ဒေါ်လာ (၁၀) သန်းနဲ့ လာဝယ်ရင်တောင် ရောင်းမှာမဟုတ်တဲ့ ဧရာမ pitbull ခွေးကြီး အကြောင်း

ရွှေခေတ်ပရိသတ်တွေအနေနဲ့ Marvel ရဲ့ Avenger ရုပ်ရှင်တွေထဲက Hulk ဆိုတဲ့ အစိမ်းရောင်လူသန်ကြီးကို မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်ဖော်ပြမယ့် Hulk ကတော့ ဒီအစိမ်းရောင်လူသန်ကြီး မဟုတ်ဘဲ ဧရာမခွေးဘီလူးကြီးတစ်ကောင်အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Hulk လို့အမည်ရတဲ့ ဒီ Pitbull အမျိုးအစားခွေးကြီးကတော့ သူ့ရဲ့နာမည်နဲ့လိုက်အောင်ကိုပဲ ထွားကြိုင်းလွန်းလှပါတယ်။ သူ့ရဲ့ ကိုယ်အလေးချိန်ကတော့ (၁၂) နှစ်အရွယ်မိန်းကလေးတစ်ဦးရဲ့ ကိုယ်အလေးချိန်နဲ့အတူတူပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါဟာ သာမန် Pitbull ခွေးတစ်ကောင်ထက်ဆိုရင်တော့ (၃) ဆလောက်ပိုပြီးလေးလံတဲ့ ကိုယ်အလေးချိန်ပမာဏလည်းဖြစ်ပါတယ်။ သူ့ကိုတော့ အစာအဖြစ်တစ်နေ့ကို အမဲသား (၄) ပေါင်လောက်ကျွေးမွေးရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

သူူ့ရဲ့ပိုင်ရှင်တွေကတော့ Marlon နဲ့ Lisa Grennan တို့ပဲဖြစ်ပါတယ်။ သူတို့ဟာ Dark Dynasty K9s ကုမ္ပဏီရဲ့ ပိုင်ရှင်တွေလည်းဖြစ်ပါတယ်။ ဒီကုမ္ပဏီကတော့ American Pitbull ခွေးအမျိုးအစားတွေကိုထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုပေးနေတဲ့ ကုမ္ပဏီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီခွေးကြီးကို ဝယ်ယူဖို့အတွက် ဒေါ်လာ (၁) သန်းနဲ့ကမ်းလှမ်းခြင်းခံရဖူးပေမယ့် သူ့ကိုဘယ်တော့မှ ရောင်းချသွားမှာ မဟုတ်ဘူးလို့သူ့ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Marlon ကပြောကြားခဲ့ပါတယ်။ သူက “ကျွန်တော်သူ့ကိုရောင်းချဖို့အတွက် ဘယ်တော့မှမစဉ်းစားပါဘူး။ ကျွန်တော့်ရှေ့ကို ဒေါ်လာ (၁၀) သန်းလာပစ်ပေးပြီး သူ့ကိုဝယ်ဖို့ကမ်းလှမ်းခဲ့မယ်ဆိုရင် အဲ့ဒီလူကို သူ့ရဲ့ဒေါ်လာ (၁၀) သန်းကိုပြန်ပစ်ပေးပြီး လာရာလမ်းကို ပြန်ခိုင်းလိုက်မှာပါ။ Hulk က တန်ဖိုးဖြတ်လို့မရပါဘူး။” လို့ဆိုပါတယ်။ shwekhitonlinetv.com

လူမှုကွန်ယက်တွေပေါ်မှာတင်ထားတဲ့ပုံတွေမှာတော့ Hulk ရဲ့အနီးအနားမှာအကြောက်အရွံ့မရှိဘဲ ဆော့ကစားနေတဲ့ သူတို့ရဲ့ (၃) နှစ်သားအရွယ်ကလေးလေးအတွက် စိုးရိမ်မှုအချို့ရှိနေကြပါတယ်။ shwekhitonlinetv.com

ဒီကိစ္စနဲ့ပတ်သတ်လို့ Lisa က “ကျွန်မရဲ့သားလေးအတွက်စိုးရိမ်စရာမရှိပါဘူး။ Hulk က ထွားကြိုင်းသန်မာလှတဲ့ ခွေးတစ်ကောင်ဖြစ်ပေမယ့် နူးညံ့သိမ်မွေ့လွန်းတဲ့သူပါ။ နောက်ပြီးသူက ကျွန်မတို့ရဲ့ မိသားစုဝင်တစ်ယောက်လည်း ဖြစ်လို့ ကလေးကိုတောင်စောင့်ရှောက်ပေးနေတာပါ” လို့ရှင်းပြခဲ့ပါတယ်။ shwekhitonlinetv.com

“သူ့ရဲ့အရွယ်အစားနဲ့ဆိုရင်တော့ လူတစ်ယောက်ကိုတောင် ကိုက်ဖြတ်သတ်ပုတ်နိုင်စွမ်းရှိတာမှန်ပေမယ့် ကလေးအပေါ်မှာတော့ ဒီလိုမျိုးပြုမူမှာမဟုတ်ပါဘူး။ သူတို့ကအသိဉာဏ်မြင့်မားတဲ့ကလေးထိန်းခွေးတွေပါ” လို့ Lisa ကထပ်လောင်းပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။