မြင်သူတိုင်း အံ့အားသင့်သွားစေမယ့် ဒူဘိုင်းမင်းသားပိုင်ဆိုင်သော ဇိမ်ခံပစ္စည်းများ

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ဒူဘိုင်း မင်းသားပိုင်ဆိုင်တဲ့ တန်ဖိုးကြီးပြီး ရှားပါးလွန်းသော ဇိမ်ခံပစ္စည်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒူဘိုင်းမင်းသားရဲ့ နာမည်ကတော့ Sheikh Hamdan ဖြစ်ပြီး Fazza လို့လည်း တော်တော်များများက ခေါ်ကြပါတယ်။ Fazza ဟာဆိုရင် ၂၀၀၆ ခုနှစ်မှာ ဒူဘိုင်းမြို့တော်ဝန် ကောင်စီရဲ့ Chairman ဖြစ်လာပြီး ၂၀၀၈ ခုနှစ်မှာတော့ ဒူဘိုင်း အိမ်ရှေ့စံမင်းသား အဖြစ် တင်မြှောက်ခြင်း ခံရပါတယ်။ ဒူဘိုင်းမင်းသား Fazza ပိုင်ဆိုင်တဲ့ ဇိမ်ခံပစ္စည်းတွေဟာ များပြားလွန်းလှပြီး ဒီအထဲမှာမှ ရှားပြီး စျေးကြီးလွန်းတဲ့ ပစ္စည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်…. shwekhitonlinetv.com

၁။ ကမ္ဘာ့စျေးအကြီးဆုံး ကုလားအုတ်

မင်းသား Fazza ဟာ တိရစ္ဆာန် ချစ်တတ်သူတစ်ယောက်ဖြစ်ပြီး ကုလားအုတ်တွေကိုလည်း တော်တော်လေးကို ချစ်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ သူပိုင်ဆိုင်တဲ့ ကုလားအုတ်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂.၇ မီလီယမ် တန်ကြေးရှိပြီး အရောင်အသွေးကလည်း အတော်လေးကို လှပလွန်းပါတယ်။ shwekhitonlinetv.com

၂။ စကော့တလန်နိုင်ငံက ခြံဝင်း

ဒီခြံဝင်းဟာဆိုရင်ဟာဆိုရင် အစောပိုင်းတုန်းက သူ့အဖေ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အိမ်ရှေ့စံမင်းသား Fazza ကို လွှဲပြောင်းပေးခဲ့တာပါ ။ ခြံဝင်းဟာ ဘယ်လောက်တောင် ကြီးမားလဲဆိုရင် ဧကပေါင်း ( ၆၃၀၀၀ ဧက ) ကျော် ကျယ်ဝန်းတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မင်းသား Fazza ဟာ ဒီခြံဝင်းထဲမှာ အခန်း ၁၄ ခန်းပါတဲ့ အပန်းဖြေ စံအိမ်တစ်ခုကို ရေကန်ဘေးနားမှာတည်ဆောက်ခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၃။ ကုန်းပေါ်ရော ရေပေါ်မှာပါ မောင်းနိုင်တဲ့ကားများ

မင်းသား Fazza ဟာ သာမန်ထက်ထူးခြားတဲ့ အရာတွေကို ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပြီး ကားနဲ့ ပတ်သတ်လာရင်လည်း ဖန်စီဖြစ်တာနဲ့ ဇိမ်ခံကားပုံစံတွေကို သိပ်မကြိုက်ပါဘူးတဲ့ ။ လက်ရှိမှာ သူပိုင်ဆိုင်ထားတဲ့ ကားတွေထဲမှာမှ Python လို့ အမည်ရတဲ့ ကားကတော့ ကုန်းလမ်း ၊ ရေလမ်း ၂ မျိုးလုံးမှာ မောင်းနှင်နိုင်တဲ့ ကားအမျိုးအစားပဲ ဖြစ်ပါတယ် ။ ဒီကားဟာ ကုန်းပေါ်မှာဆိုရင် တစ်နာရီကို 80 mph နှုန်းသွားနိုင်ပြီး ရေပေါ်မှာဆိုရင်တော့ 40 mph နှုန်းမောင်းနှင်နိုင်ပါတယ်တဲ့.။ မင်းသား ဒီကားမျိုး ( ၆ ) စီးလောက်ကို ဝယ်ယူထားပြီး တစ်စီးချင်းစီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁ မီလျံကျော် တန်ကြေးရှိပါတယ် ။ shwekhitonlinetv.com

