တိုက်တန်းနစ်သင်္ဘောကြီးရဲ့ ထူးထူးဆန်းဆန်း စိတ်ဝင်စားဖွယ် အချက် (၁၀) ချက်

တိုက်တန်းနစ် သင်္ဘောကြီးဆိုတာကတော့ မသိသူမရှိလောက်အောင်ကို နာမည်ကျော်ကြားလှတဲ့ ဧရာမသင်္ဘောကြီးတစ်စင်းဖြစ်ပါတယ်။ တိုက်တန်းနစ်ငင်္ဘောကြီးတစ်မြုပ်ခဲ့တာက နှစ်ပေါင်း (၁၀၀) ကျော်ပြီဖြစ်ပေမယ့် သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ ယနေ့တိုင်ကီ လူပြောများနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကနေ့ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဒီလိုလူတွေအပြောများတဲ့ တိုက်တန်းနစ်သင်္ဘောနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမဟုတ်ဘဲ လူတွေအသိနည်းတဲ့ ထူးထူးဆန်းဆန်း အချက်လေးတွေပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် …… shwekhitonlinetv.com

၁။ တိုက်တန်းနစ် သင်္ဘောကြီးကို တည်တောက်ဖို့အတွက် အချိန် (၂၆) လ ကြာမြင့်ခဲ့ပြီး တည်ဆောက်စဥ်ကာလအတွင်း လူ (၂) ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုပေါင်း (၂၄၆) ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ပထမတန်းစားလက်မှတ်နဲ့ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တွေကိုတော့ သီးချင်းအပုဒ်ရေ ၃၅၂ ပုဒ်ပါဝင်တဲ့ စာရွက်တွေပေးထားပြီး အဲ့ဒီထဲက ကြိုက်နှစ်သက်ရာ သီချင်းတွေကို တောင်းဆိုနိုင်တယ်လို့သိရပါတယ်။ ဂီတသမားတွေအနေနဲ့လည်း သီချင်းအားလုံးကို တီးခတ်သီဆိုဖျော်ဖြေနိုင်ဖို့ ကြိုတင်လေ့ကျင့်ထားရပါသတဲ့။ shwekhitonlinetv.com

၃။ အဲ့ဒီခေတ်ကာလအချိန်တုန်းကတော့ ပထမတန်းစားလက်မှတ်တစ်စောင်ကို အမေရိကတ်ဒေါ်လာ (၃၄၅၀) ပေးခဲ့ရပြီး ယနေ့ခေတ်ကာလတန်ဖိုးနဲ့ဆိုရင်တော့ ဒေါ်လာ (၇) သောင်းနီးပါးတန်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၄။ အဲ့ဒီအချိန်ကာလတွေက ကြောင်တွေကို ကံကောင်းစေတဲ့ အထိမ်းအမှတ်အနေနဲ့ သင်္ဘောတွေပေါ် ခေါ်ဆောင်သွားကြတဲ့ အလေ့အထရှိပေမယ့်လို့ တိုက်တန်းနစ်သင်္ဘောပေါ်မှာတော့ ကြောင်တစ်ကောင်မှ မပါခဲ့ပါဘူး။ shwekhitonlinetv.com

၅။ သင်္ဘောနစ်မြုပ်ပြီးချိန်မှာ သေဆုံးသူက သုစုပေါင်း (၁၅၀၃) ဦးအထိရှိခဲ့ပေမယ့်လည်း (၃၀၆) ဦးရဲ့ရုပ်အလောင်းကိုသာပြန်တွေ့ ခဲ့ရကြောင်းသိရပါတယ်။ လွတ်မြောက်ပြီးအသက်ရှင်ကျန်ခဲ့သူကတော့ (၇၀၆) ဦးရှိပါသတဲ့ shwekhitonlinetv.com

၆။ ဒီလိုလွတ်မြောက်သွားသူတွေထဲမှာ သင်္ဘောအင်ဂျင်နီယာတွေ တစ်ယောက်မှမပါခဲ့ပါဘူး။ သူတို့ဟာ သင်္ဘောကို ချက်ချင်းမနစ်မြုပ်စေဖို့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကိုနောက်ဆုံးထွက်သက်အထိ လုပ်ဆောင်သွားကြတာပဲဖြသ်ပါတယ်။ သင်္ဘောကပ္ပတိန် Edward John Smith ကလည်း ခရီးသွားတွေကို သင်္ဘောကနေစွန့်ခွာဖို့ နောက်ဆုံးချိန်ထိ သတိပေးသွားပြီး သင်္ဘောပေါ်မှာပဲကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ရုပ်အလောင်းကိုတော့ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပါဘူး။ တကယ့်သူရဲကောင်းစိတ်ဓာတ်ရှိသူတွေပါပဲနော်။ shwekhitonlinetv.com

၇။ နောက်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာလည်း အသက်ကယ်လှေပေါ်ကိုတက်ဖို့ (၂) ကြိမ်တိုင်အခွင့်အရေးရခဲ့ပေမယ့် (၂) ကြိမ်စလုံးငြင်းဆန်ခဲ့ကာ သင်္ဘောပေါ်မှာပဲ ဆုတောင်းရင်းကျန်ရစ်ခဲ့ရှာပါတယ်။ ကိုယ့်အသက်တောင် ပဓာနမထားတဲ့ တကယ့်ကို မွန်မြတ်တဲ့နှလုံးသားရှိသူတွေပါပဲ။ shwekhitonlinetv.com

၈။ သင်္ဘောရဲ့ သံစုံတီးဝိုင်းက ဂီတပညာရှင်တွေဟာလည်း သင်္ဘောနစ်မြုပ်နေစဥ်အချိန်အတွင်း ဆောက်တည်ရာမရ ဖြစ်မနေဘဲ နောက်ဆုံးချိန်ထိ (၂ နာရီ ၅ မိနစ် လောက်ထိ) ဖျော်ဖြေခဲ့ကြတယ်လို့သိရပါတယ်။ Songe d’Automne ဆိုတဲ့သီချင်းက သူတို့နောက်ဆုံးတီးခတ်သွားတဲ့သီချင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ခရီးသည်တွေထဲမှာတော့ မင်္ဂလာဦး ဟန်းနီးမွန်အဖြစ် စီးနင်းလိုက်ပါလာတဲ့ ခရီးသည်စုံတွဲ (၁၃) တွဲပါဝင်ခဲ့ပါတယ်။ shwekhitonlinetv.com

၁၀။ ၁၉၁၂ ဧပြီလ (၁၄) ရက်နေ့နဲ့ (၁၅) ရက်နေ့ အကူးအပြောင်းကာလမှာ နစ်မြုပ်ခဲ့တဲ့ တိုက်တန်းနစ် သင်္ဘောကြီးကိုတော့ ပြီးခဲ့တဲ့ ၁၉၈၅ ခုနှစ် စက်တင်ဘာ (၁) ရက်နေ့အရောက်မှ Robert Ballard ဦးဆောင်တဲ့ ရှာဖွေရေးအဖွဲ့က ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ နာမည်ကျော်တိုက်တန်းနစ်သင်္ဘောကြီးနဲ့ ပတ်သက်လို့ လူတွေအသိနည်းနေသေးတဲ့ ထူးခြားချက်ကလေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။