ရေခဲတုံးတွေရောင်းပြီး ကျိကျိတက် ချမ်းသာခဲ့တဲ့ စီးပွားရေးသမား တစ်ဦးအကြောင်း

အမေရိကန်နိုင်ငံ ဘော်စတွန်မြို့က လူချမ်းသာမိသားစုတစ်စုကနေမွေးဖွားလာတဲ့ ဖရက်ဒရစ်တူဒေါ ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးကတော့ ပျော်ပွဲစားထွက်တဲ့ အခါတိုင်းမှာသူသိပ်နှစ်သက်သဘောကျတဲ့ ဇိမ်ခံပစ္စည်းတစ်မျိုး ရှိပါသတဲ့ပရိသတ်ကြီးရေ။ shwekhitonlinetv.com

အဲ့ဒီအရာကတော့ အဖျော်ယမကာသောက်တဲ့အခါမှာ အေးစေဖို့ထည့်တဲ့ ရေခဲတုံးပဲဖြစ်ပါတယ်။ ဖြစ်နိုင်ပါ့မလားလို့ အတွေးဝင်နေပြီဆိုရင်တော့ ဒီစာလေးကို ဆက်ဖတ်ကြည့်လိုက်ပါဦး ပရိသတ်ကြီးရေ။ shwekhitonlinetv.com

(၁၈၀၀) ခုနှစ်ကျော်ကာလတွေမှာတော့ ရေခဲဆိုတာ လူချမ်းသာတွေသာ အသုံးပြုနိုင်တဲ့ဇိမ်ခံပစ္စည်းတစ်မျိုး ဖြစ်တယ်လို့ မှတ်တမ်းတွေအရတော့ သိရပါတယ်။ ရေခဲသေတ္တာမပေါ်သေးတဲ့ ခေတ်ဖြစ်တာကြောင့်လည်း ရေခဲ ဆိုတာကိုရရှိဖို့အတွက် မြစ်နှင့်ရေခဲနေတဲ့ကန်တွေထဲကနေ ရေခဲကိုလက်အားသုံးတူးဖော်ကာ ရေခဲအိမ် လို့ခေါ်တဲ့မြေအောက်အဆောက်အဦးထဲမှာ သိမ်းထားရကြရပါတယ်။ shwekhitonlinetv.com

ဒီလိုသိမ်းဆည်းခြင်းအားဖြင့်ရေခဲဟာ လနဲ့ချီပြီး အရည်မပျော်ပဲရှိနေတယ်လို့လည်းသိရပါတယ်။ ဒါပေမယ့်လည်း ပူပြင်းတဲ့နွေရာသီမျိုးမှာတော့ ရေခဲနေတဲ့ကန်နဲ့ မြစ်တွေထဲမှာရှိတဲ့ ရေခဲတွေဟာ အရည်ပျော်ချိန်နေတာကြောင့် ရေခဲကို ဘယ်လိုနည်းနဲ့မှ မရနိုင်ဘူးလို့လည်းသိရပါတယ်။ shwekhitonlinetv.com

ဒီလိုအကြောင်းအချက်တွေကြောင့်ပဲ လူကုံတန်အသိုင်းအဝိုင်းက ဆင်းသက်လာတဲ့ ဖရက်ဒရစ်တူဒေါ ရေခဲနဲ့ပတ်သက်ပြီး စီးပွားရေးအကြံတစ်ခုကို စဉ်းစားမိခဲ့တယ်လို့သိရပါတယ်။

ဒီအကြံကတော့ အေးတဲ့နေရာတွေကရေခဲတွေကို ပူတဲ့နေရာတွေဆီကိုတင်ပို့ ဖို့ပဲဖြစ်ပါတယ်။ ဒီအတွက် သူက ကုန်တင်သင်္ဘောတွေကိုရွေ့လျားရေခဲအိတ်အဖြစ်အသုံးပြုနိူင်ကာ ကမ္ဘာတစ်လွှားကို ရေခဲပို့မည့် မဟာစီမံကိန်းကြီးကို စတင်ချမှတ် အကောင်အထည်ဖော်ပါတော့တယ်တဲ့ ပရိသတ်ကြီးရေ… shwekhitonlinetv.com

(၁၈၀၅) ခုနှစ်ဆောင်းရာသီမှာတော့ တူဒေါဟာ ဘော်စတွန်မြို့ တစ်ဝိုက်ရေခဲနေတဲ့ကန်တွေနဲ့ ရေအိုင်တွေကနေ ရေခဲတန်ချိန် (၁၃၀) ကိုအလုပ်သမားတွေငှားပြီး တူးဖော်စေခဲ့ပါတယ်။ ပြီးတဲ့အခါမှာ အံဒီရေခဲတွေကို ပြင်သစ်ကိုလိုနီနယ်မြေတွေဖြစ်တဲ့ ကာရေဗီယန်ကျွန်းဆွယ် ကနေမာတင်နီးစ်ကျွန်းကိုတင်ပို့ခဲ့ပါတယ်။ shwekhitonlinetv.com

ဒါဟာ လွယ်ကူမယ်လို့ထင်ရပေမယ့် လက်တွေ့မှာတော့ ရေခဲကိုသယ်ယူပို့ဆောင်ပေးမည့်သင်္ဘောကို ငှားရမ်းရာမှာ အကြီးအကျယ်အခက်ကြုံခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သင်္ဘောကုမ္ပဏီတွေက ရေခဲကိုသင်္ဘောနှင့်တင်ပို့ခြင်းဟာ ရူးနှမ်းမှုတစ်ခုသာဖြစ်တယ်ဆိုပြီး ငြင်းပယ်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ဖရက်ဒရစ်တူဒေါ ဟာစိတ်မပျက်ခဲ့ဘဲ သူ့သီမံကိန်းကိုအကောင်အထည်ဖော်ဖို့အတွက်နောက်ဆုံးမှာ ဒေါ်လာ ထောင်ချီကုန်ကျခံပြီး ကိုယ်ပိုင်သင်္ဘောတည်ဆောက်ခဲ့ပါတယ်။ shwekhitonlinetv.com

အဲ့ဒီလိုနဲ့ (၁၈၀၆) ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဖရက်ဒရစ်တူဒေါနဲ့ သူ့ရဲ့အလုပ်သမားတွေဟာ သင်္ဘောဝမ်းဗိုက်အတွင်းရေခဲတုံးများကိုထည့်ကာ စတင်ရွက်လွှင့်ပါတော့တယ်။ ဒီလိုသယ်ဆောင်ရာမှာတော့ အပူကာဖို့အတွက်သင်္ဘောဝမ်းဗိုက်ထဲမှာ ကောက်ရိုးနှင့်လွှစာမှုန့်များ ထည့်သွင်းခဲ့ရပါတယ်။ shwekhitonlinetv.com

ရက်ပေါင်း (၂၀) အကြာမိုင် (၂၀၀၀) ခရီး နှင်ပြီးနောက်မမှာတော့ တူဒေါရဲ့ရေခဲသင်္ဘောဟာမာတင်နီးစ်ကျွန်းကိုရာက်ရှိခဲ့ပါတယ်။ ကုန်ပစ္စည်းသိုလှောင်ခန်းအားဖွင့်လိုက်တဲ့အခါမှာလည်း ရေခဲတွေဟာ ခဲနေဆဲဖြစ်တာကြောင့် သူရဲ့ကနဦးအစီအစဉ်ဟာ အောင်မြင်တယ်လို့ဆိရမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးဘဲ စီးပွားရေးအမြင်ကျယ်တဲ့ တူဒေါဟာ စားသောက်ဆိုင်တွေကို ရေခဲမုန့်ပြုလုပ်နည်းကို သင်ပြပေးခြင်း၊ ကိုယ်အပူချိန်ကျအောင် ရေခဲကိုသုံးနိူင်ကြောင်း ဆရာဝန်များကို နည်းလမ်းပြသပေးခြင်း တွေကိုပါလုပ်ဆောင်ခဲ့တာကြောင့် သူ့ရဲ့ရေခဲဈေးကွက်ဟာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အမေရိကန်နိူင်ငံတစ်ခွင်သာမကဘဲ ကာရေဗီယန်နှင့်အိန္ဒိယနိူင်ငံကာလကတ္တားအထိ ဖောက်သည်များ ရခဲ့တာကြောင့် ဖရစ်ဒရစ်တူဒေါဟာ ဘယ်သူမှမစဉ်းစားမိတဲ့ လုပ်ငန်းတစ်ခုနဲ့ ကြီးပွားချမ်းသာလာခဲ့ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် (၁၈၆၄) ခုနှစ် ကွယ်လွန်ခဲ့တဲ့ဖရက်ဒရစ်တူဒေါဟာ ကမ္ဘာ့ပထမဆုံး ရေခဲကုန်သည်ကြီးအဖြစ် သမိုင်းမှာ မှတ်တမ်းတင်ခံခဲ့ရတယ်ဆိုတာဖော်ပြရင်းနဲ့ပဲ ဒီစာလေးကိုအဆုံးသတ်ပါရစေ … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။