၄။ ကနေဒါနိုင်ငံက စျေးအကြီးဆုံး Penthouse

ကနေဒါနိုင်ငံမှာရှိတဲ့ စျေးအကြီးဆုံး Condo ရဲ့ Penthouse ဟာဆိုရင် မင်းသား Fazza ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ Condoရဲ့ ဒီ အပေါ်ဆုံး အထပ်မှာဆိုရင် အနီးနား ပတ်ဝန်းကျင်က ရှုခင်းအလှအပ မျိုးစုံကို ကြည့်ရှု ခံစားနိုင်ပြီး အခန်းတွင်းမှာဆိုရင်လည်း စျေးအကြီးဆုံး အိမ်တွင်းပစ္စည်းတွေနဲ့ အလှဆင်ထားပါသေးတယ်။ shwekhitonlinetv.com

၅။ ဒေါ်လာ ၅ သိန်း တန်ဖိုးရှိ တင့်ကား

အခု မြင်နေရတဲ့ တင့်ကားတွေဟာဆိုရင် အမေရိကန်နိုင်ငံက စစ်တပ်မှာ အသုံးပြုနေတဲ့ တင့်ကား အမျိုးအစားထဲက တစ်ခု ဖြစ်ပါတယ် ။ ဒေါ်လာ ၅ သိန်း တန်ဖိုးရှိတဲ့ တင့်ကားဟာ Fazza ဆီမှာ တစ်စီးရှိပြီး သူပိုင်ဆိုင်ထားသမျှ မော်တော်ယာဉ်တွေထဲမှာတော့ အရွယ်အစား အကြီးဆုံးနဲ့ စျေးအကြီးဆုံးလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ Lamborghini Veneno Roadster

၂၀၁၄ ခုနှစ်တုန်းက Lamborghini ကားကုမ္ပဏီဟာ Lamborghini Veneno Roadster လို့ အမည်ရတဲ့ ပြိုင်ကား ၉ စီးကို အရေအတွက် အကန့်အသတ်အနေနဲ့ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ မင်းသား Fazza က ၆ စီးကို ဝယ်ယူခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၂၇ မီလီလျံ ကုန်ကျခဲ့တယ်လို့ သိရပါတယ် ။ ဒီပြိုင်ကားဟာ တစ်နာရီကို ၂၂၁ မိုင်နှုန်း သွားနိုင်ပြီး 6.5 litre V 12 engine ပါရှိကာ မြင်းကောင်ရေအားက ၇၅၀ တောင် ပါရှိပါတယ် ။ shwekhitonlinetv.com

မင်းသား Fazza ဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့အပြင် သူ့ရဲ့ ချမ်းသာ ကြွယ်၀မှုတွေကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လို့နေပါတယ်။ ဒူဘိုင်းမြို့မှာဆိုရင်တော့ နာမည်ကြီး ထိပ်တန်း မိန်းကလေးအများစုရဲ့ စိတ်ဝင်စားမှုကို ခံနေရသူ တစ်ဦးဖြစ်ပြီး မကြာခဏဆိုသလို သတင်းမီဒီယာတွေပေါ်မှာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး သတင်းမျိုးစုံ ထွက်ရှ်ိနေတာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ မြင်သူတိုင်း အံ့အားသင့်သွားစေမယ့် ဒူဘိုင်းမင်းသား Fazza ရဲ့ တန်ဖိုးအကြီးဆုံး ပိုင်ဆိုင်မှု အချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော်…… shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply