မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံ (၁၁) နိုင်ငံရဲ့ ပတ်စ်ပို့စ်တွေ နဲ့ အဆင့်သတ်မှတ်ချက်များ

ပုံမှန်အားဖြင့်တော့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတစ်နိုင်ငံကနေ အခြားတစ်နိုင်ငံကို ဝင်ထွက်သွားလာဖို့အတွက် ပတ်စ်ပို့စ် နဲ့ ဗီဇာ လိုအပ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းနိုင်ငံတော်တော်များများဟာ မိမိတို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆက်ဆံနေတဲ့နိုင်ငံတွေဆိုရင် သူတို့တိုင်းပြည်ထဲကိုဝင်ရောက်ဖို့အတွက် ဗီဇာမလိုတော့ဘဲ ဘယ်နိုင်ငံကလာသလဲ၊ ဘယ်နိုင်ငံသားဖြစ်လဲဆိုတာကို အထောက်အထားပြနိုင်တဲ့ ပတ်စ်ပို့စ်တစ်ခုသာလိုအပ်ပါတော့တယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ ဂျပန်နိုင်ငံရဲ့ ပတ်စ်ပို့စ်ဟာတစ်ကမ္ဘာလုံးမှာ ပါဝါအရှိဆုံးဖြစ်ပါတယ်။ ဂျပန်နိုင်ငံသားတစ်ဦးဟာ ကမ္ဘာ့ပေါ်ကနိုင်ငံပေါင်း (၂၂၇) နိုင်ငံအနက် (၁၉၃) နိုင်ငံအထိကို ပတ်စ်ပို့စ်ရှိရုံနဲ့သွားလို့ရပြီး သက်ဆိုင်ရာနိုင်ငံတွေဆီက ဗီဇာကင်းလွတ်ခွင့်ရရှိထားပါတယ်။ အခုဖော်ပြပေးချင်တာကတော့ မြန်မာပါဝင်တဲ့ အရှေ့တောင်အာရှိနိုင်ငံ (၁၁) နိုင်ငံရဲ့ ပတ်စ်ပို့စ်တွေကရော ဘယ်လောက်အထိပါဝါရှိပြီး နိုင်ငံပေါင်းဘယ်လောက်ထိကို ဗီဇာကင်းလွတ်ခွင့်နဲ့သွားလို့ရသလဲဆိုတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ စင်ကာပူ – ကမ္ဘာ့အဆင့် (၂)

လက်ရှိအချိန် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အဖွံ့ဖြိုးအတိုးတက်ဆုံးဖြစ်တဲ့ စင်ကာပူနိုင်ငံရဲ့ ပတ်စ်ပို့စ်ဟာ နိုင်ငံပေါင်း (၁၉၂) နိုင်ငံအထိ ဗီဇာကင်းလွတ်ခွင့်ရရှိထားပါတယ်။ ဂျပန်နိုင်ငံ ပြီးရင်တော့ ကမ္ဘာပေါ်မှာ စင်ကာပူပတ်စ်ပို့စ်က ပါဝါအရှိဆုံးဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ မလေးရှား – ကမ္ဘာ့အဆင့် (၁၄)

စင်ကာပူပြီးရင်တော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံရဲ့ ပတ်စ်ပို့်စ်က ပါဝါအရှိဆုံးဖြစ်ပါတယ်။ နိုင်ငံပေါင်း (၁၇၉) နိုင်ငံအထိ ဗီဇာကင်းလွတ်ခွင့်ရှိပြီး တစ်ကမ္ဘာလုံးရဲ့ ပါဝါအရှိဆုံး ပတ်စ်ပို့စ်စာရင်းမှာ အဆင့် (၁၄) နေရာရှိပါတယ်။ shwekhitonlinetv.com

၃။ ဘရူနိုင်း – ကမ္ဘာ့အဆင့် (၂၃)

ဘရူနိုင်းပတ်စ်ပို့စ်ကိုင်ဆောင်ထားမယ်ဆိုရင်တော့ ကမ္ဘာ့နိုင်ငံ (၁၆၆) နိုင်ငံအထိကို ဗီဇာကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ အဆင့် (၃) နေရာမှာရှိပြီး တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင်တော့ အဆင့် (၂၃) ရှိပါတယ်။ shwekhitonlinetv.com

၄။ အရှေ့တီမော – ကမ္ဘာ့အဆင့် (၅၈)

အရှေ့တီမောနိုင်ငံရဲ့ ပတ်စ်ပို့စ်ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ မှာကမ္ဘာ့အဆင့် (၆၀) နေရာမှာရှိပေမယ့် ဒီနှစ်မှာတော့ အဆင့် (၅၈) နေရာကိုရောက်ရှိလာပါတယ်။ ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ နိုင်ငံအရေအတွက်ကတော့ (၉၄) နိုင်ငံပါ။ shwekhitonlinetv.com

၅။ ထိုင်း – ကမ္ဘာ့အဆင့် (၆၈)

ထိုင်းနိုင်ငံရဲ့ ပတ်စ်ပို့စ်ကတော့ ကမ္ဘာ့နိုင်ငံပေါင်း (၇၈) နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့သွားလို့ရပြီး ကမ္ဘာ့ပါဝါအရှိဆုံး ပတ်စ်ပို့စ်စာရင်းမှာတော့ အဆင့် (၆၈) နေရာမှာရှိနေပါတယ်။ shwekhitonlinetv.com

၆။ အင်ဒိုနီးရှား – ကမ္ဘာ့အဆင့် (၇၅)

နိုင်ငံပေါင်း (၇၁) နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့သွားရောက်နိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပတ်စ်ပို့စ်ကတော့ ကမ္ဘာ့အဆင့်မှာဆိုရင် (၇၅) နေရာမှာရှိပါတယ်။ shwekhitonlinetv.com

၇။ ဖိလစ်ပိုင် – ကမ္ဘာ့အဆင့် (၇၈)

ဖိလစ်ပိုင်နိုင်ငံရဲ့ ပတ်စ်ပို့စ်ကတော့ ကမ္ဘာပေါ်မှာ (၇၈) ခုမြောက်ပါဝါအရှိဆုံးဖြစ်ပြီး နိုင်ငံပေါင်း (၆၇) နိုင်ငံကဗီဇာကင်းလွတ်ခွင့်ပေးထားပါတယ်။ shwekhitonlinetv.com

၈။ ဗီယက်နမ် – ကမ္ဘာ့အဆင့် (၈၈)

ဒေသတွင်းမှာအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ပတ်စ်ပို့စ်ကတော့ ကမ္ဘာ့ပါဝါအရှိဆုံး ပတ်စ်ပို့စ် စာရင်းမှာအဆင့် (၈၈) နေရာမှာသာရှိပြီး နိုင်ငံပေါင်း (၅၅) နိုင်ငံကိုသာ ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်ခွင့်ရှိပါတယ်။ shwekhitonlinetv.com

၉။ ကမ္ဘောဒီးယား – ကမ္ဘာ့အဆင့် (၈၉)

ကမ္ဘာ့ပါဝါအရှိဆုံးပတ်စ်ပို့စ်စာရင်းမှာ ဗီယက်နမ်နိုင်ငံနဲ့ ရှေ့ဆင့်နောက်ဆင့် နေရာမှာရှိနေတာကတော့ ကမ္ဘောဒီးယားနိုင်ငံဖြစ်ပါတယ်။ နိုင်ငံပေါင်း (၅၄) နိုင်ငံဗီဇာကင်းလွတ်ခွင့်ရှိပါတယ်။ shwekhitonlinetv.com

၁၀။ လာအို – ကမ္ဘာ့အဆင့် (၉၃)

လာအိုနိုင်ငံရဲ့ ပတ်စ်ပို့စ်ကတော့ ကမ္ဘာ့အဆင့် (၉၃) နေရာမှာရှိပြီး ဗီဇာကင်းလွတ်ခွင့်ရှိတဲ့ နိုင်ငံအရေအတွက်ကတော့ နိုင်ငံပေါင်း (၅၀) ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၁။ မြန်မာ – ကမ္ဘာ့အဆင့် (၉၆)

မြန်မာနိုင်ငံရဲ့ ပတ်စ်ပို့စ်ကတော့ ဒေသတွင်းနိုင်ငံတွေထဲမှာ ပါဝါအနည်းဆုံးဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်ခွင့်ရှိတဲ့ နိုင်ငံပေါင်းက (၄၇) နိုင်ငံသာရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply