လူသားတွေ မတော်တဆ ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးတန် ရတနာသိုက်များ အကြောင်း

သင့်အနေနဲ့ အဖိုးတန်အရာဝတ္ထုတစ်ခုခုကို လမ်းသွားရင်းခလုတ်တိုက်မိတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ်ရင်လည်း မထင်မှတ်တဲ့တစ်နည်းနည်းနဲ့ အဖိုးတန်အရာတွေကို ရရှိတာမျိုးပေါ့။ အခုဖော်ပြပေးမှာကတော့ ဒီလိုမျိုးလုံးဝကိုမထင်မှတ်ဘဲနဲ့ အဖိုးတန်တဲ့အရာတွေကို တွေ့ရှိသွားခဲ့တဲ့ သူတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ လမ်းလျှောက်ထွက်ရင်း ရွှေတုံးကောက်ရသူ

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက အမျိုးသားတစ်ဦးဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်း (Melbourne) မြို့ရဲ့မြောက်ဘက်မှာရှိတဲ့ ဘန်ဒီဂို (Bendigo) မြို့အပြင်ဘက်တစ်နေရာမှာ သူ့ရဲ့သမီးနှစ်ဦးရယ် သူ့ရဲ့ ခွေးကလေးရယ်နဲ့ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ သူ့သမီးတစ်ဦးက လမ်းလျှောက်ရင်းတစ်စုံတစ်ခုကို ကန်ကျောက်လိုက်ပြီး အဲ့ဒီအရာလေးက ရွှေလားလို့သူ့အဖေဖြစ်သူကိုမေးလိုက်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူကကြည့်ကြည့်လိုက်တဲ့အခါမှာတော့ (၂၀) အောင်စလောက်လေးတဲ့ ရွှေနဲ့တူတဲ့ အတုံးအခဲတစ်ခုဖြစ်နေခဲ့ပါတယ်။ shwekhitonlinetv.com

ကျောက်မျက်ရတနာဆိုင်ကကျွမ်းကျင်သူတွေကို ပြသကြည့်ခဲ့ရာမှာတော့ ရွှေအစစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဒေါ်လာ (၂၄,၀၀၀) လောက်တန်တယ်လို့သိခဲ့ရပါတယ်။ ဒလမ်းလျှောက်ထွက်ရာမှာသူ့သမီးလေးတွေကို ခေါ်ဆောင်သွားခဲ့တာ ဒီအမျိုးသား အတွက်အတော်ကံကောင်းသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ရှေးခေတ်ရွှေဒင်္ဂါးပြားအမြောက်အများ တွေ့ရှိခဲ့သူ

Paul Raynard ကတော့ အင်္ဂလန်နိုင်ငံ၊ ဝက်စ်ရှိုင်းယား (West Yorkshire) မှာနေထိုင်တဲ့ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ သူဟာ အားလပ်ချိန်တွေမှာ သူရဲ့သတ္တုခြေရာခံစက် (Metal Detector) နဲ့ရတနာတွေကိုလိုက်လံရှာဖွေရတာကို ဝါသနာပါတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၂၀၁၉ ခုနှစ်မှာတော့ Paul Raynard ဟာ မြောက်အိုင်ယာလန်နိုင်ငံ ဘာလီကာဆယ် (Ballycastle) ကို သူငယ်ချင်းဖြစ်တဲ့ Michael Gwynne နဲ့အတူ အားလပ်ရက်ခရီးထွက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာသူ့ရဲ့သူငယ်ချင်း Michael Gwynne ဟာ လယ်ကွင်းတစ်ခုထဲမှာ မင်္ဂလာလက်စွပ်ကျပျောက်သွားခဲ့တာကြောင့် Paul Raynard ကိုကူညီရှာဖွေပေးဖို့ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

Paul Raynard လည်းသူ့ရဲ့ သတ္တုခြေရာခံစက်နဲ့ တစ်နာရီခွဲလောက်ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် သူ့ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာလက်စွပ်ကိုမတွေ့ခဲ့ရဘဲ မြင်းခွာတစ်ခုနဲ့ ငါးပဲနိတန် အကြွေစေ့တစ်ခုသာတွေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ တစ်နေရာအရောက်မှာတော့ သူ့ရဲ့သတ္ထုခြေရာခံစက်က အဆက်မပြတ်မြည်လာတာကြောင့် Paul Raynard ဟာအဲ့ဒီနေရာကမြေကြီးကို တူးဆွကြည့်ခဲ့ပါတယ်။ တူးရင်းနဲ့လမြေအနက် (၁) ပေကျော်လောက်အရောက်မှာတော့ ရွှေဒင်္ဂါးတစ်ပြားကိုစတင်တွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ ဆက်လက်တူးဖော်ကြည့်ခဲ့ရာမှာတော့ ရွှေဒင်္ဂါးပြားတွေ တစ်ပြားပြီးတစ်ပြားထွက်ရှိလာပြီး စုစုပေါင်း ရွှေဒင်္ဂါးပြား (၈၄) ပြားအထိရရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒီရွှေပြားတွေကို Paul Raynard အနေနဲ့ ပြတိုက်ကိုပေးအပ်ခဲ့ရာမှာတော့ လွန်ခဲ့တဲ့ (၁၅) ရာစုလောက်က King Henry VIII ရဲ့ ရွှေဒင်္ဂါးတွေပါ ပါဝင်နေကြောင်းသိခဲ့ရပါတယ်။ ဒီဒင်္ဂါးပြားတွေဟာ အနည်းဆုံး ၁ ပြားကို ဒေါ်လာ (၆,၀၀၀) လောက်တန်တယ်လို့သိရပါတယ်။ ပြတိုက်ကသူ့ကို ကာလတန်ဖိုးတွက်ချက်ပြီး ဒင်္ဂါးတွေအားလုံးအတွက် ဂုဏ်ပြုဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ (၁၂၅,၀၀၀) ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။