မြင်လိုက်တာနဲ့ ခေါင်းရှုပ်ပြီး နားလည်ရ ခက်စေမယ့် ဓာတ်ပုံ (၁၀) ပုံ

လောကမှာရှိတဲ့ အရာဝတ္ထုတိုင်း၊ အဖြစ်အပျက်တွေတိုင်းဟာ တစ်ခါတစ်ရံ ယုတ္တိဗေဒ မဆန်ဘူးဆိုတာကို လက်ခံပါသလား ရွှေခေတ်ပရိသတ်ကြီးရေ … shwekhitonlinetv.com

ကြည့်မြင်တဲ့ ရှုထောင့်မတူရင်မတူ သလို အရာဝတ္ထု၊ ရုပ်ပုံ၊ အကြောင်းအရာ စသဖြင့် အရာတစ်ချို့ဟာ အဓိပ္ပါယ်ဆိုလိုရင်း ကွဲလွဲတက်ကြတာကတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ နောက်ခံအကြောင်းရင်း သေချာမသိရင် အတွေးများစွာနဲ့ ကြည့်ရှုသူကို ခေါင်းစားစေမယ့် အင်တာနက်ပေါ်က ဓာတ်ပုံအချို့ကို ဖော်ပြလိုက်ပါတယ်နော် … shwekhitonlinetv.com

၁။ ဒါကိုဘယ်လို လုပ်ထားတာလဲ ?

ဒီပုံကိုကြည့်ပြီးတော့ ဒီလိုပြုလုပ်နိုင်တဲ့ သူဟာ မျက်လှည့်ဆရာတစ်ယောက်လို့ သင့်အနေနဲ့ ထင်ကောင်းထင်မိပါလိမ့်မယ်။ တကယ်လည်း ဒါကိုဘယ်လို ပြုလုပ်ထားလဲဆိုတာ ခုထိ စဉ်းစားလို့မရသေးပါဘူး။ ပရိသတ်ကြီးကော ဘယ်လိုလုပ်ထားတာလဲ ဆိုတာသိရင်ရှင်းပြပေးခဲ့ကြပါဦးနော် … shwekhitonlinetv.com

၂။ Likes အရေအတွက်ကို Up to Date ဖော်ပြပေးတဲ့ အင်္ကျီချိတ်များ

ဒီ အင်္ကျီချိတ်တွေကိုတီထွင်ထားတဲ့သူရဲ့အကြံကတော့ တကယ်မိုက်ပါတယ်။ ဒီချိတ်တွေမှာ ချိတ်ထားတဲ့ အင်္ကျီတွေကို Facebook လိုလူမှုကွန်ယက်တွေပေါ်မှာ လူကြိုက်များမှု ဘယ်လောက်ရှိတယ်ဆိုတာကို Likes အရေအတွက် Up to Date ဖော်ပြထားတယ်လေ။ shwekhitonlinetv.com

၃။ အိုင်းစတိုင်း သက်ရှိထင်ရှား ရှိနေတုန်းလား ?

ဒီပုံထဲက မီးရထားစီးနင်းလာတဲ့ အဖိုးအိုဟာ ကမ္ဘာကျော်ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းနဲ့ အလွန်တရာကို ရုပ်ချင်းတူလွန်းတာကြောင့် နှစ်ပေါင်းများစွာက ကွယ်လွန်သွားပြီလို့ သိထားကြတဲ့ ပညာရှင်ကြီးဟာ ခုထိသက်ရှိထင်ရှားရှိနေဆဲလားလို့ ထင်ချင်စရာပါ။ shwekhitonlinetv.com

၄။ မိုက်ကြည့်ကြည့်နေတဲ့ အလုပ်သမား

ဒီကော်ဖီခွက် အဖုံးအပိတ်လေးမှာပါတဲ့ အလုပ်သမားရဲ့ပုံကလည်းအတော်လေးထူးခြားတယ်လို့ဆိုရမှာပါ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီကုမ္ပဏီဟာ ဒီအလုပ်သမားပုံကိုကော်ဖီခွက် အဖုံးမှာရိုက်နှိပ်ဖော်ပြထားသလဲ ဆိုတာ မသိနိုင်ပေမယ့် စားသုံးသူတွေအဖို့တော့ မထီမဲ့မြင်မျက်နှာပေးနဲ့ ဒီအလုပ်သမားရဲ့ သွင်ပြင်ဟာ တော်တော်လေးကို အာရုံနောက်စေမှာတော့ အမှန်ပါပဲ။ shwekhitonlinetv.com

၅။ ကူညီပါရစေ …

မြန်မာနိုင်ငံ အနေနဲ့ ဆိုရင် ကူညီပါရစေ ဆိုတဲ့စကားရပ်တစ်ခုနဲ့ ရဲတပ်ဖွဲ့ဝင်တွေဆိုတာ တွဲဖက်ပြီးမြင်လေ့ ရှိတဲ့အရာတွေဖြစ်ပါတယ်။ အကူအညီ လိုရင်ရဲတပ်ဖွဲ့ရှိက အသင့်ရှိတယ်ဆိုတဲ့ သဘောပေါ့။ ဒီပုံမှာ ပါဝင်တဲ့ ဖလော်ရီဒါ ရဲတပ်ဖွဲ့ရဲ့ ကားတစ်စီးကတော့ ကံဆိုးစွာနဲ့ပဲ သူများကိုအကူအညီပေးဖို့ နေနေသာသာ သူကိုယ်တိုင် အကူအညီလိုအပ်နေပုံပါပဲ။ shwekhitonlinetv.com

