မယုံနိုင်လောက်အောင် ဆန်းကြယ်လွန်းတဲ့ သဘာဝတရားများ

လူသားတွေမှီတင်းနေထိုင်တဲ့ ကမ္ဘာမြေကြီးဟာတော့ အံ့သြဖွယ်ရာကိစ္စတွေ အလွန်များပြားလှပြီး လေ့လာလို့ မကုန်ခမ်းနိုင်တဲ့ အရာတွေနဲ့ပြည့်နှက်လို့နေပါတယ်။ အခုလည်း သဘာဝတရားရဲ့ မယုံနိုင်လောက်အောင်ဆန်းကြယ်ကွဲပြားမှုလေးအနည်းငယ်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဒီပုံကိုကြည့်ပြီးတော့ သင့်အနေနဲ့ဘယ်လိုထင်ပါသလဲ ? သစ်သီးတစ်လုံး ဒါမှမဟုတ် သစ်ပင်ကထွက်တဲ့ သစ်စေးလို့ထင်ချင်စရာပါနော် … ။ အမှန်တော့ ဒါဟာရေနေသတ္တဝါတစ်မျိုးဖြစ်ပါသတဲ့။ Sea Anemone လို့ခေါ်တဲ့ ဒီသတ္တဝါလေးကို ထိတွေ့ကိုင်တွယ်ကြည့်ရင်တော့ ဂျယ်လီိနဲ့တူတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ဒါကသစ်ပင် သစ်ကိုင်းခြောက်တစ်ခုမဟုတ်ပါဘူး။ လူတွေကတော့ဒီအရာကို Fulgurite လို့သိထားကြပြီး သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ မြေအစိုင်အခဲဖြစ်ပါတယ်။ ပြင်းထန်တဲ့မိုးကြိုးဟာ ကျောက်ဆောင် သို့မဟုတ် သဲပြင်ကိုပစ်ချလိုက်တဲ့ အခါမှာ Fulgurite ဖြစ်ပေါ်တက်ပါတယ်။ ပျက်စီးလွယ်ပြီး တွေ့မြင်ရဖို့ခဲယဥ်းလှပါတယ်။ shwekhitonlinetv.com

၃။ ပါရှန်းပင်လယ်ကွေ့က အီရန်ပိုင်ကျွန်းတစ်ကျွန်းဖြစ်တဲ့ Hormuz ကျွန်းကိုတော့ ကမ္ဘာမြေပေါ်က မားစ်ဂြိုဟ်လိုနေရာဒေသလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဘာလို့ဒီလိုခေါ်ရသလဲ ဆိုတော့ နီရဲနေတဲ့ သူ့ရဲ့သဲမြေတွေနဲ့ ပင်လယ်ကမ်းစပ်ကရေတွေက အနီရောင်တွေဖြစ်နေလို့ပါ။ သူ့ရဲမြေသားက မြေစေးဝါပါဝင်မှုနှုန်းများသလို သဘာဝရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Ferric Oxide လိုအရာတွေပါဝင်နေလို့ ဒိီလိုဖြစ်ပေါ်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဒါကတော့ ပီရူးနိုင်ငံမှာရှိတဲ့ Vinicunca တောင်ဖြစ်ပါတယ်။ အင်ဒီးစ်တောင်တန်းစုတွေထဲကတောင်တစ်ခုလည်းဖြစ်ပြီး သူ့ရဲ့တောင်သားတွေဟာ သက်တံ့လိုအရောင်မျိုးစုံဖြစ်နေတာကြောင့် သက်တံ့ တောင်လို့လဲလူသိများပါတယ်။ shwekhitonlinetv.com

၅။ ငါးဆိုတာရေထဲမှာပဲနေနိုင်တဲ့ သတ္တဝါလို့သိထားတဲ့ သင့်အမြင်ကိုတော့ ဒီငါးကပြောင်းလဲပေးနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီငါး မျိုးကရေမရှိဘဲ အချိန်တော်ကြာရပ်တည်နေနိုင်သလို ကုန်းပေါ်မာလည်း ခုန်ဆွ ခုန်ဆွနဲ့သွားနိုင်ပါတယ်။ နောက်ထပ်အထူးဆန်းဆုံး ဂုဏ်သတ္တိတစ်ခုကတော့ သစ်ပင်တက်နိုင်တာပဲဖြစ်ပါတယ်။ ဒီငါးရဲ့အမည်ကတော့ Anabas ဖြစ်ပြီး တစ်ချို့ကတော့ Climbing Perch လို့ခေါ်ကြပါတယ်။ shwekhitonlinetv.com

၆။ ဒါကတော့ မြောက်အမေရိကနဲ့ အလယ်အမေရိကမှာ အတွေ့များတဲ့ Green Heron ငှက်တွေပဲဖြစ်ပါတယ်။ ဒီငှက်တွေရဲ့ထူးခြားချက်ကတော့ သူတို့ လည်ပင်းကို အဝေးကြည့်မှန်ပြောင်း (Telescope) လိုမျိုး လိုအပ်သလို ဆန့်ထုတ်နိုင်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Baobab ခေါ် Bottle Tree ဖြစ်ပါတယ်။ ထူးခြားတဲ့ ပင်စည်ပုံစံကြောင့် စိတ်ဝင်စားစရာကောင်းသလို ဒီပင်စည်ထဲမှာ ရေတွေကိုသိုလှောင်ထားနိုင်ပါသတဲ့။ ဒီအပင်တွေကိုတော့ ဒါဂတ်စကာ ကျွန်းမှာအများဆုံးတွေ့နိုင်ပါတယ်။ shwekhitonlinetv.com

၈။ သီရိလင်္ကာနိုင်ငံမှာတွေ့ရတက်တဲ့ ဦးချိုပုံစံ ခေါင်းမှာ အချွန်ပါရှိတဲ့ပုတ်သင်ညိုဖြစ်ပါတယ်။ Unicorn Lizard လို့လည်းခေါ်ကြသလို Rhini Horned Lizard လို့လည်းခေါ်ကြပါတယ်။ shwekhitonlinetv.com

၉။ Black Pretunias အမည်ရတဲ့ဒီအနက်ရောင် နှဲပန်းတွေကလည်းအတော်လေးကိုထူးဆန်းလှပါတယ်။ တောင်အမေရိကတိုက်မှာတွေ့ရပြီး အခြားအရောင်မျိုးစုံနဲ့ ပွင့်တက်ကြပေမယ့် အနက်ရောင်ကတော့ အတော်လေးကိုရှားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၁၀။ Marine Iguanas ကတော့ ပင်လယ်ဖွတ်တစ်မျိုးလို့သိရပါတယ်။ အီကွေဒေါနိုင်ငံက ပလာဂို့စ်ကျွန်းတွေမှာတွေ့ရတက်ပါတယ်။ Lava Lizard လေးတွေဟာ သူတို့ဦးခေါင်းပေါ်မှာတက်နေတာကို မကြာခဏမြင်တွေ့ရတက်ပါတယ်။ ဒီလို သူတို့ဦးခေါင်းတက်ခွင့်ပြုထားတာက သူတို့ရဲ့ သားပေါက်လေးတွေနဲ့ ဆင်တူလို့ဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply