တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်တဲ့ သေးစိမ်ကြက်ဥ တွေအကြောင်း

သင့်အနေနဲ့ နွေဦးရာသီမှာ တရုတ်နိုင်ငံ Zhejiang ပြည်နယ်ကို သွားရောက်လည်ပတ်ပါက ဆီး (သေး) စိမ်ထားသော ကြက်ဥများ၊ ဆီးစိမ်ထားသော ကြက်ဥများကို ချက်ပြုတ်ရန် ပြင်ဆင်နေသော ဈေးသည်အများအပြားကို တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

သင့်အတွက်ဒါဟာ အထူးအဆန်းတစ်ခု၊ ရွံစရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တရုတ်နိုင်ငံမှာတော့ ဒါဟာ လူတိုင်းကြိုက်တဲ့ အစားအစားတစ်ခု ဒါမှမဟုတ် လူကြိုက်အများဆုံး ချက်ပြုတ်နည်းထဲကတစ်ခု ဖြစ်ပါသတဲ့။ ရောင်းချသူတွေကတော့ ဒါဟာကြက်ဥရဲ့လက်ဆက်မှုနဲ့ ငန်တဲ့အရသာကိုထိန်းထားနိုင်တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

အထူးသဖြင့်တော့ (၁၀) နှစ်အောက်ကလေးတွေရဲ့ ဆီးဟာဒီလို ဆီးစိမ်ကြက်ဥပြုလုပ်ဖို့အတွက် အသင့်တော်ဆုံးဖြစ်ပြီး ကြက်ဥရောင်းချသူတွေဟာ ကလေးတွေရဲ့ ဆီးတွေကိုပုံးနဲ့အပြည့်လိုက်လံ စုဆောင်းထားတက်ကြပါတယ်။ shwekhitonlinetv.com

ဈေးသည်တွေဟာ ဒီလိုမျိုးထူးခြားတဲ့ ကြက်ဥပြုတ်ကိုပြုလုပ်ဖို့အတွက် တစ်နေ့တာလုံးလုံး အချိန်ကုန်ကြရပါတယ်။ ၎င်းတို့ဟာ ကြက်ဥအစိမ်းတွေကို ဆီးထဲမှာစိမ်ပြီး ဆူပွက်အောင်အပူပေးကာ ပြုတ်ကြပါတယ်။ shwekhitonlinetv.com

ဆီးထဲမှာ အခုလိုမျိုးပြုတ်ထားပြီး နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ ကြက်ဥအခွံတွေကို ကွဲအက်အောင် တမင်ပြုလုပ်ကြပါတယ်။ ဒါမှသာ ဆီးတွေစိမ့်ဝင်သွားမှာဖြစ်ကြောင်း ကြက်ဥရောင်းသူတွေကဆိုကြပါတယ်။ နောက်ပြီး မီးအပူရှိန်မပြင်းလွန်း မပျော့လွန်းအောင်လည်းသေချာဂရုစိုက်ရတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com

ဆီးကြက်ဥတွေရဲ့ အရသာကိုဖော်ပြရမယ်ဆိုရင်တော့ ကွဲအက်နေတဲ့ ကြက်ဥအခွံကနေတစ်ဆင့် အဖြူရောင်အကာထဲကို ဆီးတွေစိမ့်ဝင်ထားတာကြောင့် သာမန်ကြက်ဥပြုတ်နဲ့အတူဘဲ ဆီးကြက်ဥပြုတ်ရဲ့ အကာနဲ့အနှစ်က ပိုမိုတဲ့အငန်အရသာရှိနေမှာဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့အနေနဲ့တော့ ဆီးနဲ့ပြုတ်ထားတဲ့ ကြက်ဥတွေဟာခန္ဓာကိုယ် အပူကိုလျော့ကျစေကာ သွေးလည်ပတ်မှုကို မြှင့်တင်ပေးပြီး တစ်ကိုယ်လုံးကို ပြန်လည်သန်စွမ်းစေတယ်လို့ ယုံကြည်ထားကြတာဖြစ်ပါတယ်။ ဒီနည်းကိုလည်း ဘိုးဘွားစဉ်ဆက် အစဉ်တစိုက်လိုက်နာကျင့်သုံးခဲ့ကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး ဆီးကြက်ဥကိုစားသုံးခြင်းကြောင့် ခါး၊ ခြေထောက်နဲ့ အဆစ်နာတာတွေကို သက်သာပျောက်ကင်းစေတယ်လို့လည်းဆိုကြပါတယ်။ ဒီလိုမျိုး ထူးထူးခြားခြား ကျန်းမာရေး ဂုဏ်သတ္တိတွေကြောင့် ဈေးရောင်းသူတွေဟာ ဆီးကြက်ဥရဲ့ အနံ့ကိုလျစ်လျူရှုထားနိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုးဆီးကြက်ဥတွေပြုတ်ဖို့အတွက်လိုအပ်တဲ့ ဆီးတွေရရှိအောင်လို့ ဒေသတွင်းက လမ်းဘေးဆိုင်တွေ၊ ကျောင်းတွေမှာ ဆီးခံဖို့ပုံးတွေထားကာ ကျင်ငယ်ရည်တွေကိုစုဆောင်းကြပါတယ်။ ကလေးငယ်တွေကိုလည်း အိမ်သာသုံးမည့်အစား ဆီးကိုပုံးထဲကိုသာ သွားဖို့တွန်းအားပေးကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

တရုတ်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေကတော့ ဒီလိုအလေ့အထတွေနဲ့ပတ်သတ်ပြီး အပြုသဘောဆောင်တဲ့ သုံးသပ်ချက်ကိုတော့ မပေးကြပါဘူး။ သူတို့အနေနဲ့ ဆီးကြက်ဥပြုလုပ်မယ့် ဆီးတွေရဲ့ သန့်ရှင်းမှု မသန့်ရှင်းမှုနဲ့ပတ်သတ်လို့သာ သတိပေးမှုတွေပြုလုပ်ထားကြပါတယ်။ shwekhitonlinetv.com

ဒီလို အပြုအမူူမျိုးကိုတော့ အချို့သော အင်တာနက်သုံးစွဲသူတွေက ယုတ်မာမှုတစ်ခုသက်သက်သာဖြစ်ကြောင်း မှတ်ချက်ပြုကြပါတယ်။ သင်ရော ဒီဆီးကြက်ဥပြုတ်တွေအပေါ်မှာ ဘယ်လိုထင်မြင်မိပါသလဲ ? shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။