ရည်စားဟောင်းက ပြန်ပေးဆွဲပြီး သူ့ရဲ့နာမည်ကို တက်တူးထိုးပေးခြင်းကို ခံလိုက်ရတဲ့ မိန်းကလေး

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကတော့ ဘရာဇီးလ်နိုင်ငံမှာ ထူးထူးခြားခြားပြန်ပေးဆွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီပြန်ပေးဆွဲမှုနဲ့ပတ်သက်တဲ့ သတင်းတွေဟာလည်း လူမှုကွန်ယက်တွေမှာ ချက်ချင်းပျံ့နှံ့သွားပြီး အတော်လေးကို လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ shwekhitonlinetv.com

ဘာကြောင့်လဲဆိုတော့ ဒီပြန်ပေးဆွဲမှုဟာ သာမန်ပြန်ပေးဆွဲမှုတွေလို ခြိမ်းခြောက်ပြီးငွေညှစ်တာမျိုးမဟုတ်ဘဲ အသက် (၂၀) အရွယ်ကောင်လေးတစ်ဦးက သူ့ရဲ့ချစ်သူဟောင်းကိုပြန်ပေးဆွဲပြီး မျက်နှာပေါ်မှာ သူ့ရဲ့နာမည်ကို တက်တူးထိုးပေးပြီး ပြန်လွှတ်လိုက်လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကောင်လေးနာမည်ကတော့ Gabriel Coelho ဖြစ်ပြီး ဘရာဇီးလ်နိုင်ငံတောင်ပိုင်း São Paulo ကဖြစ်ပါတယ်။ သူ့ရဲ့ရည်းစားဟောင်းကတော့ အသက် (၁၈) နှစ်အရွယ် Tayane Caldas ဆိုတဲ့ မိန်းကလေးဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်နေ့မှာတော့ Tayane Caldas ကျောင်းကိုသွားတဲ့လမ်းမှာ သူမရဲ့ချစ်သူဟောင်းဖြစ်တဲ့ Gabriel Coelho ကစောင့်ဆိုင်းနေခဲ့ပြီး သူမနားကိုချဉ်းကပ်လာကာ Jose Coelho (Gabriel Coelho ၏ဖခင်) မောင်းနှင်လာတဲ့ ကားပေါ်ကို အတင်းအကြပ် ခေါ်ဆောင်သွားခဲ့ပါတယ်။ shwekhitonlinetv.com

အဲ့ဒီနောက်မှာတော့ Gabriel Coelho ဟာ သူမကို Taubaté မြို့ရှိ ၎င်းရဲ့ နေအိမ်ကိုခေါ်ဆောင်သွားပြီး သူူမရဲ့မျက်နှာပေါ်မှာ (ညာဘက်နားရွက်အောက်မှ မေးစေ့အထိ) ၎င်းရဲ့နာမည်အပြည့်အစုံကို အတင်းအကြပ်တက်တူးထိုးပေးခဲ့ကြောင်း သိရပါတယ်။ shwekhitonlinetv.com

Tayane Caldas ဟာအိမ်ပြန်ရောက်ချိန်မှာတော့ သူ့ရဲ့မျက်နှာပေါ်ကတက်တူးကိုအခြားသူတွေ မမြင်တွေ့အောင်မိတ်ကပ်တွေနဲ့ ဖုံးအုပ်ပြီး နေထိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်းနောက်ပိုင်းမှာ သူ့အမေက အကြောင်းစုံကိုသိရှိသွားပြီး ရဲစခန်းမှာအမှုဖွင့်ခဲ့ပါတယ်။ shwekhitonlinetv.com

Gabriel Coelho ကတော့ အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းမှုနဲ့ စွဲချက်တွေအပေါ်ကို ဝန်ခံခဲ့ခြင်းမရှိဘဲ သူမရဲ့ မျက်နှာပေါ်မှာ သူ့ရဲ့အမည်ကို တက်တူးထိုးခွင့်ပေးလို့ ဝမ်းသာမိကြောင်းထွက်ဆိုထားပါတယ်။ ဒါကြောင့်ရဲတွေဟာလည်း သူတို့ရဲ့ လူမှုကွန်ရက်အကောင့်တွေကိုတောင်းဆိုထားပြီး စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်ရာကတစ်ဆင့် ဖြစ်ရပ်အမှန်ကို သိရှိခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

Caldas နှင့် Coelho တို့ဟာ လွန်ခဲ့တဲ့ ခြောက်နှစ်ခန့်က တွေ့ဆုံခဲ့ကြပြီး လမ်းခွဲခဲ့တာ နှစ်နှစ်လောက်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ သူတို့ရဲ့ စာတိုပေးပို့မှုတွေကိုစစ်ဆေးခဲ့ရာမှာတော့ Coelho ကခြိမ်းခြောက်မှုပြုလုပ်ထားတဲ့ စာတိုတွေကိုတွေ့ရှိခဲ့ရသလို Caldas အနေနဲ့ သူ့ကိုကြောက်ရွံ့နေကြောင်း သူငယ်ချင်းတွေကို ပေးပို့ထားတဲ့ စာတိုတွေကိုပါတွေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com

နောက်ပြီး Caldas ရဲ့မိခင်ကိုတိုင် Coelho အား သူ့သမီးကို အနှောင့်အယှက်မပေးဖို့ပြောဆိုထားတာတွေနဲ့ Coelho က ဂရုမစိုက်သလိုပြန်လည်ပြောဆိုထားတာတွေကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ပဲ Gabriel Coelho တစ်ယောက်သူ့ရဲ့ လုပ်ရပ်တွေအပေါ်ကို ဝန်ခံခဲ့ရပြီး တရားဥပဒေရဲ့ အဆုံးအမကို ခံယူရတော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com

သူရဲ့ ချစ်သူဟောင်းဖြစ်တဲ့ Caldas ကတော့ သူမရဲ့မျက်နျာပေါ်က တက်တူးတွေကိုဖယ်ရှားဖို့အတွက် လေဆာနဲ့ကုသမှုခံယူနေတယ်လို့သိရပါတယ်။ လောကမှာ ချစ်သူရည်းစားထားတဲ့ကိစ္စတွေဟာ တစ်ခါတစ်လေမှာ အတော်လေးကို ဆိုးရွားတဲ့နောက်ဆက်တွဲဖြစ်ရပ်တွေကို သယ်ဆောင်လာနိုင်တယ်ဆိုတာ ဒီအဖြစ်အပျက်လေကိုကြည့်ပြီး သင်ခန်းစာယူသင့်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။