ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ အလှအပထိန်းသိမ်းကြတဲ့ ပုံစံ (၇) မျိူး

လောကမှာလူအချို့ဟာအလှအပရေးရာကိစ္စတွေအတွက် ပုံမှန်မြင်နေတွေ့နေကြမဟုတ်တဲ့ ထူးထူးဆန်းဆန်းအရာတွေကိုပြုလုပ်တက်ကြပါတယ်။ တိရိစ္ဆာန်အညစ်အကြေးတွေကိုအသုံးပြုပြီး မျက်နှာကို Treatments လုပ်တာမျိုး အသည်းယားစရာကောင်းတဲ့ သတ္တဝါတွေကိုအသုံးပြုပြီး နှိပ်နယ်ကြတာမျိုးတွေပေါ့ ….. shwekhitonlinetv.com

ဒီတစ်ခေါက်မှာတော့ အာရှိမှာရှိတဲ့နိုင်ငံအချို့က ဒီလိုမျိုးဝန်ဆောင်မှုပေးနေတဲ့ နာမည်ကျော် Beauty Treatments တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုအရာမျိုးတွေဖြစ်မလဲဆိုတာကိုတော့ အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com

၁။ ငှက်ချေးဖြင့်မျက်နှာသန့်စင်ခြင်း

တစ်ချို့တွေကကိုယ့်အပေါ်ကို ငှက်ချေးပါချတဲ့အခါကံကောင်းတယ်လို့ယူဆကြပါတယ်။ ဒါပေမယ့် ရှေးခေတ်ဂျပန်တွေကတော့ ငှက်ချေးဟာကံကောင်းခြင်းသာမကဘဲ အလှအပဆိုင်ရာကိစ္စရပ်တွေအတွက်ပါ ကောင်းမွန်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့်ဂျပန်က Spa တွေမှာဆိုရင်ငှက်ချေးနဲ့ မျက်နှာသစ်ခြင်း ဝန်ဆောင်မှုတွေကိုရနိုင်ပါတယ်။ အဓိကကတော့ ငှက်ချေးနဲ့မျက်နှာသစ်တာဟာ အရေပြားရဲ့ရေဓာတ်ဆုံးရှုံးမှုကိုလျော့ချပေးပြီး အစိုဓာတ်ကိုထိန်းသိမ်းပေးနိုင်တဲ့ အစွမ်းသတ္တိရှိနေပါတယ်။ ဒီဝန်ဆောင်မှုကိုတော့ ဂျပန်က Beauty Spa တွေအပြင် စင်ကာပူမှာရှိတဲ့ Ikeda Spa မှာလည်းရရှိနိုင်ပါတယ်။ shwekhitonlinetv.com

၂။ ဘီယာဖြင့်ရေစိမ်ခြင်း

ဘီယာတွေထည့်ထားတဲ့စည်ထဲမှာထိုင်ပြီးရေစိမ်တဲ့ဝန်ဆောင်မှုကိုတော့ တရုတ်နိုင်ငံဘေကျင်းမြို့မှာရှိတဲ့ Star World Hotel မှာရရှိနိုင်ပါတယ်။ သင့်အနေနဲ့ ဘီယာနဲ့ရေစိမ်မယ့် Beer Bath Session ဝန်ဆောင်မှုကိုယူမယ်ဆိုရင်တော့ မိနစ် (၂၀) လောက် ဘီယာစည်ထဲမှာထိုင်ပြီး ဘီယာစိမ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ တစ်နာရီနီးပါးလောက် ပွတ်သပ်နှိပ်နယ်ခြင်းကို ခံရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ မြွေဖြင့်နှိပ်နယ်ခြင်း

မြွေတွေကိုအသုံးပြုပြီးနှိပ်နယ်တာကတော့ အာရှကနေစတဲ့ဓလေ့တစ်ခုတော့မဟုတ်ပါဘူး။ ဒီလုပ်ငန်းကိုစတင်မိတ်ဆက်ခဲ့တဲ့သူက အစ္စရေးနိုင်ငံက Snake Spa ပိုင်ရှင် Ada Barak ပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က Bali Heritage Reflexology & Spa မှာ ဒီဝန်ဆောင်မှုကိုရနိုင်ပြီပဲဖြစ်ပါတယ်။ မြွေတွေကိုအသုံးပြုပြီးနှိပ်နယ်တာက ကြွက်သားတွေပင်ပန်းနွမ်းနယ်နေမှုကို ပြေလျော့စေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ shwekhitonlinetv.com

၄။ ဓားဖြင့်နှိပ်နယ်ခြင်း

ဒါကတော့အတော်လေးကိုဆန်းတဲ့ အနှိပ်ပညာတစ်မျိုးဖြစ်ပါတယ်။ ဓားတွေကိုအပန်းဖြေရာမှာအသုံးပြုလို့ ရမယ်လို့ဘယ်သူကမှ ထင်ထားမှာမဟုတ်ဘူးလေ။ ဒီနည်းက ရှေးနှစ်ပေါင်း (၂၀၀၀) လောက်က တရုတ်တိုင်ပေလူမျိုးတွေစတင်ကျင့်သုံးခဲ့တဲ့နည်းဖြစ်တယ်လို့သိရပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေက စိတ်ဖိစီးမှုကိုလျော့ချဖို့နဲ့ ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်တို့အကြားဟန်ချက်ညီအောင်ကုစားဖို့အတွက် ဒီနည်းကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်။ ဒီ ဓားနဲ့နှိပ်တဲ့ Knife Massage ကတော့ တရုတ်တိုင်ပေမှာအတော်လေးကို ရေပန်းစားတဲ့နှိပ်နည်းတစ်မျိုးဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ခရုဖြင့်မျက်နှာသန့်စင်ခြင်း

ခရုကနေထွက်တဲ့ အကျိအချွဲလမ်းကြောင်းတွေမှာ ပရိုတင်းတွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ hyaluronic acid လိုအရာတွေပါဝင်နေပါတယ်။ ဒီအရာတွေက အရေပြားအတွက်ဆိုရင်တော့အလွန်သင့်တော်တဲ့ ဓာတ်စာတွေဖြစ်ပါတယ်။ ဒီအချက်ကိုသိရှိတဲ့ ဂျပန်လူမျိုးတွေက ခရုတွေကိုအသုံးပြုပြီး မျက်နှာအရေပြားသန့်စင်ခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို သူတို့ဆီက Spa တွေမှာအသုံးချနေပြီဖြစ်ပါတယ်။ သူတို့အနေနဲ့ အပူချိန် (၂၀) ဒီဂရီ ဆဲလ်စီးရပ်သာသာ အခြေအနေမျိုးမှာ အော်ဂဲနစ်အသီးအရွက်တွေကျွေးမွေးပြီး ဒီခရုတွေကိုမွေးမြူထားကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ မီးဖြင့်နှိပ်နယ်ခြင်း

နောက်ထပ် တရုတ်ရိုးရာနှိပ်နယ်ခြင်းဆိုင်ရာကုထုံးကတော့ မီးဖြင့်နှိပ်နယ်တာပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ကို ပလတ်စတစ်တွေ ဒါမှမဟုတ် တာဝါတွေနဲ့ အရင်ဖုံးအုပ်ပြီးမှ မီးအပူပေးပြီးနှိပ်နယ်တာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် လန်းဆန်းတက်ကြွစေပြီး ညောင်းညာခြင်းတွေကို ပြေလျော့စေတယ်လို့သိရပါတယ်။ ဒီဝန်ဆောင်မှုကိုတော့ တရုတ်နိုင်ငံက Wellness Parlour မှာရရှိနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ငါးဖြင့်အညစ်အကြေးများဖယ်ရှားခြင်း

ဒီနည်းကတော့ အာရှတိုက်ရဲ့နေရာအနှံ့မှာအသုံးပြုနေပြီဖြစ်တဲ့နည်းတစ်မျိုးပါ။ Garra Rufa လို့ခေါ်တဲ့ငါးလေးတွေနဲ့ ခြေထောက်ဆေးကြောတာဖြစ်ပါတယ်။ ငါးလေးတွေရှိတဲ့ရေစည်ထဲကို ခြေထောက်နှစ်ထားရုံနဲ့ ဒီငါးလေးတွေက သင့်ခြေထောက်က မကောင်းတဲ့အရေပြားတွေ ချေးတွေကို စားသုံးသွားမှာဖြစ်ပါတယ်။ ဒီနည်းနဲ့ခြေထောင်အရေပြားကို ကောင်းမွန်သန့်စင်စေတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။