ငွေကြေးနဲ့ ပတ်သက်ပြီး စိတ်မဆင်းရဲရအောင် လူတိုင်းသိသင့်တဲ့ အချက် (၄) ချက်

ရွှေခေတ် ပရိသတ်ကြီးတို့ရေ အခုတစ်ခေါက်မှာတော့ ငွေကြေးနဲ့ဆိုင်တဲ့ ဗဟုသုတလေးတွေကို ၀ေမျှပေးသွားမှာ ဖြစ်ပါတယ်။

တစ်ကယ်လို့ အခုစာဖတ်နေတဲ့ မိတ်ဆွေက ငွေကြေးနဲ့ ပတ်သက်လို့ စိတ်ပူ၊ စိတ်ညစ်နေရရင် ဒီအချက်လေးတွေကို လိုက်လုပ်ကြည့်ဖို့ အကြံပေးပါရစေ… shwekhitonlinetv.com

၁။ ကိုယ့်ကိုကိုယ် ရင်းနှီးမြုပ်နှံပါ။

အကောင်းဆုံးသော ရင်းနှီးမြုပ်နှံမှုဆိုတာ ကိုယ့်ရဲ့ လာမယ့် အနာဂတ်အတွက် ကိုယ့်ကိုကိုယ် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခြင်းပါပဲ။ တစ်ကယ်လို့ သင်ဟာ အသက်ငယ်ရွယ်တဲ့ လူတစ်ယောက်ဆိုရင် လက်တွေ့အသုံးကျတဲ့ ပညာရပ်တွေကို သင်ယူလေ့လာထားပါ။ shwekhitonlinetv.com

ဒါပေမယ့် တစ်ခုသတိထားရမှာက ကိုယ်တစ်ကယ်စိတ်ဝင်စားတဲ့ ပညာရပ်တွေကို သင်ကြားဖို့တော့ လိုပါတယ်နော်။ ဒီလိုမှန်ကန်တဲ့ ပုံစံနဲ့ သင့်ကိုသင် ရင်းနှီးမြုပ်နှံနိုင်လေ သင်ဟာ တစ်ဖြည်းဖြည်းနဲ့ အရည်အချင်းရှိတဲ့ လူတစ်ယောက် ဖြစ်လာလေပါပဲ။ shwekhitonlinetv.com

ဥပမာ ကိုယ်က ဟင်းချက်ရတာ ၀ါသနာပါလို့ ဟင်းချက်နည်းသင်တန်းကို တက်ထားရင်၊ အနာဂတ်ဘ၀မှာ ဒီဟင်းချက်နည်း အတတ်ပညာကြောင့်ပဲ အပူအပင်မရှိ ၀င်ငွေ ရရှိနိုင်ပါတယ်။ shwekhitonlinetv.com

၂။ သူငယ်ချင်း၊ မိတ်ဆွေတွေဆီက ပိုက်ဆံချေးတဲ့အခါ ကတိတည်ပါ။

တစ်ခါတစ်လေ ကိုယ်ရဲ့ သူငယ်ချင်းနဲ့ ဘယ်လောက်ခင်မင်တဲ့ အတိုင်းအတာမှာပဲ ရှိပါစေ သူ့ဆီက ပိုက်ဆံချေးတဲ့အခါ ကိုယ်ပြောထားတဲ့ ရက်အတိုင်း ပြန်ပေးဖို့တော့လိုပါတယ်။ shwekhitonlinetv.com

မဟုတ်ရင် မိတ်ဆွေတွေကြားမှာ နားလည်မှုတွေ လွဲသွားနိုင်ပြီး အခင်မင်ဆုံး သံယောဇဉ်တွေကိုပါ ပြတ်တောက်သွားစေနိုင်ပါတယ်နော်.။ တစ်ကယ်လို့ ကိုယ်က ပြောထားတဲ့ ရက်အတိုင်း မပေးနိုင်သေးဘူးဆိုရင်တောင် အကျိုးသင့် အကြောင်းသင့် ရှင်းပြဖို့တော့ လိုပါတယ်။ shwekhitonlinetv.com

ကတိဆိုတာ လူတစ်ယောက် အတွက် အရေးကြီးပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် ပိုပြီး ကတိတည်သင့်ပါတယ်နော် …

၃။ ကိုယ့်အတွက် တစ်ကယ်လိုအပ်တဲ့ အရာကိုပဲ ဝယ်ယူပါ။

ပစ္စည်းတစ်ခု ဝယ်တော့မယ်ဆိုရင် ကိုယ်ဝယ်မယ့် ပစ္စည်းက စျေးကြီးနေရင် ဝယ်သင့် မဝယ်သင့် စဉ်းစားရတာမျိုး ဖြစ်ဖူးကြမှာပါ။ နောက်ပြီး တိုလီမိုလီ ပစ္စည်းတွေကို သဘောကျရုံ သက်သက်နဲ့ ဝယ်မိတာမျိုးတွေလည်း ရှိတတ်ပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုး ဝယ်တာများသွားရင် ကုန်ကျစရိတ်ကို ပြန်တွက်ကြည့်တဲ့ အခါ မထင်မှတ်လောက်အောင် များနေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပစ္စည်းတစ်ခုကို ဝယ်တော့မယ်ဆိုရင် ကိုယ့်အတွက် တစ်ကယ်အသုံးဝင်မယ့် ပစ္စည်း (ဒါမှမဟုတ်) ကိုယ့်အတွက် လိုအပ်တဲ့ ပစ္စည်းမျိုးကိုသာ ဝယ်မိအောင် စိတ်ဆုံးဖြတ်ကြည့်ပါ။ တကယ်လုပ်နိုင်သွားပြီဆိုရင် သင့်ရဲ့ ကုန်ကျစရိတ်တွေ လျော့နည်းသွားပြီး ငွေလည်း စုမိနိုင်ပါလိမ့်မယ်။ shwekhitonlinetv.com

၄။ တစ်ယောက်တည်းသာ စျေးဝယ်ထွက်ပါ။

အများစုကတော့ စျေးဝယ်တဲ့အခါ တစ်ယောက်တည်း Shopping Mall ထဲမှာ ပတ်ပြီး စျေး၀ယ်ရတာကို ပျင်းကြပါတယ်။ ဒါပေမယ့် အဖော်ဖြစ်သူနဲ့ စျေးဝယ်ထွက်တဲ့ အခါ အကြောင်းအရင်းအမျိုးမျိုးကြောင့် ပစ္စည်းအများအပြားဝယ်မိပြီး ပိုက်ဆံကုန်နိုင်ပါတယ်။ shwekhitonlinetv.com

တစ်ယောက်တည်း စျေးဝယ်ထွက်ရင် ဆိုင်တစ်ဆိုင် နှစ်ဆိုင်လောက်သာ ဝင်ကြည့်ပြီး ဝယ်မိပေမယ့် သူငယ်ချင်းတွေနဲ့ စျေးဝယ်ထွက်ရင်တော့ ဆိုင်အများကြီး ဝင်ပြီး ဝယ်တာလည်း ပိုများတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ shwekhitonlinetv.com

အခုပြောပြထားတဲ့ အချက်လေးတွေက ဘ၀အတွက် အသုံး၀င်တဲ့ ငွေကြေးဆိုင်ရာ ဗဟုသုတလေးတွေ ဖြစ်ပါတယ်။ဒီအကြောင်းအရာလေးနဲ့ ပတ်သက်ပြီး ပရိသတ်တို့ရဲ့ အမြင်ကိုလည်း ပြောပေးသွားပါဦးနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။