၆။ မလောင်ကျွမ်းချင်တော့တဲ့ ဖယောင်းတိုင်

လောကမှာ ဖယောင်းတိုင်ဆိုတာ ကိုယ်တိုင်လောင်ကျွမ်းခံပြီး သူတစ်ပါးကိုအလင်းပေးတက်တဲ့ အရာဖြစ်ပါတယ်။ အနစ်နာခံခြင်းကို ကိုယ်စားပြုတဲ့ ပစ္စည်းလေးတွေလို့လည်း ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ ဒါပေမယ့် ပုံမှာပါတဲ့ ဖယောင်းတိုင်လေးကတော့ သူများအတွက်အနစ်နာခံရတာကို စိတ်ကုန်နေပုံပါပဲနော်။ shwekhitonlinetv.com

၇။ အမှည့်လား အစိမ်းလား ?

ရွှေခေတ်ပရိသတ်တွေထဲမှာ စပျစ်သီးကြိုက်နှစ်သက်တဲ့ သူတွေရှိလားမသိဘူး။ ရှိတယ်ဆိုရင် စပျစ်သီး အစိမ်းနဲ့ အမှည့်ဘယ်ဟာက အရသာပိုရှိတယ်လို့ထင်ပါသလဲ ? မသိလဲကိစ္စမရှိပါဘူး။ ဒီလိုအကိုင်းတစ်ခုတည်းမှာ အမှည့်ရော အစိမ်းပါ ပါတဲ့အကိုင်းလေးတွေကို ရှာပြီး အရသာမြည်းကြည့်ရုံပါပဲ။ ဒါပေမယ့် တစ်ကိုင်းထဲမှာ ဒီလိုအစိမ်းနဲ့အမှည့်တွေ့ဖို့ကိုတော့ အတော်လေးရှာယူရမယ် ထင်ပါတယ်။ shwekhitonlinetv.com

၈။ အခမဲ့ HIV

ဒီပုံကလေးကတော့ အတော်လေးကို ထူးခြားတိုက်ဆိုင်ပြီး ရယ်ရွှင်ဖွယ်ကောင်းတဲ့ပုံလေးပါပဲ။ အကြောင်းမသိသူတွေအတွက်ဆိုရင်တော့ ကားနဲ့လိုက်ပြီး HIV ဗိုင်းရပ်စ်ပိုးတွေ အခမဲ့ ဖြန့်ဝေနေတယ်လို့ ထင်ချင်စရာပါပဲ။ ကားနံပါတ်ပြားမှာ HIV Free လို့ ရေးထားတဲ့ပုံက သာမန်လူတွေအတွက် နားမလည်နိုင်စရာ ကိတ်စ္စတစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ လွဲချက်က ကမ်းကုန်

ဒီပုံထဲက အဆောက်အဦးကိုဆောက်လုပ်ခဲ့တဲ့ သူတွေကတော့ အတော်လေးကို နာမည်ကျော်ကြားသွားမှာ ကျိန်းသေပါတယ်။ ဘယ်လိုအကြောင်းကြောင့် များလှေကားနဲ့ တံခါးပေါက်တွေကို တလွဲဖြစ်အောင်ဆောက်လုပ် ခဲ့ကြပါလိမ့်နော် … ။ ဆောက်နေတဲ့အချိန်မှာ ဒါကိုသိခဲ့ရင်ကော ပြန်ပြင်လို့ ရတယ်မဟုတ်ဘူးလား ? ဘာလို့အပြီးထိ ဒီလိုတလွဲကြီးအဆုံးသတ်ခဲ့ကြပါလိမ့် … shwekhitonlinetv.com

၁၀။ ပဟေဠိ များစွာနဲ့ အမျိုးသမီးရုပ်တု

ဒီရေကန်ငယ်ထဲမှာ ထုလုပ်ထားရှိတဲ့ အမျိုးသမီးရဲ့ ရုပ်တုကလည်းမြင်တာနဲ့ကို ခေါင်းရှုပ်သွားနိုင်ပါတယ်။ အောက်ခြေကိုလည်းမမြင်ရ၊ ဒူးနှစ်ဖက်ကလည်းထောင်ထားသေး …. ဒီရုပ်ထုဟာ ဘယ်လိုကိုယ်နေဟန် ပုံသဏ္ဏန်ရှိလဲဆိုတာ ရွှေခေတ်ပရိသတ်တွေကော သိကြရဲ့လား။ သိတယ်ဆိုလည်း အောက်က ကွန်မန့်မှာ ရေးပေးသွားကြပါဦးနော် …။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။