လူသူ အရောက်ပေါက်နည်းလွန်းလှသော နေရာမှာ တည်ရှိနေတဲ့ လောက နတ်ဘုံများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ လောက နတ်ဘုံလို့တောင် တင်စားခေါ်ရလောက်တဲ့ နေရာတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီနေရာတွေဟာ လူသူ အရောက်ပေါက်နည်းလွန်းလှတဲ့ အပြင် သဘာ၀တရားကြီးရဲ့ ပကတိ အလှတရားတွေကို ပိုင်ဆိုင်ထားတာမို့ ပုံ တစ်ပုံချင်းစီကို ဖတ်ကြည့်ပြီး ရှုခင်းတွေရဲ့ အလှကို ခံစားကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

  • ၁။ The Forest Lake ( ရုရှားနိုင်ငံ )
၁။ The Forest Lake ( ရုရှားနိုင်ငံ )

အခု မြင်တွေ့နေရတဲ့ နေရာလေးဟာ ရုရှားနိုင်ငံမှာ တည်ရှ်ိတယ်လို့ ပြောပြထားခဲ့ပေမယ့်လည်း နေရာ အတိအကျကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမယ့် တစ်ချို့သောသူတွေရဲ့ ပြောကြားချက်အရ ရုရှားနိုင်ငံအတွင်းက Tyumen ပြည်နယ်အတွင်းမှာ ရှိတယ်လို့ သိရပါတယ်။ မျက်စိတစ်ဆုံး မြင်ရသမျှက စိမ်းစိုနေပြီး အလယ်မှာ ထူးထူးဆန်းဆန်း ရေကန်တည်ရှိနေတာကတော့ အံ့ဩစရာပါပဲ ။ shwekhitonlinetv.com

  • ၂။ Tepui ( ဗင်နီဇွဲလားနိုင်ငံ )
၂။ Tepui ( ဗင်နီဇွဲလားနိုင်ငံ )

Tepui ဆိုတာ ဗင်နီဇွဲလားနိုင်ငံ အတွင်းက တိုင်းရင်းသား လူမျိုးစု တစ်စုရဲ့ ဘာသာစကားဖြစ်ပြီး အဓိပ္ပါယ်ကတော့ ဘုရားသခင်ရဲ့ အိမ် လို့ အဓ်ိပ္ပါယ်ရပါတယ်။ တစ်ကယ်လည်း နာမည်နဲ့ လိုက်အောင် ဒီနေရာမှာ မြင်ရတဲ့ ရှုခင်းတွေရဲ့ အလှဟာ ရင်သပ်ရှုမောဖွယ်ကောင်းလှပြီး သဘာ၀တရားကြီးရဲ့ အငွေ့အသက်တွေ အကုန်လုံးနဲ့ လွှမ်းခြုံထားတဲ့ နေရာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ Tepui ( ဗင်နီဇွဲလားနိုင်ငံ )
  • ၃။ Honokohau ရေတံခွန် ( အမေရိကန်နိုင်ငံ )
၃။ Honokohau ရေတံခွန် ( အမေရိကန်နိုင်ငံ )

အမေရိကန် နိုင်ငံရဲ့ ဟာဝိုင်ယီ ပြည်နည်ထဲမှာ လှပတဲ့ ကျွန်းတွေ အများကြီး ရှိပါတယ်။ ဒီအထဲမှာမှ Maui ဆိုတဲ့ ကျွန်းမှာဆိုရင် စိမ်းစိုလှတဲ့ တောင်တန်းတွေကို ဖြတ်ပြီး စီးဆင်းနေတဲ့ ရေတံခွန် တစ်ခုရှိပါတယ်။ ဒီရေတံခွန်ရဲ့ အမည်ကတော့ Honokohau ဖြစ်ပြီး သွားရောက်လည်ပတ်တဲ့သူတွေရဲ့ စိတ်ကို မပြန်ချင်လောက်အောင် ဆွဲဆောင်နိုင်ပါတယ်။ shwekhitonlinetv.com

၃။ Honokohau ရေတံခွန် ( အမေရိကန်နိုင်ငံ )
  • ၄။ အမေဇုန် မိုးသစ်တော
၄။ အမေဇုန် မိုးသစ်တော

အမေဇုန် မိုးသစ်တောကြီးဟာဆိုရင် တောင် အမေရိက အတွင်းက နိင်ငံပေါင်း ( ၉ ) နိုင်ငံကို ဖြတ်ကျော်ပြီး တည်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကတော့ ဘရာဇီး ၊ ပီရူး ၊ ကိုလမ်ဘီယာ ၊ ဗင်နီဇွဲလား ၊ အီကွေဒေါ ၊ ဘိုလီဗီးယား ၊ ဂိုင်ယာနာ ၊ ဆူရာနမ် နဲ့ ပြင်သစ် ဂိုင်ယာနာ နိုင်ငံ တို့ ပဲ ဖြစ်ပါတယ်။ အမေဇုန် မိုးသစ်တောကြီးဟာ ဧရိယာ အကျယ်အဝန်း ကြီးမားလွန်းတာကြောင့် ဒီတောအတွင်း မှာနေထိုင်တဲ့ မျိုးစိတ်တွေ လည်း အများကြီး ရှိပါတယ်။ သဘာ၀ အလှကို ခံစားချင်သူတွေ နဲ့ လေ့လာလိုသူတွေ အတွက်တော့ တစ်ကယ့်ကို သင့်တော်တဲ့ နေရာပဲ ဖြစ်ပါတယ်နော်…. shwekhitonlinetv.com

