ရှေ့နောက်မကြည့်ဘဲ တလွဲအလုပ်နိုင်ဆုံး လူတွေရဲ့ ဓာတ်ပုံ (၁၀) ပုံ

ပရိတ်သတ်ကြီးရေ အခုဖော်ပြပေးမှာကတော့ ရူးရူးမိုက်မိုက်နဲ့ ရှေ့နောက်မကြည့်ပဲ လုပ်တတ်တဲ့ သူတွေရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ရူးမိုက်တယ်ဆိုတာက ကိုယ့်အတွက်ရော ပတ်၀န်းကျင်အတွက်ပါ အဆင်မပြေဖြစ်စေတတ်ပါတယ်။ shwekhitonlinetv.com

တစ်ခါတစ်လေမှာ အသက်အန္တရာယ်ထိတောင် ဖြစ်စေနိုင်တဲ့ ရူးမိုက်မှုတွေရှိတယ်ဆိုတာ အခုဖော်ပြပေးမဲ့ ပုံတွေက သက်သေပါပဲနော်။ shwekhitonlinetv.com

၁။ အဲကွန်းပြင်တဲ့ ဥာဏ်ကြီးရှင်များ

အခုပုံထဲမှာ မြင်ရတာကတော့ စွန့်စွန့်စားစား အဲကွန်း ( လေအေးပေးစက် ) ပြင်နေတဲ့ ယောကျ်ား ၃ ယောက်ပဲ ဖြစ်ပါတယ်။ ခါးမှာ ကြိုးတစ်ချောင်းမှ မချည်ပဲ ဇောက်ထိုးပုံစံနဲ့ အဲကွန်းပြင်နေတဲ့ ပုံကတော့ မြင်ရသူတိုင်းကို စိုးရိမ်စေမှာပါ။ အင်္ကျီစကို ကိုင်ထားတဲ့ သူတွေရဲ့ လက်ထဲကနေ လွတ်သွားမယ်ဆိုရင်တော့ မတွေးရဲစရာပါပဲနော်။ shwekhitonlinetv.com

၂။ အသက်အပိုပါတယ်လို့ ထင်ရသူ

သူကတော့ လှေကားတစ်ခုကို ကားထဲမှာ သယ်ဆောင်ပြီး မောင်းနှင်နေတာကို တွေ့ရမှာပါ။ သူ့ရဲ့ ကားဟာ လှေကားတစ်ခု သယ်ဖို့အတွက် အဆင်ပြေနိုင်လောက်တဲ့ အနေအထား မရှိတာကြောင့် ကြံဖန်ပြီး သယ်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို သယ်ဆောင်လာတဲ့ ပုံစံက သူ့အတွက် ဘယ်လိုမှ အဆင်ပြေတဲ့ပုံစံ မဖြစ်တဲ့အပြင် အသက်ကိုပါ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com

၃။ အသက်စွန့်ပြီး ကားပြင်သူ

အခုပုံကို မြင်ရသူတိုင်း ရင်တထိတ်ထိတ် အသည်းတဖိုဖို ဖြစ်စေမှာ အမှန်ပဲနော်။ ကားအောက်ပိုင်းကို ပြင်ဖို့အတွက် အခုလို ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးရဲ့ အလေးချိန်ကို ပါးလွှာတဲ့ အပြားခပ်သေးသေးပေါ်ကို ပုံအပ်ပြီး တစ်ဖက်မှာလည်း ခနော်နီ ခနော်နဲ့ ထောက်တိုင်လေးနဲ့ ထောက်ထားတာကို တွေ့ရမှာပါ။ ကားပြင်ဖို့အတွက်တော့ အခုလောက်ထိ ရူးမိုက်ဖို့ မလိုဘူး ထင်ပါတယ်နော်။ shwekhitonlinetv.com

၄။ ပတ်၀န်းကျင်ကို ဂရုမစိုက်သူ

ရှည်လျားလှတဲ့ လှေကားကြီးကို ကားသေးသေးလေးနဲ့ သယ်ဆောင်နေတာကို တွေ့ကြမှာပါ။ ရုတ်တရက်ဆိုရင်တော့ ဥာဏ်ကောင်းတယ်လို့ ထင်ရပေမဲ့ အမြန်လမ်းမှာ အခုလို သယ်ဆောင်တာဟာ တခြားကားတွေအတွက် ဘယ်လိုမှ အဆင်ပြေမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၅။ ရေခဲပြင်မှာ ကားမောင်းချင်တဲ့သူ

ရေခဲပြင်ဆိုတာက စကိတ်စီးမယ်ဆိုရင်တောင် ၀ိတ်အရမ်းများရင် ကွဲကြေပြီး အန္တရာယ်ရှိမယ်ဆိုတာကို အားလုံးလည်း သိကြမယ် ထင်ပါတယ်နော်။ အခုပုံကတော့ ရေခဲပြင်မှာ ရူးရူးမိုက်မိုက်နဲ့ ကားမောင်းခဲ့တာကြောင့် ရေခဲတွေ ကွဲကြေပြီး ရေခဲပြင်အောက်ကို ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ပို့ဆောင်ခ ကပ်စီးနဲသူ

