အလေးချိန် (၁၃၂) တန်ရှိပေမယ့် လူတိုင်းကိုင်လှုပ်နိုင်တဲ့ အံ့ဖွယ်ကျောက်တုံးကြီး

ကမ္ဘာကြီးဟာ ထူးဆန်းတဲ့အရာတွေနဲ့ ပြည့်နှက်နေတဲ့ဂြိုဟ်ကြီးတစ်လုံးလို့ဆိုမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ သင့်အနေနဲ့ထူးဆန်းတဲ့အကြောင်းကိစ္စတွေတော်တော်များများကို သိရှိပြီးဖြစ်နေမယ်ဆိုရင်တောင်မှ အခုဖော်ပြပေးမယ့် ကျောက်တုံးကြီးအကြောင်းကိုတော့ သိရှိဦးမှာမဟုတ်ပါဘူး။ shwekhitonlinetv.com

ဒီကျောက်တုံးကြီးဟာ လူသားတစ်ဦးရဲ့ကိုယ်အလေးချိန်ထက် အဆပေါင်းရာနဲ့ချီပြီး လေးလံတဲ့ကျောက်တုံးကြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလောက်အလေးချိန်စီးတဲ့ကျောက်တုံးကြီးကို သာမန်လူတစ်ယောက်အနေနဲ့ ဘာအကူပစ္စည်းမှမပါဘဲ လက်ချည်းသက်သက်နဲ့ လှုပ်ရှားအောင်ပြုလုပ်နိုင်ပါတယ်။ shwekhitonlinetv.com

ဒီကျောက်တုံးကြီးကိုတော့ Trembling Stone လို့ခေါ်ကြပြီး ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Huelgoat သစ်တောထဲမှာ တွေ့ရှိနိုင်ပါတယ်။ သူ့ရဲ့အလေးချိန်ကတော့ (၁၃၂) တန်ရှိပါတယ်။ ဒီလောက်အလေးချိန်ရှိတဲ့ ကျောက်တုံးကြီးကို အားနည်းတဲ့သူတစ်ယောက်တောင်မှ လှုပ်ရှားအောင်ပြုလုပ်လို့ ရတာကတော့ အတော်လေးကိုထူးဆန်းလှပါတယ်။ shwekhitonlinetv.com

သူ့ကိုမှန်ကန်တဲ့နေရာကနေ သေသေချာချာကိုင်မမယ်ဆိုရင်တော့ ဒီကျောက်တုံးကြီးဟာ လှုပ်ခါနေမှာဖြစ်ပါတယ်။ ဒါပေမယ့်နေရာတော့ ရွှေ့လျားခြင်းရှိမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အောက်မှာ ဟန်ချက်ညီညီနဲ့ ခံနေတဲ့ကျောက်တုံးတစ်တုံးရှိနေလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ Trembling Stone (ဒါမှမဟုတ်) Logan Stone လို့လူသိများတဲ့ ကျောက်တုံးကြီးကြောင့် ပြင်သစ်မှာရှိတဲ့ ဒီမြို့လေးဟာ ကမ္ဘာလှည့်ခရီးသည်တွေကို လာရောက်ကြည့်ရှုဖို့အတွက်အတော်အသင့် ဆွဲဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီလိုထူးခြားတဲ့ နောက်ထပ်ကျောက်တုံးကြီးတစ်ခုကိုတော့ အိန္ဒိယနိုင်ငံမှာလည်း တွေ့နိုင်ပါတယ်။ သူ့ကိုတော့ Krishna’s Butterball လို့ အမည်ပေးထားပြီး ပြင်သစ်နိုင်ငံက Trembling Stone ထက် ပိုမိုလေးလံတယ်လို့သိရပါတယ်။ shwekhitonlinetv.com

အိန္ဒိယနိုင်ငံ Mahabalipuram, Tamil Nadu မှာတည်ရှိတဲ့ ဒီကျောက်တုံးကြီးကတော့ အလေးချိန် တန် (၂၅၀) ရှိပြီး ဒီနေရာမှာတည်ရှိနေတာ နှစ်ပေါင်း (၁၃၀၀) ကြာပြီဖြစ်ပါတယ်။ ဒီကျောက်တုံးကြီးကလာ်း သူ့ကိုထိလိုက်မယ်ဆိုရင် လှုပ်ခါသွားနိုင်အောင် အောက်ခံကျောက်တုံးပေါ်မှ ဟန်ချက်ညီစွာတည်ရှိနေပါတယ်။ shwekhitonlinetv.com

ပိုပြီးအသည်းယားစရာကောင်းတာက ဒီကျောက်တုံးကြီးကိုထိလိုက်လို့ လှုပ်ရှားသွားတဲ့ပုံစံဟာ ရုတ်တရက်ဆိုရင်တောင်ကုန်းပေါ်ကနေလှိမ့်ဆင်းသွားမလားတောင်ထင်ရပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ဒီကျောက်တုံးကြီးဟာ ဆူနာမီနဲ့ ငလျင်လှုပ်တာတောင်မှ နေရာရွှေ့လျားခြင်းမရှိခဲ့ပါဘူး။ shwekhitonlinetv.com

ဒီကျောက်တုံးကြီးတွေကို လှုပ်ရှားအောင်ပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်တွေကိုတော့ Youtube မှာ Trembling Stone လို့ရိုက်ပြီး အလွယ်တကူရှာဖွေကြည့်ရှုလို့ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။