အသက် (၅) နှစ်အရွယ်နဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးခဲ့တဲ့ ထူးထူးဆန်းဆန်းမိန်းကလေး

အသက် (၅) နှစ်အရွယ်မိန်းကလေးတစ်ဦးအနေနဲ့ ကိုယ်ဝန်ဆောင်ပြီးကလေးမွေးဖွားခဲ့တယ်လို့ဆိုရင် ဒီအကြောင်းပြောတဲ့သူကိုအရူးလို့သတ်မှတ်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဆေးပညာသမိုင်းကြောင်းအရ ဒီအဖြစ်ဟာ အပြင်မှာအမှန်တစ်ကယ်ရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းမျိုးရှိနေပါတယ်။ shwekhitonlinetv.com

Lina Marcela Mediana လို့ခေါ်တဲ့မိန်းကလေးငယ်ဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှာပေါက်ဖွားလာခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၇၄၀၀) ကျော်မြင့်တဲ့ ပီရူးနိုင်ငံက ရွာငယ်လေးတစ်ခုမှာနေထိုင်တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

သူမအသက် (၅) နှစ်နဲ့ (၆) လအရွယ်မှာတော့ပုံမှန်မဟုတ်တဲ့ ဝမ်းဗိုက်ရောင်ရမ်းမှုဝေဒနာကို ခံစားနေရာတာကြောင့် သူမရဲ့မိဘတွေဟာအကျိတ်တစ်ခုဖြစ်နိုင်တယ်လို့ယူဆပြီး ဆရာဝန်ထံသွားရောက် ပြသခဲ့ကြပါတယ်။ shwekhitonlinetv.com

Gerardo Lozada လို့အမည်ရတဲ့ ဆရာဝန်တစ်ဦးက စမ်းသပ်မှုပြုလုပ်ပြီးနောက် သူမမှာကိုယ်ဝန် (၇) လရှိနေကြောင်းပြောခဲ့ပါတယ်။ ဒါပေမယ့် Lina ရဲ့မိဘတွေဟာ (၅) နှစ်အရွယ်ကလေးကို ကိုယ်ဝန် (၇) လ ရှိနေတယ်ပြောတဲ့ Dr.Gerardo ကို အရူးတစ်ယောက်လို့သတ်မှတ်ပြီး ပြစ်တင်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ shwekhitonlinetv.com

အဲ့ဒီနောက်မှာတော့ Lina လေးရဲ့မိဘတွေဟာ သူမရဲ့ရောဂါကိုအမှန်တကယ် စမ်းသက်အတည်ပြူနိုင်မယ့် အထူးကုဆရာဝန်တွေထံကို ခေါ်ဆောင်သွားပြီးထပ်မံပြသခဲ့ကြပါတယ်။ ဒီဆရာဝန်တွေရဲ့စမ်းသပ်မှုတွေအရ ကလေးမှာအမှန်တကယ် ကိုယ်ဝန်အရင့်အမာရှိနေပြီဖြစ်ကြောင်း အံ့သြစွာနဲ့လက်ခံခဲ့ကြရပါတယ်။ shwekhitonlinetv.com

ကိုယ်ဝန်လစေ့ချိန်မှာတော့ သူမရဲ့တင်ပဆုံရိုးတွေကသေးငယ်လွန်းသေးတာကြောင့် သဘာဝအတိုင်းမွေးဖွားဖို့မဖြစ်နိုင်ဘဲ ဗိုက်ခွဲမွေးခဲ့ရပါတယ်။ ကလေးကတော့ ယောကျ်ားလေးဖြစ်ပြီး အလေးချိန် (၆) ပေါင်နဲ့ကျန်းမာစွာဖွားမြင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးအဖေက ဘယ်သူဘယ်ဝါဆိုတာတော့ အဖြေမပေါ်ခဲ့ပါဘူး။ shwekhitonlinetv.com

ဒီအဖြစ်အပျက်တွေအတွက် ရဲတွေကသူမရဲ့ဖခင် ပန်းထိမ်ဆရာဖြစ်သူ Tiburelo Medina ကို သူ့မကိုမုဒိမ်းကျင့်ပြီးကိုယ်ဝန်ရစေသူအဖြစ် သံသယရှိကာဖမ်းဆီးခဲ့ကြပါတယ်။ ဒါပေမယ့်လည်းနောက်ပိုင်းမှာတော့ ခိုင်လုံတဲ့အထောက်အထားမရှိလို့ ပြန်လွှတ်ပေးခဲ့ရပါတယ်။ shwekhitonlinetv.com

သူမရဲ့ဝမ်းကွဲအကိုကိုလည်းသံသယရှိခဲ့ပေမယ့် သက်သေမရှိတာကြောင့်ဖမ်းဆီးစစ်ဆေးပြီး စွဲချက်တင်လို့မရခဲ့ပါဘူး။ Lina ကိုမေးတော့လည်းကလေးက ရေရေရာရာမပြောနိုင်ခဲ့ဘဲ မမှတ်မိကြောင်းသာထွက်ဆိုခဲ့ပါတယ်။ နောက်ဆုံးတော့အသက် (၅) နှစ်အရွယ်မိန်းကလေးကို ကိုယ်ဝန်ရစေတဲ့သူက ဘယ်သူဘယ်ဝါဆိုတာလက်သည်မပေါ်ခဲ့ဘဲဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

သူမ၏မိခင်နှင့်ဖခင်

တစ်ကယ်တော့ အခုလိုငယ်ရွယ်စွာနဲ့ ကိုယ်ဝန်ရရှိခဲ့တာဟာ ဆေးပညာအရ မိန်းကလေးအယောက် (၁၀၀၀၀) မှာ (၁) ယောက်လောက်သာဖြစ်နိုင်ခြေရှိတဲ့ Precocious puberty လု့ိခေါ်တဲ့ရောဂါတစ်မျိုးကြောင့်ဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ အပျိုဖော်ဝင်ချိန် စောလွန်းတဲ့ရောဂါဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်သူမရဲ့ ရင်သားနဲ့မျိုးပွားအင်္ဂါတွေဟာ (၃) နှစ်သမီးအရွယ်ကတည်းက အရွယ်ရောက်ပြီးတဲ့သူတွေလို ဖွံ့ဖြိုးပြီး ဟော်မုန်းတွေထုတ်လွှတ်နေတာဖြစ်ပါတယ်။ ဒီသတင်းကို မီဒီယာတွေအများစုက ပိုက်ဆံအမြောက်အများပေးကာ သူမရဲ့မိခင်ထံ ဝယ်ယူဖို့ကမ်းလှမ်းခဲ့ပေမယ့် သူမရဲ့မိခင်ကတော့ ငြင်းဆန်ခဲ့ပြီး သူမအနေနဲ့ အသက်ငယ်ရွယ်လွန်းတဲ့အချိန်မှာ ရာသီစက်ဝန်းဖြစ်ပေါ်နေပြီ ဆိုတာလောက်သာဝန်ခံပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

နောက်ပိုင်းမှာ သူမရဲ့ဆေးမှတ်တမ်းတွေကတစ်ဆင့် ဒီသတင်းဟာပျံ့နှံ့သွားတာဖြစ်ပြီး ထူးထူးဆန်းဆန်း အသက် (၅) နှစ်နဲ့ ကလေးမွေးဖွားခဲ့သူတစ်ယောက်အဖြစ်နာမည်ကျော်ကြားသွားတာပဲဖြစ်ပါတယ်။ သူမကလေးမွေးဖွားခဲ့တဲ့အချိန်ကတော့ ၁၉၃၉ ခုနှစ် မေလ (၁၄) ရက်နေ့ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။