၀ယ်လာတဲ့ ပစ္စည်းက အရမ်းကို ကြီးမားနေပြီး သယ်ဆောင်မယ့်ကားနဲ့ ဘယ်လိုမှ မဆန့်နိုင်တာကို အားလုံးပဲ မြင်တွေ့ကြမှာပါ။ ဒါပေမဲ့ အခုလို ရူးမိုက်ပြီး ပို့ဆောင်ခ မပေးချင်တဲ့သူကတော့ သူ့ရဲ့ ကားနဲ့ မရမက သယ်ဖို့ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ထမင်းပေါင်းအိုး ဖျက်ဆီးရေးသမား

ဒီပုံကို မြင်ရတဲ့အခါ အိမ်ရှင်မတွေက ပိုပြီး ဒေါသဖြစ်ကြမယ် ထင်ပါတယ်နော်။ ပလက်ပေါက်တပ်ပြီး ထမင်းချက်ရမယ့် လျှပ်စစ် ထမင်းပေါင်းအိုးကို လျှပ်စစ်မီးဖိုပေါ်မှာ တင်ပြီး ချက်ပြုတ်ဖို့ ကြိုးစားခဲ့တာပါ။ ဘယ်လို တုံးအတဲ့သူက အခုလိုလုပ်ဖို့ စဥ်းစားခဲ့လဲ မသိပေမဲ့ ပေါင်းအိုးရော မီးဖိုပါ ပျက်ဆီးသွားရပါပြီ။ မီးမလောင်သွားတာပဲ တော်ပါသေးတယ်လို့ စဥ်းစားရမှာပဲနော်။ shwekhitonlinetv.com

၈။ ကိုယ့်ကိုယ်ကို စပိုက်ဒါမန်းလို့ အထင်ရောက်နေသူ

နှလုံးရောဂါရှိသူတွေ ဒီပုံကို မကြည့်သင့်ပါဘူးနော်။ မိုးမျှော်တိုက်ကြီးရဲ့ အပေါ်ထပ်မှာ ရှိနေတဲ့ အခန်းရဲ့ ပြတင်းပေါက်ကို သန့်ရှင်းရေးလုပ်နေတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အောက်ဖက်က အိမ်တွေကို ကြည့်လိုက်ရင်တောင် တိုက်ရဲ့ အမြင့်ကို ခန့်မှန်းနိုင်ကြမှာပါနော်။ သူကတော့ ဆွဲထားတဲ့ ကြိုးတွေ ထိန်းပေးထားတဲ့ လူတွေ တစ်ခုမှ မရှိပဲ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ခြေတစ်လှမ်းလောက် မှားလိုက်မယ်ဆိုရင်တော့ တကယ်ကို မတွေးရဲ စရာပါပဲနော်။ shwekhitonlinetv.com

၉။ ဖုန်းအားသွင်းတဲ့ ဥာဏ်ကြီးရှင်

အခုပုံထဲက ဖုန်းအားသွင်းထားတဲ့သူကတော့ တကယ်ကို ပြောစရာမရှိလောက်အောင် ဖြစ်စေတဲ့သူပါ။ ပုံမှာ မြင်ရတဲ့အတိုင်း အားသွင်းတဲ့ ပလပ်ခေါင်းကိုတော့ ပလပ်ပေါက်မှာထိုးထားပြီး ဖုန်းမှာတော့ နားကျပ်ပေါက်ပဲ တပ်ထားတာ ဖြစ်ပါတယ်။ အားသွင်းကြိုးနဲ့ နားကျပ်ကြိုးက ရှုပ်ယှက်ခက်နေတော့လည်း လွဲတဲ့အခါလည်း လွဲပြီပေါ့နော်။ shwekhitonlinetv.com

၁၀။ အမှန်တကယ် အလုပ်လုပ်သူများ

တစ်ခါတစ်လေ အလုပ်တာ၀န်ကျေဖို့ ကိုယ်တိုင်လည်း အဆင်ပြေသက်သာဖို့ ကြံဖန်ပြီး လုပ်လိုက်ရတဲ့ အလုပ်တွေ ရှိခဲ့မှာပါနော်။ အခုမြင်ရတဲ့အတိုင်း ကားတစ်စီးလုံးကို ၀န်ချီစက်နဲ့မပြီး အထပ်မြင့်က တိုက်ခန်းတစ်ခုကို ပစ္စည်းပို့နေတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ အထပ်မြင့်ဆီကို လှေကားနဲ့ အဆင်းအတက်လုပ်ပြီး မပို့တော့ပဲ တစ်ခါတည်း ပြတင်းပေါက်ကနေ ပို့နေတာပါ။ အကြံကြီးတယ်လို့ ထင်ရပေမဲ့ ၀န်ချီစက်ကနေ ကားရော လူရော ပြုတ်ကျသွားရင်တော့ မတွေး၀ံ့စရာပါပဲနော်။ shwekhitonlinetv.com

ပရိသတ်ကြီးရော ဒီပုံတွေကို ကြည့်ပြီး ဘယ်လို ထင်မြင်လဲဆိုတာ ပြောပေးသွားပါဦးနော် …

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။