နောက်တစ်ခေါက် သေချာပြန်ရိုက်ပြဖို့ မဖြစ်နိင်တော့တဲ့ ဓာတ်ပုံများ

ဒီတစ်တခါက်မှာတော့ ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ အမိအရ လျှပ်တပြက် ရိုက်ကူးနိုင်ခဲ့တဲ့ ထူးထူးဆန်းဆန်း ဓာတ်ပုံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီလိုပုံမျိုးတွေကို နောက်တစ်ခါ ပြန်ရိုက်ဖို့ဆိုတာ သိပ်မလွယ်လောက်တော့ပါဘူး။ ဒါ့ကြောင့် တစ်ပုံချင်းစီကို သေချာ ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ ဖန်ခွက် ၂ ခုကြားက အကြွေစေ့လေး

အခုပဲမှာ မြင်နေရတဲ့ ပုံဟာဆိုရင် ဖိုတိုရှော့နဲ့ ပြုပြင်ထားတာ မဟုတ်ပါဘူး.။ လက်တွေ့ အပြင်လောကမှာ အခုလို ဖန်တီးတဲ့ အနုပညာဟာ တစ်ကယ်ရှိပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီလိုအနုပညာမျိုးဟာ အတော်လေးကို စိတ်ရှည်ရှည်ထားပြီး ဖန်တီးရတဲ့အပြင် တစ်ခါဖန်တီးရင်လည်း အချိန်အတော်လေးယူရတာမို့ မြင်ရခဲလှတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ရေပေါ်ကို ထိုးတက်လာတဲ့ ဝေလငါးကြီးများ

ဒီပုံထဲဆိုရင်တော့ ဝေလငါးကြီးတွေဟာ ရေမျက်နှာပြင်အပေါ်ယံကို အုပ်စုလိုက် ပေါ်လာကြတာပဲ ဖြစ်ပါတယ်။ ဒါကို အနီးနားက လှေလေးတစ်စင်းပေါ်က လူတွေနဲ့ ဓာတ်ပုံဆရာက အနီးကပ်မြင်ခဲ့ကြတာဖြစ်ပြီး အမိအရရိုက်တူးထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ကွန်ဖူးကြောင်လေး

တစ်ကယ့်ကို ကြည့်လိုက်တာနဲ့ လူတိုင်းကို ပြုံးမိသွားစေမယ့် ပုံလေးပါ ။ တစ်ခါတစ်လေမှာ အိမ်မွေးကြောင်လေးတွေရဲ့ ပုံစံတွေက ထင်တာထက်တောင် ပိုပြီး ချစ်ဖို့ကောင်းနေပါသေးတယ် ။ shwekhitonlinetv.com

၄။ ကလေးရဲ့ မုန့်ကို ရုတ်တရက်ဝင်လုတဲ့ ငှက်

ဒီငှက်ကတော့ တော်တော်လေးကို ရဲတင်းလို့တောင် ပြောရမှာပါ ။ ကလေးလေးနဲ့ သူ့မိခင်ဖြစ်သူဟာ ကမ်းခြေမှာ လမ်းလျှောက်နေရင်း ရုတ်တရက် ကလေးရဲ့ လက်က မုန့်ကို ငှက်တစ်ကောင် ဝင်နေတဲ့ အခိုက်အတန့်ကို ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ တိမ်တွေကို မှုတ်ထုတ်နေတဲ့ ရုပ်တု

ဓာတ်ပုံဆရာတစ်ယောက်ဟာ View တစ်ခုကို ရွေးချယ်နေရင်း ထူးဆန်းတာတစ်ခုကို တစ်ခုကို သွားတွေ့ခဲ့ပါတယ်။ ဒါကတော့ ရုပ်တုတစ်ခုဟာ ကောင်းကင်က တိမ်မျှင်တွေကို မှုတ်ထုတ်နေသလို မျိုး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ သူဟာ အခုလို မြင်ရတဲ့ အခိုက်အတန့်လေးကို ရိုက်ခဲ့ပြီး Instagram မှာ ပြန်လည် ဝေမျှပေးခဲ့တာပါ။ shwekhitonlinetv.com

၆။ မုန့်ဘူးတစ်ခုလုံးကို အငမ်းမရ စားလိုက်သောအခါ

ဒီပုံထဲက ဆိတ်လေးကတော့ တော်တော်လေးကို ဗိုက်ဆာနေတဲ့ပုံပါပဲ ။ မုန့်ဘူးတစ်ခုလုံးကို ကိုက်ပြီး မော့ချလိုက်တဲ့ အခါမှာတော့ မုန့်တွေဟာ သူထင်သလို ပါးစပ်ထဲရောက်မသွားပဲ မျက်နှာပေါ်ကို ကျော်ပြီး ကျသွားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၇။ ဖုန်းနဲ့ ဓာတ်ပုံရိုက်နေစဉ် Vibrate ဝင်သွားသောအခါ

အခုမြင်နေရတဲ့ ပုံကတော့ အမျိုးသားတစ်ယောက် ဖုန်းနဲ့ ဓာတ်ပုံရိုက်နေစဉ် Vibrate ဝင်လာတဲ့အခါ ဖြစ်သွားတဲ့ ပုံလေးပါ။ တစ်ကယ်လို့ ပရိသတ်ကြီးရဲ့ ဖုန်းမှာလည်း အခုလို ဓာတ်ပုံရိုက်နေရင်း Vibrtae ဖြစ်သွားရင် ဘယ်လို ပုံထွက်မလဲ စမ်းကြည့်လိုက်ပါနော်… shwekhitonlinetv.com

၈။ ရုပ်ရှင်ကြည့်ရင်း Mood ဝင်သွားသောကြောင်လေး

ဒီကြောင်လေးကတော့ Social Media တွေပေါ်မှာ နာမည်ကြီး ဦးမှာပါ ။ ရုပ်ရှင်တစ်ကားကို ကြည့်နေရင်း Mood ဝင်သွားပြီး လုပ်ပြနေတဲ့ ပုံလေးက လူတိုင်းကို သဘောကျစေခဲ့ပါတယ်။ shwekhitonlinetv.com

၉။ ဒီတိုက်မှာ ဘယ်သူတွေ မနက်အစောကြီး နိုးကြလဲ ?

အပေါ်က မေးခွန်းရဲ့ ပုံလေးကို အခုပုံလေးက တစ်ခါတည်း ဖြေပြီးသလိုတောင် ဖြစ်နေပါပြီ။ ဓာတ်ပုံဆရာတစ်ယောက်က ဒီအဆောက်အဦးရဲ့ မနက်ခင်း နေကျတာ တစ်ခြားတိုက်တွေ ပုံစံဆန်းနေလို့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ မိုးကြိုးပစ်တဲ့အချိန်နဲ့ Camera Shutter ချိန်တဲ့အချိန် တိုက်ဆိုင်သွားသောအခါ

ဒီပုံလေးကတော့ အဆောက်အအုံ တစ်ခုကို Camera Shutter နဲ့ ချိန်နေရင်း မိုးကြိုး ပစ်သွားတာကို ရိုက်ထားတာပဲ ဖြစ်ပါတယ်။ တစ်ကယ့်ကို တိုက်ဆိုင်သွားတာကြောင့် ပုံထဲမှာ အလင်းတစ်ခြမ်း ၊ အမှောင်တစ်ခြမ်း အနေထားနဲ့ မြင်ရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ရုတ်တရက် ကြုံခဲ့ရတဲ့ ဖြစ်တောင့် ဖြစ်ခဲအခြေအနေတွေကို အမိအရ ရိုက်ကူးထားတဲ့ပုံတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုပုံလေးတွေကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply