာန်တွေ မရှိလို့ ရှိတဲ့ အိမ်ထဲက ငါးကို ငါးကန်ထဲထည့်ပြီး ခေါ်ထုတ်လာလေသလား မတွေးတက်အောင်ပါပဲနော်…၊၊ shwekhitonlinetv.com

၅။ ပျားတုပ်ခံထားရတဲ့ ကား

ဒီကားလေးရဲ့ ဒီဇိုင်းက ချစ်ဖို့ကောင်းလှပါတယ်။ ဒါပေမယ့် အဖုအထစ်တွေဖြစ်အောင် ဒီဇိုင်းဖော်ထားတာကတော့ ရုတ်တရက်ကြည့်ရင် ပျားတုပ်ခံထားရတဲ့ ကားလေးလိုပါပဲ။ shwekhitonlinetv.com

၆။ ဆံပင်ပုံစံ အလန်းစား

ဒီပုံက လယ်သမားတစ်ဦးကတော့ ကန္တာရချုံပုတ်ငယ်ပင် တစ်ပင်ကို ဦးခေါင်းမှာစွပ်ထားတာဖြစ်ပါတယ်။ ဘယ်လိုလဲ သူ့ပုံစံက အထာတော့ကျတယ်မဟုတ်လား။ ဒါလည်းဆံပင်ညှပ်တဲ့ အခါစဉ်းစားသင့်တဲ့ ပုံစံတစ်မျိုးပဲနော်..။ shwekhitonlinetv.com

၇။ ဒီတံခါး ငယ်ကလေးက ဘာအတွက်ပါလိမ့်?

မှင်စာတွေ နတ်သူငယ်တွေ ကမ္ဘာပေါ်မှာတကယ်ရှိတယ်ဆိုတာကို ရွှေခေတ်ပရိသတ်ကြီးအနေနဲ့ ယုံပါသလား။ ယုံတဲ့သူတွေအတွက်ဒီပုံလေးက သိပ်အထူးအဆန်းဖြစ်နေမှာမဟုတ်ပေမယ့် မယုံတဲ့သူတွေအတွက်ဆိုရင် တော့ ဒီတံခါးသေးသေးလေးက ဘာအတွက်လဲဆိုတာအတော်လေးကို စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခုဖြစ်နေမှာပါ။ shwekhitonlinetv.com

၈။ စိတ်ညစ်နေတဲ့ ပူစီ

တစ်ချို့တွေကတော့ ပြောကြပါတယ်။ အိမ်မွေးတိရိစ္ဆာန်လေးတွေထဲက ကြောင်းလေးတွေ (ပူစီ) ဟာစားဖို့နဲ့ အိပ်ဖို့သာ တစ်နေ့တစ်နေ့ စဉ်းစားနေကြတယ်ဆိုပြီးတော့လေ။ ဒါပေမယ့် ပုံထဲက ပူစီလေးကတော့ ဒီထက်ပိုတဲ့အတွေးတွေ ရှိနေပုံပါပဲ။ ဟုတ်ပါတယ် သူ့ကြည့်ရတာစိတ်ညစ်စရာတွေများလို့ ဘားမှာ လာပြီးအပန်းဖြေနေသလိုထင်ရပါတယ်။ shwekhitonlinetv.com

၉။ သူတို့ဘယ်သွားကြမှာလဲ ?

ပုံမှာတော့ ပင်ဂွင်းဝတ်စုံလေးတွေကို တူညီစွာဝတ်ဆင်ထားတဲ့ လူတစ်စုဟာ မြေအောက်ဘူတာမှာ စုဝေးပြီး ရထားကိုစောင့်ဆိုင်းနေကြပါတယ်။ သူတို့တွေဘယ်ကိုသွားဖို့များ ဒီလို တူညီဝတ်စုံတွေနဲ့ တစ်စုတစ်ဝေးတည်း ရှိနေကြပါလိမ့်ဆိုတာကို ဘေးလူတွေအတွက် စဥ်းစားရ ကြပ်စေမှာပါ။ shwekhitonlinetv.com

၁၀။ ပြောင်းလဲသွားတဲ့ အိမ်မွေးတိရိစ္ဆာန်များ

လောကမှာတစ်ချို့အိမ်နီးနားချင်းအချို့ရှိပါတယ်။ အရာရာကိုလိုက်လံတုပ ယှဉ်ပြိုင်နေကြသူတွေပေါ့။ လူလူချင်းမဟုတ်ဘဲ အိမ်မွေးတိရိစ္ဆာန်တွေတောင် ယှဉ်ကြတယ်လေ။ ဒီပုံထဲကအမျိုးသားကတော့ ဒီလိုအိမ်နီးချင်းတွေကို အရွဲ့တိုက်ချင်တဲ့ သူလို့ထင်ချင်စရာပါပဲ။ အိမ်နီးချင်းက ခွေးနှစ်ကောင်နဲ့ လမ်းလျှောက်ထွက်တာကို အားကျမခံ မြွေနှစ်ကောင်နဲ့ လမ်းလျှောက်ထွက်ပြလိုက်တာပါ။ shwekhitonlinetv.com

ကဲအခုဖော်ပြပေးသွားတာကတော့ အင်တာနက်ပေါ်က ထူးခြားတဲ့ ဓာတ်ပုံလေးအချို့ကို ရွှေခေတ်က မြင်တဲ့ ရှုထောင့်အမြင်လေးတွေကနေ ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရဲ့ ဒီပုံလေးတွေအပေါ် ထင်မြင်ယူဆချက်တွေကိုလည်း ကွန်မန့်မှာ ရေးသားပေးသွားကြပါဦးနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။