၄။ အမေဇုန် မိုးသစ်တော
  • ၅။ ကျောက်တုံး ကျွန်း ( ပလာအို နိုင်ငံ )
၅။ ကျောက်တုံး ကျွန်း ( ပလာအို နိုင်ငံ )

ပလာအို နိုင်ငံအတွင်းမှာ တည်ရှိတဲ့ ဒီ ကျောက်တုံး ကျွန်းဟာဆိုရင် လက်ရှိ လူ့အဖွဲ့အစည်းတွေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ တည်ရှိနေတဲ့ ကျွန်းလေးပဲ ဖြစ်ပါတယ် ။ ကျောက်တုံး ကျွန်းနဲ့ ပတ်သတ်ပြီး တစ်ချို့သော ရာဇဝင်အချက်အလက်တွေမှာ ပြောထားတာကတော့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက ဒီကျွန်းပေါ်မှာ လူမျိုးစုတစ်စု လာရောက် အခြေချနေထ်ိုင် သွားခဲ့ကြတယ်ဆိုတာ သိခဲ့ရပါတယ် ။ နောက်ပြီး ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေအရ ဒီကျွန်းမှာနေထိုင်သွားခဲ့ကြတဲ့ လူမျိုးစုတွေဟာ လူပုလေးတွေ ဖြစ်ပြီး သူတို့နေထိုင်ခဲ့တယ်ဆိုတဲ့ သက်သေတွေလည်း ရှိလို့နေပါသေးတယ်။ shwekhitonlinetv.com

၅။ ကျောက်တုံး ကျွန်း ( ပလာအို နိုင်ငံ )
  • ၆။ Dallol ( အီသီယိုးပီးယားနိင်ငံ )
၆။ Dallol ( အီသီယိုးပီးယားနိင်ငံ )

အီသီယိုးပီးယားနိုင်ငံအတွင်းမှာ တည်ရှိတဲ့ Dallol မီးတောင်ဟာဆိုရင် သူ့ရဲ့ ပတ်ပတ်လည်မှာ ဆားမိုင်းတွင်းတွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။ သေချာပြောပြရမယ်ဆိုရင်တော့ ဒီနေရာဟာ အန္တရာယ်များတဲ့အတွက် တားမြစ်ဧရိယာ အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီနေရာရဲ့ မြေမျက်နှာပြင်ဟာ မာကျောလှတဲ့ ဆားမျက်နှာပြင်တွေနဲ့ ဖွဲ့စည်းထားကာ ရေကန်တွေဟာဆိုရင်လည်း ပူပြင်းလှတဲ့ အက်ဆစ်သဘာ၀ ရေတွေ ဖြစ်လို့နေပါတယ်။ နောက်ထပ်ဆိုးတဲ့ အချက်ကတော့ ရံဖန်ရံခါ မီးတောင်ရဲ့ ထိပ်၀ကနေ အဆိပ်ဓာတ်ငွေ့တွေ မှုတ်ထုတ်တတ်တာကြောင့် လည်ပတ်ဖို့ အန္တရာယ်များတဲ့ နေရာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Dallol ( အီသီယိုးပီးယားနိင်ငံ )
  • ၇။ Gangkhar Puensum တောင် ( ဘူတန် နိုင်ငံ )
၇။ Gangkhar Puensum တောင် ( ဘူတန် နိုင်ငံ )

ဘူတန် နိုင်ငံရဲ့ အမြင့်ဆုံးတောင် တစ်ခုဖြစ်ပြီး ဟိမ၀န္တာတောင်တန်းတွေထဲက တစ်ခုဖြစ်တဲ့ Gangkhar Puensum ဆိုတဲ့ တောင်ကတော့ တစ်ကယ့်ကို စိတ်အေးချမ်းသာမှု အပြည့်ပေးနိုင်မယ့် နေရာ တစ်နေရာလည်း ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ၇၅၇၀ မီတာ အမြင့်ရှိပြီး လှပတဲ့ ရှုခင်းတွေလည်း ပိုင်ဆိုင်ထားသလို တောင်တက်သမားတွေအတွက် တက်ရခက်ခဲလွန်းတဲ့ တောင် တစ်လုံးလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Gangkhar Puensum တောင် ( ဘူတန် နိုင်ငံ )

အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာကြီးပေါ်မှာတည်ရှိတဲ့ လူသူအရောက်ပေါက်နည်းလှတဲ့ လောက နတ်ဘုံတွေ အကြောင်းကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော်….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။