ခဏခဏ မိုးကြိုးပစ်ခံရတဲ့ အမျိုးသားတစ်ယောက် အကြောင်း

ဒီတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးကို ထူးဆန်းတဲ့ လူတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ ထူးဆန်းတယ်ဆိုတာထက် တော်တော်လေးကို ကံဆိုးတဲ့လူသားလို့ အမည်ပေးရင် ပိုပြီး လိုက်ဖက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မသေခင်မှာ မိုးကြိုး ခဏခဏ အပစ်ခံရပြီး သေသွားတာတောင် သူ့အုတ်ဂူကို မိုးကြိူးအပစ်ခံရလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအဖြစ်အပျက်ကို ဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်နော်… shwekhitonlinetv.com

သူရဲ့နာမည်ကတော့ Major Walter Summerford ဖြစ်ပြီး ပထမ ကမ္ဘာစစ်တုန်းက ဗြိတိန်နိုင်ငံရဲ့ တပ်မတော်မှာ ဗိုလ်ကြီးအဖြစ် အမှုထမ်းခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ်တုန်းက Walter ဦးဆောင်တဲ့ တပ်ဖွဲ့ဟာ ရန်သူ့တပ်ဖွဲ့နဲ့ တိုက်ခိုက်နေတုန်း သူ့ရဲ့ ရဲဘော်တစ်ယောက်ဟာ ရန်သူ့ကျည်ဆံထိပြီး လဲကျသွားခဲ့ရပါတယ်။

ဒါကို မြင်တဲ့ walterက ကမန်းကတန်း မြင်းပေါ်ကဆင်းပြီး သွားရောက်ကယ်ဖို့ လုပ်ခဲ့ပါတယ်။ အာ့ဒီအချိန်မှာ ကောင်းကင်ပေါ်ကနေ ရုတ်တရက် မိုးကြိူးပစ်ချလိုက်ပြီး walterကို ထိသွားခဲ့ပါတယ်။ အာ့ဒဏ်ကြောင့် walter လည်း မြင်းပေါ်က ပြုတ်ကျကာ ဘယ်ဘက်တစ်ခြမ်းက ခန္ဓာကိုယ် အကြောတွေ သေသွားခဲ့ပါတယ်။ ဒီလို အကြောသေသွားတာကြောင့် Walter ဟာ စစ်တပ်ကနေ အငြိမ်းစားယူခဲ့ရပါတော့တယ်။ shwekhitonlinetv.com

အငြိမ်းစားဘ၀နဲ့ Walterဟာ ဘ၀အသစ်တစ်ခုကို စတင်ဖို့အတွက် Canada နိုင်ငံက Vancouverမြို့ကို ပြောင်းလာခဲ့ပါတယ်။ ၁၉၂၄ခုနှစ်မှာတော့ Walter ဟာ လှေတစ်စင်းနဲ့ မြစ်ရိုးတစ်လျှောက်လှော်ခတ်ပြီး ငါးထွက်မျှားနေခဲ့ပါတယ်။ ငါးမျှားပြီးတာနဲ့ ကမ်းပေါ်ကိုတက်လာပြီး သစ်ပင်တစ်ပင်အောက်မှာ အနားယူလိုက်တာဟာ သူ့အတွက် ကံဆိုးမှုတစ်ခု ဖြစ်ခဲ့မယ်မှန်း မသိခဲ့ပါဘူး။

သစ်ပင်အောက်မှာ ရုတ်တရက်နားနေရင်း ရုတ်တရက် ကောင်းကင်ကနေ မိုးကြိုးပစ်ချလိုက်ကာ သူနားနေတဲ့ သစ်ပင်ကိုင်းကို မိုးကြိုးထိမှန်ခဲ့ပါတယ်။ အာ့ဒီအချိန်မှာပဲ သစ်ပင်ကိုင်းဟာ Walter အပေါ်ကို ကျခဲ့ပြီး သူ့ရဲ့ ညာဘက်ကိုယ်တစ်ခြမ်းက အကြောတွေ သေသွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ Walter ဟာ ကောင်းမွန်စွာဆေးကုသမှုခံယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ခြေထောက် ၂ ချောင်းလုံး ကောင်းကောင်း လမ်းပြန်လျှောက်လာနိုင်ခဲ့ပါတယ်။ ၂ နှစ်လောက်အကြာမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ပါ လူကောင်းနီးပါး ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ ၁၉၃၀ ခုနှစ် နေသာတဲ့ရက်တစ်ရက်မှာ Walter ဟာ ကျန်းမာရေးအတွက် အညောင်းပြေလမ်းလျှောက်ရန် ပန်းခြံထဲကို ဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအကြိမ်ဟာ Walter အတွက် နောက်ထပ် မိုးကြိုးအပစ်ခံရမယ့် အချိန်မှန်း မသိခဲ့ပါဘူး။ Walter ဟာ ပန်းခြံထဲ လမ်းလျှောက်နေတုန်း သာယာနေတဲ့ ကောင်းကင်ဟာ ရုတ်တရက် မဲမှောင်လာပြီး လျှပ်စီးတွေ လက်လာပါတယ်။

ဒီအချိန်မှာပဲ Walter ရင်းနှီးတဲ့ အသံတစ်သံကို ကြားလိုက်ရပြီး သူ့ကို မိုးကြိုးပစ်တာခံလိုက်ရပါတယ်။ ဒီတစ်ခါမှာတော့ Walterဟာ မိုးကြိုးအကြီးအကျယ် ထိမှန်သွားတာကြောင့် တစ်ကိုယ်လုံး အကြောသေသွားပြီး ဒုက္ခိတ ဖြစ်သွားရပါတော့ပါတယ်။ ၂ နှစ်လောက်အကြာမှာတော့ Walter ဟာ ဒီရောဂါ ဒဏ်တွေကြောင့်ပဲ ကွယ်လွန်ခဲ့ရပါတော့တယ်။ shwekhitonlinetv.com

သူ့ရဲ့ အုတ်ဂူကိုတော့ Vancouver မြို့ကို မြင်ရတဲ့ တောင်ကုန်းလေးတစ်ခုပေါ်မှာ မြုပ်နှံပေးခဲ့ ကြပါတယ်။ ဒါပေမယ့် မိုးကြိုးဆိုတဲ့ အမျိုးဟာ Walter ကို အတော်လေး အငြိူးကြီးတဲ့ ပုံပါပဲ။ ၁၉၃၆ ခုနှစ် ညတစ်ညမှာ ကောင်းကင်မှာ လျှပ်စီးတွေလက်လာခဲ့ပြီး မိုးကြိုးတစ်စင်းဟာ Walter ရဲ့ အုတ်ဂူကို ပစ်ခဲ့လိုက်ပါတယ်။ shwekhitonlinetv.com

ဒါ့ကြောင့်ပဲ Walter ဟာ သမိုင်းမှတ်တမ်းတွေထဲမှာတော့ မိုးကြိုးအပစ်ခံရဆုံး လူသားအဖြစ် စာရင်းဝင်သွားခဲ့ပြီး သူ့အဖြစ်ဟာလည်း အတော်လေးကို ဆန်းကြယ်ခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit ပရိသတ်ကြီးကိုလည်း နောက်ပိုင်းမှာ အခုလို ထူးဆန်းတဲ့ အကြောင်းအရာလေးတွေ စုစည်းဖော်ပြပေးမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးပါအုန်းနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။