ကိုရိုနာဗိုင်းရပ် ကူးစက်မခံရအောင် မျက်လုံးကို ကာကွယ်ဖို့ လိုအပ်လား …

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ Coronavirus နဲ့ပတ်သတ်တဲ့ အကြောင်းအရာတစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ အတော်လေးကိုလူပြောများခဲ့ပါတယ်။ အဲ့ဒါကတော့ Coronavirus ဟာ လူတွေရဲ့ မျက်လုံးတွေကနေတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာပါပဲ။ shwekhitonlinetv.com

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီးတော့ ဗြိတိန်အခြေစိုက် ကမ္ဘာကျော်သတင်းစာတစ်စောင်ဖြစ်တဲ့ The Sun ရဲ့ဖော်ပြချက်ကို ရွှေခေတ်ပရိသတ်ကြီး သိရှိနိုင်ဖို့အတွက်တစ်ဆင့်ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

သုတေသနပြုလုပ်ချက်တွေရဲ့ ရလဒ်များအရတော့ Coronavirus က လူရဲ့မျက်လုံးနဲ့ မျက်ရည်‌‌တွေကတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တယ်လို့ Johns Hopkins University ရဲ့ ဆေးသိပ္ပံသု‌တေသီ‌တွေက ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ သတိပေး‌ပြောဆိုလိုက်ပါတယ်။ shwekhitonlinetv.com

ဖျားနာခြင်းအပြင် မျက်လုံးယားယံမှုနဲ့ မျက်ခွံအတွင်းသားရောင်ရမ်းမှုဝေဒနာ‌တွေပါခံစား‌‌နေရတဲ့ COVID-19 လူနာတွေကို စမ်းသပ်လေ့လာမှုပြုခဲ့ကြပြီး ရရှိလာတဲ့ရလဒ်‌တွေအရ သူတို့က အခုလိုထုတ်‌ဖော်‌ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

လေ့လာစမ်းသပ်မှုတွေအရ Coronavirus က ACE-receptor လို့ခေါ်တဲ့ cell တွေရဲ့အတွင်းပိုင်းမှာတွယ်ကပ်နေနိုင်တယ်ဆိုတာကို ‌တွေ့ရှိခဲ့ကြတာပါ။ ဒါ့အပြင် (ပုံမှန်အားဖြင့်) အဆုပ်နဲ့ အသက်ရှူလမ်းကြောင်းစနစ်ထဲမှာပဲရှိ‌နေတဲ့ ACE-receptor တွေကို မျက်လုံး‌တွေကထုတ်လုပ်နိုင်တာကိုပါ သိရှိလာခဲ့ကြပါတယ်။ shwekhitonlinetv.com

Coronavirus ဟာ လူရဲ့မျက်လုံးထဲမှာ ရက်ပေါင်း (၂၇) ရက်‌‌လောက်ထိကြာ‌အောင် ခိုအောင်းနေနိုင်စွမ်းရှိပါတယ်။ မျက်လုံးသူငယ်အိမ်ရဲ့မျက်နှာပြင်ဟာ Virus တွေခိုအောင်းဖို့ နေရာ‌ကောင်းတစ်ခုလိုဖြစ်နေပြီး တစ်ဦးကနေတစ်ဦးဆီ ကူးစက်ပျံ့နှံ့ဖို့လွယ်ကူစေတယ် လို့သုတေသီတွေက‌ပြောခဲ့ပါတယ်။ COVID-19 လူနာ‌တွေရဲ့ မျက်ရည်နဲ့ မျက်ဝတ် နမူနာ‌‌တွေထဲမှာ Coronavirus တွေ့ရတဲ့ Test Result တွေလည်း အတော်များများ တွေ့ရှိထားကြောင်းသိရပါတယ်။ shwekhitonlinetv.com

မျက်လုံးကတစ်ဆင့် Coronavirus ကူးစက်ပျံ့နှံ့နိုင်တာ မှန်ကန်‌ကြောင်း တချို့လေ့လာမှု‌တွေက လက်တွေ့သိရှိထားပြီးဖြစ်‌ပေမဲ့ တချို့‌လေ့လာမှု‌တွေကတော့ ဘယ်လိုဆက်စပ်မှုမျိုးမှ မတွေ့ခဲ့ရဘူးလို့ဆိုထားပါတယ်။ Johns Hopkins University ဆေးသိပ္ပံပညာရှင်တွေက‌တော့ လေ့လာမှုပြုလုပ်စဉ် မှာစမ်းသပ်တဲ့နည်းလမ်းနဲ့ အသုံးပြုတဲ့တစ်ရှုး နမူနာ‌‌တွေကွဲပြားမှုက ဒီလိုမတူညီတဲ့ရလဒ်တွေကို ထွက်ပေါ်လာ‌စေတတ်ပါတယ် လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

Virus ကူးစက်ခံရနိုင်တဲ့နည်းလမ်း‌တွေဘယ်လိုပဲ များပြား ဆန်းပြားပါ‌စေ အရေးအကြီးဆုံးက COVID-19 Pandemic ကာလအတွင်းမှာ လူတိုင်း တစ်ကိုယ်ရည်သန့်ရှင်း‌ရေးကိုအလေးထားဖို့ဖြစ်ပြီး COVID-19 Pandemic ပြီးဆုံးသွားခဲ့ရင်တောင်မှ အဲဒီတစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အထက လူတိုင်းဆီမှာ ဆက်ပြီ စွဲမြဲကျန်‌နေသင့်တယ်လို့လည်း သုတေသီတွေက တိုက်တွန်းပြောဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply